HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

NCA လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ထင်သာမြင်သာသည့် တိုးတက်မှု မရရှိသေး

NCA လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ထင်သာမြင်သာသည့် တိုးတက်မှု မရရှိသေး

ရန်ကုန်

NCA လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ထင်သာမြင်သာသည့် တိုးတက်မှုကို မရရှိသေးကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ကျင်းပသော လေးကြိမ်မြောက် NCA- S EAO ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

''ကျွန်တော်တို့တွေ NCA လက်မှတ် ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ် သို့မဟုတ် ၂၁ ရာစု ပင်လုံ သုံးကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ မရရှိခဲ့သေးပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာပဲ ကျွန် တော်တို့ အချိန်ကုန်စေခဲ့တယ်။ ဆွေးနွေးတဲ့ နည်းနာတွေကို ကျွန်တော်တို့ မပြင်ဆင်နိုင်ခဲ့ ဘူး။ ဆွေးနွေးတဲ့နေရာမှာ အားလုံးလက်ခံ နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ သူ့မူ ကိုယ့်မူကို အသေဆုပ်ကိုင်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ အောင်မြင်မှာမဟုတ်ဘူး''ဟု ဗိုလ် ချုပ်ကြီး ယွက်စစ်က ပြောသည်။


တန်းတူညီမျှရေး၊ ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို လိုလားသည်မှာ အတူတူဖြစ် သည့်အတွက် ဖက်ဒရယ်ကို ဦးတည်ဆွေးနွေးမှသာ အားလုံးအတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။ ''NLD အစိုးရလက်ထက်မှာ ၂၁ ရာစု ပင်လုံကို သုံးကြိမ်ကျင်းပနိုင်ခဲ့ပေမယ့် ပြောပ လောက်တဲ့အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ဘဲဖြစ်ပါတယ်။ တပ် မတော်က ခွဲမထွက်ရ၊ တစ်ခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆)ချက်တွေတင် မကဘဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ်''ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆက်လက်ပြောဆို ခဲ့သည်။


ထို့ကြောင့် သူ့မူကိုယ့်မူကို ဘေးဖယ်၍ သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်သည်များ ကို ဆွေးနွေးနိုင်ပါက နှစ်ဖက်စလုံးအနေဖြင့် အရှုံးကိုမရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦး နှစ်ဖက် ရရှိမည်ဖြစ်ကြောင်း ဆိုသည်။ ထို့ အပြင် ၂ဝ၂ဝ ရွေးကောက်ပွဲသည်လည်း တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ တစ် ဖက်ရှိ မိမိဆွေးနွေးဘက်၏အာရုံသည် ရွေး ကောက်ပွဲကိစ္စအတွက်သာရောက်နေပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်သည် ဒုတိယနေရာတွင် ရှိနေခြင်းကြောင့် ၂ဝ၂ဝ မတိုင်မီနှင့် ၂ဝ၂ဝ အလွန်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သည့်အနေအထားဖြစ်သင့်သည် ဟူ၍ ကြိုတင်ဆွေးနွေးပြီး သဘောတူညီချက် ရယူထားရန်လို အပ်ကြောင်း ဆိုသည်။


NCA  လက်မှတ်မရေးထိုးသေးသည့် ညီနောင်အဖွဲ့စည်းအချို့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်နေခြင်းသည် ပြည်ထောင်စု အတွက် ကြီးမားသည့်ပြဿနာဖြစ်ကြောင်း၊ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန်အတွက် ငြိမ်း ချမ်းရေးသည် အခရာဖြစ်ကြောင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ပျက်ပြားပါက ပြဿနာအမျိုး မျိုးလည်း ပေါ်လာမှာဖြစ်သည့်အတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ EAO  များနဲ့ သက် ဆိုင်တဲ့ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ကြောင်း သိရသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top