HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မွန် ညီညွတ်ရေးပါတီအဖြစ် မွန်နှစ်ပါတီ ပူးပေါင်းရေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြု  

မွန် ညီညွတ်ရေးပါတီအဖြစ် မွန်နှစ်ပါတီ ပူးပေါင်းရေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြု   

မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ် အခြေစိုက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ဖွဲ့စည်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ဒုတိယခေါင်းဆောင် နိုင်စံတင်က ပြောသည်။ အဆိုပါ မွန်နှစ်ပါတီ ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက လျှောက်ထားခဲ့ရာ ၂ဝ၁၉ ခုနှစ်၊ မေ ၁၇ ရက်တွင် ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းကြားခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဒုတိယခေါင်းဆောင် နိုင်စံတင်က ဆိုသည်။

''ပေါင်းစည်းတည်ထောင်ခွင့် ကျပြီဆိုတော့ ပါတီမှတ်ပုံတင်ရ မယ်။ ပါတီမှတ်ပုံတင်ဖို့အတွက် မွန်ညီညွတ်ရေးပါတီခေါင်းဆောင် နိုင်လယီတမနဲ့ ကျွန်တော် မေလ ၂၃ ရက်နေ့ နေပြည်တော်သွားပြီး တင်မယ်။ အားလုံးတော့ ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု ဒုတိယ ခေါင်းဆောင် နိုင်စံတင်က ပြောသည်။ 

 

''မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ဖို့အတွက် ပါတီဝင်အင်အား ၁ဝဝဝ စာရင်းကို ရက်ပေါင်း ၉ဝ အတွင်း တင်ပေးရမယ်။ မှတ်ပုံ တင်ကျပြီးရင် မူလပါတီအဟောင်းနှစ်ခုက ပျက်ပြယ်သွားပြီဖြစ်တဲ့ အတွက် အဆင့်ဆင့်သောဆိုင်းဘုတ်တွေကို ဖျက်သိမ်းရမယ်။ ပြီး ရင် မွန်ညီညွတ်ရေးပါတီ၊ မြို့နယ်ရပ်ကွက်ကျေးရွာအဆင့် ဆိုင်းဘုတ် အသစ်တွေ ပြန်တင်ရမယ်။ ပါတီဝင်အင်အားတိုးလာဖို့အတွက် ပါတီစည်းရုံးရေးတွေလုပ်ရမယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲ စည်းရုံးရေးတွေလုပ်လို့ မရသေးဘူး။ ရွေးကောက်ပွဲသတ်မှတ်ကာ လကျမှ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးရေးလုပ်ငန်းတွေ ဆက် လုပ်ရမယ်။ ပါတီကျစ်လျစ်ခိုင်မာဖို့လည်း လုပ်သွားရမယ်''ဟု နိုင်စံတင်က ဆက်လက်ပြောကြားသည်။  မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄ဝ၊ ¤င်းတို့ အထဲမှ ဗဟိုအလုပ်အမှုဆောင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေး မှူးအဖွဲ့ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ 

AHO    

#DEMOCRACYTODAY

Rate this item
(0 votes)
back to top