HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မလေးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်နေသူများကို ဖမ်းမိ ARSA အဖွဲ့ကို ထောက်ခံသူတစ်ဦး ပါဝင်

မလေးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်နေသူများကို ဖမ်းမိ ARSA အဖွဲ့ကို ထောက်ခံသူတစ်ဦး ပါဝင်

ရန်ကုန်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်သူများကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ နှစ်ဦးမှာ ဘင်္ဂါလီများ ဖြစ်ကာ ARSA အဖွဲ့အား ထောက်ခံနေသူ ပါဝင်ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဘာတောက မေ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြောင်း The Straits Times  သတင်းဌာနတွင် ပြော ပြထားသည်။ 

ထိုသို့အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည် နေသူလေးဦးအနက် နှစ်ဦးသည် ဘင်္ဂါလီများ ဖြစ်ကာ ကျန်တစ်ဦးသည် မလေးရှားနိုင်ငံသား တစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီနှစ်ဦးအနက် တစ်ဦးသည် IS အဖွဲ့၏ အမာခံလုပ်သားတစ်ဦး ဖြစ်ကာ ကျန်တစ်ဦးသည် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက် နေသည့် ARSA အဖွဲ့ကို ထောက်ခံသူဖြစ် ကြောင်း စစ်ဆေးရရှိသည်ဟု ဖမ်းဆီးရမိခဲ့ သည့်ရဲအရာရှိက ပြောဆိုထားသည်။

 

ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်ခြင်းသည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက အရေးပေါ်ခေါ်ဆိုမှုကြောင့် မလေးရှားနိုင်ငံသား မီးသတ်သမားသည် ဟိန္ဒူ ဘုရားကျောင်းသို့ သွားရောက်စဉ်တိုက်ခံခဲ့ ရခြင်းကြောင့် ဒဏ်ရာများရရှိကာ ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလအတွင်း သေဆုံးခဲ့ ခြင်းဖြစ်သည်။


ထိုဖြစ်ရပ်အပေါ် မကျေမနပ်ဖြစ်ကာ လက်စားချေလိုခြင်းကြောင့် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။ ၎င်းတို့လေးဦးသည် မလေးရှားနိုင်ငံရှိ လူစည်ကားရာနေရာများ၊ ဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ထင်ရှားကျော် ကြားသူများကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုထားသည်။


အကြမ်းဖက်သမားများကို မေ ၅ ရက်မှ ၇ ရက်အထိ စစ်ဆင်ရေးပြုလုပ်ကာ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ထိုလေးဦးကို မတူညီသည့်နေရာ များမှ ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။ ¤င်း တို့ထံမှ ကျည်ဆန် ၁၅ တောင့်ပါသည့် ပစ္စတိုတစ် လက်နှင့် ဖောက်ခွဲရေးပစ္စည်းခြောက်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top