HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကျဆုံးလေပြီးသော နိုင်ငံတော်ကို ပြန်လည်ပြုပြင်ရေး

ကျဆုံးလေပြီးသော နိုင်ငံတော်ကို ပြန်လည်ပြုပြင်ရေး

မြတ်လှိုင်း

အားလုံးသိနေကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်ခဲ့တာ ရုပ်ဝတ္ထုအရရော၊ နာမ်(စိတ်)အရပါ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေအပြင် စိတ်ဓာတ် တွေကိုပါ ဖျက်ဆီးပစ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အထိ ပျက်စီးနေအောင် ဖျက်ဆီးထားခဲ့ကြတာပါ။ စစ်အာဏာရှင်တွေက စနစ်တကျဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောလို့တော့မရပါဘူး။ ပရမ်းပတာဖျက်ဆီးမှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါ။ စစ်အာဏာရှင်တွေက ဘာကိုမှ မမြင်နိုင်တော့အောင် အတ္တတစ်ခုကိုပဲ မြင်ခဲ့တာကြောင့်ပါပဲ။ စနစ်တကျဖျက်ဆီးခဲ့တာထက် ဆိုးရွားရက်စက်လွန်းပါတယ်။ စနစ်တကျဖျက်ဆီးခဲ့တာကို စနစ်တကျ ပြန်တည် ဆောက်လို့ရပါတယ်။ ပရမ်းပတာဖျက်ဆီးခဲ့မှုတွေကျတော့ ဘယ်ကစပြုပြင်တည်ဆောက်ရမယ်ဆိုတာ မသိနိုင်တော့ဘူး။ နေရာတိုင်းမှာ ပရမ်းပတာပျက်စီးနေတဲ့ အပျက်အစီးတွေကို တစ်ခုချင်း လိုက်ကောက်ပြီး တစ်စချင်း ပြန်စု ပြီး အသစ်လုပ်ဖို့က အင်မတန်ခက်ပါလိမ့်မယ်။

ဒါတွေကို ပြန်ပြုပြင်တာတောင်မှ နှစ် တွေအကြာကြီး ကြာပါလိမ့်ဦးမယ်။ ရုပ်ဝတ္ထု တွေထက် စိတ်တွေကို ပြန်ပြုပြင်ဖို့က မျိုးဆက်အလိုက် ပြုပြင်တည်ဆောက်ရပါလိမ့်မယ်။ ရုပ်ဝတ္ထုတွေ ပြန်ပြုပြင်တည်ဆောက်ဖို့အတွက် ကျွမ်းကျင်တဲ့ပညာရှင်တွေ လိုအပ်နေသလို စိတ်တွေကို ပြန်ပြုပြင်ဖို့အတွက်က အရေး ကြီးဆုံးလိုအပ်တာက ဘာသာရေးနဲ့ အနုပညာပါပဲ။ ဘာသာရေးအရ လူ့အဖွဲ့အစည်းကို ယဉ် ကျေးလိမ္မာလာအောင် ပြုပြင်ရေးမှာ အသုံး ပြုနိုင်ပါတယ်။ ဒါပေမဲ့ဘာသာရေးဆိုတာကလည်း အခုခေတ်လူတွေအတွက် လိုက်နာ ကျင့်သုံးနိုင်ဖို့ ခက်ခဲနေပါဦးမယ်။ အခုခေတ် လူငယ်တွေသာမက လူကြီးတွေတောင် ဘာသာတရားရဲ့ အခြေခံဖြစ်တဲ့ သီလစည်းကမ်းတွေကို မလိုက်နာမကျင့်သုံးနိုင်သေးပါဘူး။ ဒီဘာ သာရေးဆိုတာကို လူငယ်တွေအတွက် စိတ်ပါဝင်စားမှု အားနည်းနေတဲ့အခြေအနေကို တွေ့နေရပါလိမ့်မယ်။ အနိမ့်ဆုံးဖြစ်တဲ့ ဆဲတာဆိုတာတွေဟာ အလွယ်တကူအသုံးပြုနေကြ ပါတယ်။ လူငယ်တွေထဲမှာ မူးယစ်ဆေးပေါ များစွာသုံးနေကြတာလည်း အန္တရာယ်တစ်ခုပါ။ နှစ်လုံးထီ သုံးလုံးချဲထီလောင်းကစားတွေကလည်း မြန်မာပြည်ရဲ့နေရာတိုင်းက လူမှု ဘဝတွေကို တိုက်စားနေပါတယ်။ လူတွေရဲ့ ပျက်စီးနေတဲ့စိတ်တွေကို အလွယ်ဆုံးပြုပြင် နိုင်တာက အနုပညာပါပဲ။ ပြည်သူတွေကို အသိ တရားတွေပေးနေတဲ့စာပေက အဓိကကျနေပါတယ်။ စာပေကတစ်ဆင့် ပြည်သူတွေကို ဖျော်ဖြေပေးနေတဲ့ ရုပ်ရှင်ဂီတတွေကလည်း အဓိကကျနေပါတယ်။


