HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် ဆောင်ရွက်နေသည့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလကိုယ်စားလှယ် ဆွေးနွေးခဲ့

IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် ဆောင်ရွက်နေသည့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလကိုယ်စားလှယ် ဆွေးနွေးခဲ့

ရန်ကုန်

အစိုးရမှ ဆောင်ရွက်နေသည့် IDP  စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာဆူလာမူလာနှင့် တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာရောက် ရှိနေသည့် ¤င်း၏ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးရာတွင် ကုလသမဂ္ဂ ဘက်မှ လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးနေသည့်အစီအစဉ်များ၊ အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကူညီပံ့ပိုး နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။  ထို့အပြင် မစ္စအာဆူလာမူလာက ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအနေဖြင့် ၎င်းတို့၏ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရန်နှင့် ဆန္ဒရှိသည့် အခြားနေရာများတွင် အခြေချနေထိုင်နိုင်ရန် အခွင့်အရေးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရပ် စွန့်ခွာတိမ်းရှောင်နေသူဦးရေ နှစ်သိန်းခုနစ် သောင်းကျော်အတွက် ဖြေရှင်းဆောင်ရွက်ပေး ရန် မြန်မာအစိုးရက ဆောင်ရွက်နေသည့် နိုင်ငံအဆင့် မဟာဗျူဟာရေးဆွဲမှုအပေါ် ကြို ဆိုကြောင်းလည်း ပါရှိထားသည်။  နေရပ်စွန်ခွာတိမ်းရှောင်မှုကို ဖြစ်ပေါ်စေ သည့် အဓိကအကြောင်းအရင်းများကို ဖြေရှင်း သည့်နည်းဖြင့် အကောင်အထည်ဖော်ရန် အလွန်အရေးကြီးကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ မစ္စမူလာသည် ၎င်း၏ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို သွား ရောက်ခဲ့ပြီး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများနှင့် ၎င်းတို့ကို လက်ခံ ထားသည့် ဒေသခံလူထုများ၊ လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးအပ်နေသည့် ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။  တွေ့ဆုံပွဲဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်လည်း တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top