HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမူကြမ်းကို ပူးပေါင်းကော်မတီ တင်သွင်းလာမည့် ဥပဒေကြမ်းနှင့် တစ်ပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု  

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမူကြမ်းကို ပူးပေါင်းကော်မတီ တင်သွင်းလာမည့် ဥပဒေကြမ်းနှင့်  တစ်ပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု   

ရန်ကုန်၊ မေ ၁၄ 

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းထားသည့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမူကြမ်းကို ပူးပေါင်းကော်မတီမှ တင်သွင်းလာမည့် ဥပဒေကြမ်းနှင့် တစ်ပေါင်း တည်းလေ့လာစိစစ်ရန် ပြည် ထောင်စုလွှတ်တော်က အတည် ပြုလိုက်သည်။ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးမှ လက် မှတ်ထိုးတင်သွင်းထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူ ကြမ်း (ပုဒ်မ ၂၆၁)နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက ''အဆို ပါဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ကတင်သွင်းလာမည့် ဥပဒေ ကြမ်းနှင့် တစ်ပေါင်းတည်းလေ့ လာစိစစ်ဆောင်ရွက်သင့်ကြောင်း နှင့် အဆိုပါဥပဒေကြမ်းကို လွှတ် တော်တွင် ဆက်လက်အဆုံးအ ဖြတ်ရယူသင့်ကြောင်း'' အစီရင် ခံစာတင်သွင်းခဲ့သည်။

ယင်းအတွက်ကြောင့် လွှတ် တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက် ခံမဲ ၃၈ဝ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲနှင့် ကြားနေမဲ ၆ မဲရှိခဲ့ သဖြင့် ဥပဒေကြမ်းနှစ်ရပ်ကို တစ်ပေါင်းတည်း စိစစ်ဆောင် ရွက်ရန် လွှတ်တော်ကအတည် ပြုခဲ့သည်။  ဖွဲ့စည်းပုံပြင်ဆင်ရေးသည် မိမိတို့နိုင်ငံအတွက် အသက်တမျှ အရေးကြီးပြီး ဥပဒေများအားလုံး တွင် အရေးကြီးဆုံးဥပဒေဖြစ် သည့်အတွက် စိတ်ရင်းစေတနာ မှန်ဖြင့်ပြင်ဆင်ရန် လွှတ်တော် နာယက ဦးတီခွန်မြတ်ကပြော ကြားသည်။ 'လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုးသားရင် ကြားစေ့ရေး၊ တိုင်းပြည်တည် ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် စိတ်ရင်းစေတနာ အမှန်နဲ့ ပြင်ဆင်သင့်၊ ပြင်ဆင် ထုက်တဲ့ပုဒ်မများကို အားလုံးက ဝိုင်းဝန်းဆန်းစစ်ဆွေးနွေးပြီး ပူး ပေါင်းဆောင်ရွက်ကြမှသာလျှင် ပြည်ထောင်စုကြီးနဲ့တကွ နိုင်ငံ သူ၊ နိုင်ငံသား၊ တိုင်းရင်းသားအား လုံးအတွက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြော သည်။


ယင်းမဲခွဲဆုံးဖြတ်မှုကို တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက မတ်တတ်ရပ်ကန့် ကွက်ခဲ့ကြသည်။ ယင်းကဲ့သို့ မဲခွဲဆုံးဖြတ် ခြင်းမှာ ဒီမိုကရေစီအနိုင်ကျင့် သည့်ပုံစံဖြစ်နေကြောင်း တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကိုပြောသည်။ တပ်မတော်အနေဖြင့် တိုင်းပြည်၏ အချုပ်အခြာအာ ဏာကိုထိပါးလာမည့် ကိစ္စများ အား ကာကွယ်နိုင်ရန်အတွက် လွှတ်တော်တွင် ပါဝင်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြော သည်။


''ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အရပါနေရခြင်းဖြစ်တယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပါစ ရာမလိုတော့ဘူးဆိုတဲ့အချိန်မှာ ထွက်သွားမယ်။ ထွက်သွားရင် သက်ဆိုင်ရာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေက ရှိနေမှာပဲ။ ကျွန်တော်တို့ပါနေခြင်းအားဖြင့် ပြည်သူလူထုမှာ နစ်နာသွားတာ ဘာမှမရှိဘူး။ တပ်မတော်က ဖယ်ပေးလိုက်ရလို့ နစ်နာသွား တာဘာမှမရှိဘူး။ ကျွန်တော်တို့ က လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်မှာ တပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်ပြီးတော့မှ လို အပ်တာကို ထိန်းသိမ်းကြပ်မတ်ဖို့ အတွက် ကာကွယ်စောင့်ရှောက် ဖို့ အတွက်ထည့် ထားတာဖြစ်ပါ တယ်''ဟု ၎င်းကဆိုသည်။


ယင်းကဲ့သို့ သဘောသဘာ ဝမတူသည့် ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းဆွေးနွေးရန် ဆောင် ရွက်ခြင်းသည် လွှတ်တော်ဥပဒေ ကိုလိုသလို ဆွဲယူဆောင်ရွက်နေ ခြင်းဖြစ်ပြီး ယင်းကဲ့သို့ဆောင် ရွက်မှုကြောင့် အချင်းချင်းကြား ယုံကြည်မှုကင်းမဲ့လာကာ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည်ဖြစ်ကြောင်း ¤င်းကဆက်လက် ပြောသည်။

MP

#democracytoday

Rate this item
(0 votes)
back to top