HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်ခွင့် ပြု

အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်ခွင့် ပြု

ရန်ကုန်၊ မေ ၁၈

အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်းသိရသည်။ ''ဒီနေ့ပဲ မှတ်ပုံတင်ခွင့်ပြုလိုက်တာပါ''ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးမြင့်နိုင်က ဒီမိုကရေစီတူဒေးသို့ မေ ၁၈ ရက်တွင် ပြောသည်။ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်မှာ ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးစိုးမောင်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးကျော်သူဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

အဆိုပါ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် ၂ဝ၁၈ သြဂုတ်လအတွင်းက တည်ထောင်ခွင့်လျှောက်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဥပဒေလုပ်ထုံးလုပ်နည်းအရ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင်သည် ယခင်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။


ယင်းပါတီတည်ထောင်လိုသူများအဖြစ် လာရောက်လျှောက် ထားသူများထဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်မှ ဖယ်ရှားခံခဲ့ရသည့် အငြိမ်းစားဗိုလ်ချုပ် ဦးလွန်းမောင်အပါအဝင် ဗိုလ်ချုပ်ဟောင်းအချို့နှင့် အခြားပုဂ္ဂိုလ်များပါဝင်ကြောင်း သိရသည်။ 

HWA

#DEMOCRACYTODAY

Rate this item
(0 votes)
back to top