HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကို သြစတြေးလျ သံအမတ်ကြီး လာရောက်ဆွေးနွေး

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကို သြစတြေးလျ သံအမတ်ကြီး လာရောက်ဆွေးနွေး

ရန်ကုန်၊ မေ ၁၄

လူဝင်မှုကြီး ကြပ်ရေးနှင့် နယ်စပ်ဒေသကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နေမှုအခြေအနေကို သြစတေးလျ သံအမတ်ကြီးက လာရောက်ဆွေး နွေးခဲ့ကြောင်းသိရသည်။  မြန်မာနိုင်ငံဆိုင်ရာ သြစတြေး လျနိုင်ငံသံရုံးမှ သံအမတ်ကြီး  Ms. Andrea Faulkner နှင့်အဖွဲ့သည် မေ၁၄ရက် နံနက်ပိုင်းက နေပြည် တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသို့ လာရောက်ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနေ့ဆွေးနွေးမှုက မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ၂ဝ၁၅ခုနှစ်ကစပြီး ငါးနှစ်စီမံကိန်း နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးထားတဲ့ လုပ် ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပိုင်းတွေကို ဆွေး နွေးကြတာဖြစ်ပါတယ်။ ဒီစီမံကိန်း အရ မြန်မာနိုင်ငံရဲ့နယ်စပ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ တွင် ထိထိရောက်ရောက်အသုံးချ ဆောင်ရွက်နေတဲ့အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးသိန်းဆွေက ပြောသည်။


ယင်းအပြင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် အသုံးပြုရန် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့်နည်းပညာ၊ စက်ကိရိယာ အထောက်အကူပစ္စည်း များပံ့ပိုးပေးမှု၊ မြန်မာနိုင်ငံ၌ လူကုန် ကူးမှုပြဿနာများ လျော့နည်းပ ပျောက်ရေးအတွက် ဆက်စပ်ဌာန များ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်နေမှု၊ မြန်မာမှ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ် လုပ်ကိုင်သူများအား နှစ်နိုင်ငံညှိနှိုင်း ပူးပေါင်း၍ နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးကာ တရားဝင် အလုပ်သမားများ ဖြစ်စေရေးအ တွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ အလားတူ တရုတ်နိုင်ငံသို့လည်း တရားမဝင်သွားရောက်အလုပ် လုပ်ကိုင်မှုများ လျော့နည်းပပျောက်စေ ရေးနှင့် တရားဝင်အလုပ်လုပ်ကိုင် နိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်း၍ (MoU)ရေးထိုးနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုစသည်တို့ ကိုဆွေး နွေးခဲ့ကြောင်းသိရသည်။ 

ZC 

#democracytoday

Rate this item
(0 votes)
back to top