HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တိုက်ပွဲများ ရပ်ဆိုင်းပေးရေးနှင့် စစ်ဘေးရှောင်များကို ကူညီပေးရေးအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်၌ ဒေသခံများ ဆန္ဒထုတ်ဖော်တောင်းဆို

တိုက်ပွဲများ ရပ်ဆိုင်းပေးရေးနှင့် စစ်ဘေးရှောင်များကို ကူညီပေးရေးအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်၌ ဒေသခံများ ဆန္ဒထုတ်ဖော်တောင်းဆို

စစ်တွေ၊ မေ ၁၉

ရခိုင်ပြည်နယ် တွင်လက်ရှိ ဖြစ်ပွားနေသည့်တိုက် ပွဲများအား ရပ်ဆိုင်းပေးရန်နှင့်စစ် ဘေးရှောင်များကို ကူညီပေးရေးအတွက်ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်၌ ဆန္ဒပြတောင်းဆိုလိုက်သည်။ ဆန္ဒပြပွဲကို စစ်တွေအပါအ ဝင်ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မောင်တောမြို့နယ်များတွင် မေလ ၁၉ ရက် နေ့လယ် ၁ နာရီအချိန်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ''လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေ ကြောင့်ပြည်သူတွေ ဒုက္ခရောက် နေကြရပါတယ်။ သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ အိုးပစ်အိမ် ပစ်ထွက်ပြေးလာတဲ့ ဒုက္ခသည် တွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲတွေကို နှစ် ဖက်ရပ်ဆိုင်းပေးဖို့လိုသလို ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်အောင် လည်းတာဝန်ရှိသူတွေက စီစဉ် ပေးဖို့တောင်းဆိုချင်လို့ အခုလို ဆန္ဒပြရတာဖြစ်ပါတယ်'' ဟု စစ် တွေမြို့ဆန္ဒပြပွဲဦးဆောင်သူတစ်ဦး ဖြစ်သည့် ဒေါ်မေဖြူကပြောသည်။

လူပေါင်းထောင်နှင့်ချီ ပါဝင်ခဲ့သောဆန္ဒပြသူများသည် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်ပြီး ယခင်ကလိုတစ်စုံတစ်ရာကြွေးကြော်မှုမရှိခဲ့ဟုလည်းသိရသည်။ ရခိုင်ဒေသတွင်ဖြစ်နေသည့် တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးအတွက် ဆွေးနွေးအဖြေရှာပေးရေး၊ စစ်ဘေးဒုက္ခသည်များကို အစိုးရကတာဝန်ယူ ဆောင်ရွက်ပေးရေး နှင့်စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနေသည့် ပြည်တွင်းပြည်ပ အလှူရှင်များကို လွတ်လပ်စွာသွားလာခွင့်ပြုရေးစသည့် အချက်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ဆရာတော်သံဃာတော်များနှင့်လူမှုအဖွဲ့အစည်းများကမေ ၈ရက်က စာပေးပို့တောင်းဆိုခဲ့သော်လည်း သတ်မှတ်ရက်ထက် ကျော်လွန်ကာအကြောင်းပြန်ကြားမှုမရှိသည့်အတွက် ယခုကဲ့သို့ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ခု နှစ်၊ နိုဝင်ဘာလမှ ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄ဝဝဝဝ ခန့်ရှိ နေပြီဖြစ်ပြီး ၎င်းတို့အတွက်အမိုးအကာ၊ စားနပ်ရိက္ခာနှင့်သောက် သုံးရေများအရေးပေါ် လိုအပ်နေ ကြောင်းသိရသည်။

GC

#democracytoday

Rate this item
(0 votes)
back to top