HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိစစ်ပေးရန် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆို၊ စီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်  

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိစစ်ပေးရန် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ  တောင်းဆို၊ စီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်   

ရန်ကုန်၊ မေ ၁၉

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိစစ်ဖြေရှင်းပေးရန် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တောင်းဆိုလိုက်သည်။ မေ ၁၉ ရက် ရန်ကုန်မြို့ MJN ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အောင်သပြေရွာသားများက တောင်းဆိုခြင်းဖြစ်သည်။ ရွာသားတစ်ဦးဖြစ်သူ ဦး ကျော်ဇေယျက ''ကျွန်တော်တို့ အောင်သပြေကျေးရွာမှာ ကျေးရွာသုံးနေတဲ့ ဖွံ့ဖြိုးရေးလမ်းပေါ်မှာ ကုန်ထုတ်ကားတွေက တရားမဝင်သွားလာပြီးတော့ ကျေးရွာချင်း ဆက်လမ်းကို ကုန်ထုတ်လမ်းအ ဖြစ်သုံးဖို့ရာအတွက်ကို မြေမပေးတဲ့ပြည်သူလေးဦးကို ထောင်ချထားတယ်။ ကျေးရွာသုံးစွဲနေတဲ့ ရေတွင်းရေကန်များကိုလည်း ကုမ္ပ ဏီက ခုဟာကပိတ်ဆိုပြီးတော့အ ပိုင်စီးဖို့ ကြိုးစားလုပ်ဆောင်နေတယ်။ ကျေးရွာပိုင်ရေတွင်းရေ ကန်တွေကို သုံးစွဲခွင့်မရှိတော့ဘူး''ဟု သတင်းစာရှင်းလင်းပွဲ တွင်ပြောသည်။

ဆန္ဒပြတောင်းဆိုနေသည့် အောင်သပြေကျေးရွာသူ၊ သားများကို ရော်ဘာကျည်များဖြင့် ပစ် ခတ်ဖြိုခွင်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ ''ကုမ္ပဏီကလည်း ကျေးရွာ နဲ့အုတ်တံတိုင်းပဲခြားတယ်။ နေ့ ရောညရော ၂၄ နာရီ အလုပ်လုပ်တဲ့အခါကျတော့ ကျေးရွာမှာ ဘယ်လိုမှ နေထိုင်လို့လည်း အဆင် မပြေတော့ဘူး။ သူတို့အခုဆို မိုင်း တွေခွဲတယ်။ ရွာဘေးမှာ။ မိုင်း တွေခွဲတော့ အထိတ်တလန့်တွေ ဖြစ်တယ်''ဟု ၎င်းကဆက်လက် ပြောသည်။ ယင်းကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေမှုကြောင့် စီမံကိန်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း ရွာသူ မပူစူးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ''၁၄ ရက်က ကုမ္ပဏီကား တွေကို ကုမ္ပဏီထဲဝင်ခွင့်မပေး ဘူးဆိုပြီး တားခဲ့တယ်။ ရပ်ကွက် အဖွဲ့အစည်းတွေနဲ့ရဲအလုံးအ ရင်းလာခဲ့တယ်။ တရားမဝင်စုဝေး တဲ့နေရာကနေ ဘေးကိုဖယ်ပေး ပါ။ လူစုခွဲပေးပါဆိုပြီး အကြိမ် ကြိမ်အော်ပါတယ်။ ကျွန်မတို့က လည်းတောင်းဆိုပါတယ်။ ကျွန်မတို့ကိုဖြေရှင်းပေးပါ။အေးအေး ဆေးဆေးဖြေရှင်းပေးပါလို့ ပြော ပါတယ်''ဟု ၎င်းက ပြောသည်။


