HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်အဖွဲ့တစ်ရပ် ချင်းမိုင် အစည်းအဝေးတွင် ဖွဲ့စည်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်အဖွဲ့တစ်ရပ် ချင်းမိုင် အစည်းအဝေးတွင် ဖွဲ့စည်း

ရန်ကုန်၊ မေ ၁၈

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုဆိုင်ရာစုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင် ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ကို ချင်းမိုင်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး (ပထမပိုင်း)ကို မေ ၁၄ ရက်မှ ၁၈ ရက်ထိကျင်းပခဲ့ပြီး ယင်းကဲ့သို့ ဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက်ငါးရပ်ကို ချမှတ်ခဲ့ ခြင်းဖြစ်သည်။

''ထုတ်ပြန်ချက်မှာပါတဲ့ ငါး ချက်ကဆွေးနွေးပွဲကနေ ဟိုက်လိုက် လုပ်ချင်တဲ့အဓိက အချက်တွေပါ ပဲ''ဟု RCSS အတွင်းရေးမှူး စိုင်းငင်းက ဒီမိုကရေစီတူဒေးသို့ မေ ၁၈ ရက်တွင် ပြောသည်။ အဆိုပါထုတ်ပြန်ချက်တွင် တစ်ဆို့နေသည့် NCA အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကြုံ တွေ့နေရသည့် တစ်ဆို့မှုများကို ကျော်လွှားနိုင်ရေးအတွက် ဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်တစ်ရပ်အား စနစ် တကျရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် သဘောတူကြောင်းလည်း ပါဝင် သည်။


ယင်းအပြင် အစိုးရ၊ လွှတ် တော်၊ တပ်မတော်တို့၏ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်ပြီး လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် သဟဇာတဖြစ်ရန် လိုအပ်ကြောင်း လည်း ယင်းထုတ်ပြန်ချက်၌ ဖော် ပြထားသည်။ ချင်းမိုင်တွင် မေ ၁၄ ရက်မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သည့် အ ဆိုပါအစည်းအဝေးမှာ ပထမပိုင်း အစီအစဉ်ဖြစ်ပြီး ဒုတိယပိုင်းအ စည်းအဝေးကို လာမည့် တစ်လ၊ နှစ်လအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း RCSS အတွင်းရေးမှူးစိုင်းငင်းက ပြောသည်။


ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ နုတ်ထွက်ခွင့်ပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က စာတင်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းက ငြင်းဆိုသည်။ ''နားလည်မှုလွဲနေတာပါ။ မဟုတ်ပါဘူး။ ဒီအစည်းအဝေးမှာ ဘာမှမတင်ပါဘူး''ဟု ၎င်းကဆိုသည်။

HWA

#DEMOCRACYTODAY

 

Rate this item
(0 votes)
back to top