သို့သော် ရော်ဘာကျည်ဖြင့် ပစ်ခတ်သဖြင့် အယောက် ၂ဝ ကျော် ဒဏ်ရာရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''လမ်းက အများပြည်သူသွားတဲ့လမ်း။ သူတို့ကုန်ထုတ် လမ်းလုပ်ချင်တယ်။ ပြည်သူတွေမှာ သွားလို့လာလို့ မသင့်တော်ပါဘူး''ဟု မပူးစူးကပြောသည်။ ၎င်း တို့ရွာသားများမှာ ကူညီရာမဲ့နေကြောင်း ၎င်းကငိုကြွေးလျေက်ပြောသည်။ တရားစွဲခံရသူတစ်ဦးဖြစ် သည့်မဝင်းမာသန်းက ''ကျွန်မတို့ ရွာကိုရဲတွေကလည်း ဝိုင်းထားတယ်။ ဒုက္ခရောက်နေတဲ့မိသားစုတွေ လည်း အများကြီးပဲ။ ကျွန်မကလက် တွေ့ခံစားနေရသူပါ။ ကျွန်မ အစ်ကို ကိုလည်း ဖမ်းထားတယ်''ဟု ပြောသည်။ စီမံကိန်းကို ထောက်ခံသူရွာသူ၊ ရွာသား ၅ဝဝဝ ကျော်ရှိသည်ဟု မန္တလေးတိုင်းအစိုးရအ ဖွဲ့ကပြောကြောင်း ရွာသားတစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ပြောသည်။ ''အဲ့ဒါကြောင့်မို့ သမ္မတကြီး ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်တို့ကို တောင်း ဆိုချင်ပါတယ်။ ဒီဟာတွေကို ကိုယ် တိုင်ဆင်းပြီးတော့ စိစစ်ပြီးတော့ မှဖြေရှင်းပေးစေလိုပါတယ်''ဟု၎င်းက ပြောသည်။


အောင်သပြေကျေးရွာတွင် လူဦးရေ ၁၃ဝဝ ဝန်းကျင်နှင့် အိမ် ခြေ ၂၄ဝ ဝန်းကျင်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။ ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ရွာသားသုံးဦးကို ဖမ်းဆီးထားပြီး ၁၄ ဦးကို အမှုဖွင့်ထားကြောင်း သိရသည်။ ''ရဲတွေဝိုင်းခံထားတဲ့ပြဿနာက စားဝတ်နေရေးပြဿနာရှိ တယ်။ ကျန်းမာရေးပြဿနာရှိတယ်။ ခုဆိုရင် ရွာထဲမဝင်ရဲလို့ ပြေးရင်းလွှားရင်းနဲ့ ယနေ့ချိန်ထိ မဝင်ရဲတဲ့သူတွေက တောထဲမှာ သွေးတိုးပြီး လဲကျနေတဲ့သူတွေ လည်းရှိတယ်''ဟု ရွာသား ဦးကျော် ဇေယျက ပြောသည်။ ကျေးရွာမှ မြို့ပေါ်သို့ပုန်းလျှိုး ဝှက်လျှိုးဖြင့် လိုင်းကားအဆင့်ဆင့် ဖြတ်စီးကာ ရန်ကုန်သို့ သတင်းစာ ရှင်းလင်းရန် လာခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဇောယျက ပြောသည်။  ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေးချထားခြင်းမှာ မလိုလား အပ်သည့် ပြဿနာများမဖြစ်ရန် ဖြစ်ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း မှ ရဲအုပ်ဇော်မင်းဦးက ဒီမိုကရေစီ တူဒေး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။


''ပိတ်ဆို့တာတွေ၊ ဖျက်ဆီး တာတွေက အများပြည်သူကို တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင် တယ်လေ။ ဒါကြောင့်မို့လို့ သင့်တင့်တဲ့ လုံခြုံရေးအင်အားပဲ ချထားတာပါ။ နယ်မြေလုံခြုံရေး ပေါ့။ မလိုလားအပ်တဲ့ ပြဿနာ တွေ မဖြစ်အောင် လုံခြုံရေးချတာပါ''ဟု ၎င်းက မေ ၁၉ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ လက်ရှိတွင် ရွာသား ခြောက် ဦးကိုဖမ်းမိထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''မိတာက ရွာသားခြောက်ဦး။ အမှုဖွင့်ထားတာလည်း တော် တော်များတယ်။ သုံးမှုဖွင့်ထားတယ်။ ဆက်လက်ဖမ်းဆီးဖို့အတွက် ဆောင် ရွက်နေပါတယ်''ဟု ရဲအုပ်ဇော် မင်းဦးကဆက်လက်ပြောသည်။  သတင်းရှင်းလင်းပွဲပြီး နောက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ရန်ကုန် နေ ပြည်သူ ၃ဝ ခန့်က စီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူများတွင် အမျိုးသမီးအများစုပါဝင်ပြီး ပါဝင်သူများ၏မျက်နှာကိုလည်း Mask များအုပ်ထားကြသည်။ ဆန္ဒထုတ်ဖော်ရန် ရဲတပ် ဖွဲ့သို့ အကြောင်းမကြားခဲ့ကြောင်း သိရသည်။


ဆန္ဒပြပွဲအပြီးတွင် ဦးဆောင် သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် ကြိုး စားခဲ့သော်လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး အဖမ်းမခံဘဲ ကားဖြင့် မောင်းနှင်ထွက်သွားခဲ့သည်။ ကျောက်တံတားမြို့နယ် ရဲ တပ်ဖွဲ့မှူးရဲမှူးမျိုးသက်က ဆန္ဒ ပြပွဲဦးဆောင်သူ ကိုကျော်မျိုးအား ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် အ မှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးဆောင်သူ ကိုကျော်မျိုးက ''ငြိမ်းစုစီ ၁၉ နဲ့ဖွင့်မှာပေါ့။ ကျွန် တော့်ကို။ ကျွန်တော့်ကို ဖမ်းမ ခေါ်သွားဘူး။ ကျွန်တော့်ရဲ့ ကိုယ် ရေးအချက်အလက်တောင်းပြီး ပြန်လာလိုက်တယ်။ တစ်ယောက်မှလည်းဖမ်းဆီးမသွားဘူး။ ဆန္ဒပြ ရာမှာရွာသားတွေမပါဘူး။ သူတို့ တွေရဲ့တောင်းဆိုချက်ကို ထောက် ခံတဲ့အနေနဲ့လုပ်တာ။ ရန်ကုန်က အသိုင်းအဝိုင်းပဲ''ဟု ဒီမိုကရေစီ တူဒေးသို့ ပြောသည်။


မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တည်ဆောက်ထားသော ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ ဘိလပ်မြေစီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသည့် တောင်သူများကို အမြန်ဆုံးလွှတ်ပေးရန် အောင်သပြေကျေးရွာ ရွာသူရွာသားများက ကျေးရွာ အဝင်လမ်း ကို ပိတ်ဆို့ကာ မေ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ ယာယီတဲများ ထိုး၍ ဆန္ဒပြရာမှ ရွာသူရွာသားများနှင့်ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ခဲ့ပြီး မေ ၁၅ ရက် နံနက် ၅ နာရီခန့်က ပိတ်ဆို့ဆန္ဒ ပြနေကြသည့် ဒေသခံများကို ရဲ တပ်ဖွဲ့မှ ရော်ဘာကျည်များဖြင့် ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။


ယင်းနောက် နံနက် ၈ နာရီ ကျော်တွင် ဒေသခံဆန္ဒပြသူအချို့က စက်ရုံစီမံကိန်းထဲသို့ ဝင်ရောက် ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များဖြင့် ပစ်ခတ်တားဆီးပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီး ခဲ့သည်။ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို Live လွှင့်ကာ သတင်းတင်ဆက် နေသည့် Channel Mandalay TV  မှ သတင်းထောက်နန္ဒ (တစ်ကိုယ်တော်)ကိုလည်း ဖမ်းဆီးထားသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top