အရင်ဆုံး ပြည်သူတွေနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ဗီဒီယိုရုပ်ရှင်အနုပညာရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် အခုအချိန်မှာ ဗီဒီယိုခေတ် ကုန်ဆုံးသွားတော့မယ့်အခြေအနေတွေကို မြင် နေရပါပြီ။ နယ်ဈေးကွက်တွေကို အဓိကထားခဲ့ရတဲ့ ဗီဒီယိုဈေးကွက်ဟာ နယ်ဈေးကွက် ပျက်စီးနေမှုကြောင့် တဖြည်းဖြည်း လုံးပါးပါး ခဲ့ရပါတယ်။ ဗီဒီယိုခေတ်တစ်ခေတ်လို့ ပြော လို့ရအောင် အတော်ကြီးကို အောင်မြင်ခဲ့တဲ့ အနေအထားပါ။ ဗီဒီယိုတစ်ခေတ်မှာ ရုပ်ရှင် လောကသားတွေ အလုပ်အကိုင်ကောင်းခဲ့သလို ထုတ်လုပ်ဖြန့်ချိတဲ့တိုက်တွေအတွက် လည်း အကျိုးအမြတ်တွေ တော်တော်ရခဲ့ကြ ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဗီဒီယို ဈေးကွက်ဟာ ပျက်သလောက်ဖြစ်နေပါပြီ။ ရုပ်ရှင်ကားကြီးတွေ ရုံတင်တဲ့ဘက်ကို ပြန်ဦး လှည့်နေပြီလို့ ပြောရမှာပါ။ ရုပ်ရှင်ကားကြီးတွေ ကိုရိုက်ပြီး ရုံတင်ပြသနေပေမယ့် အဆင့်အ တန်းမီရုပ်ရှင်ကားတွေ ဖြစ်မလာပါဘူး။ မြန်မာ ပေါကားတွေလို့တောင်ပြောတဲ့အဆင့် ရောက် နေပါပြီ။ ရုပ်ရှင်ကားကြီးတွေ ထုတ်လုပ်သူ တွေအနေနဲ့လည်း မြန်မြန်ရိုက်၊ မြန်မြန်ရုံတင်၊ မြန်မြန်ငွေပြန်ရဆိုပြီး ဖြစ်သလိုရိုက်နေကြပါ တယ်။ ဒီမြန်မာပေါကားတွေကိုလည်း ကြည့်နေ သူတွေရှိနေပါတယ်။ ဇာတ်လမ်းကောင်းတွေကို မကြည့်နိုင်လောက်အောင် ကြည့်နေကြ တဲ့ ပြည်သူတွေရဲ့အဆင့်အတန်းဟာ ဘယ် လောက်အဆင့်အတန်းရှိတယ်ဆိုတာ ပြနေ ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း အတ္တ ဆန်နေသလို မြန်မာပေါကားတွေမှာ သရုပ် ဆောင်သူတွေလည်း အဆင့်အတန်းတွေ နိမ့် ကျကုန်ပါပြီ။ ကြည့်သူတွေအနေနဲ့လည်း သူတို့ ရဲ့ လူနေမှုအဆင့်အတန်းကို သိနိုင်ပါတယ်။ ခေတ်အဆက်ဆက်က ဖျက်ဆီးခံခဲ့ရတဲ့စိတ် တွေ၊ အကျင့်စရိုက်တွေကို ပြုပြင်နိုင်မယ့် အနု ပညာထဲ ရုပ်ရှင်ဗီဒီယိုတွေကို ဖယ်ထုတ်ထား ရမလိုဖြစ်နေပါပြီ။


ဂီတတွေဆိုတာကလည်း ပေါ်ပင်ဂီတ တွေနောက်ကို လိုက်နေကြပါတယ်။ အနုပညာ အရ လေးစားတန်ဖိုးထားရမယ့် တေးသီချင်း ကို ဆိုသူတွေ၊ ရေးသူတွေ အလွန်ရှားပါးနေ ပါပြီ။ ဒီရုပ်ရှင်ဂီတတွေဟာ စာပေအပေါ်မှာ အခြေခံသွားတဲ့အနုပညာတွေလို့ ပြောရမှာ ပါ။ ဒီရုပ်ရှင်အနုပညာတွေကို ဖန်တီးတဲ့ စာပေ အနေနဲ့ ပြောမယ်ဆိုရင် အဆင့်အတန်းတစ်ခု ကို တန်ဖိုးမထားတဲ့အတွက် မြန်မာပေါကား ဆိုတာတွေဖြစ်နေရတာပါ။ ဒါက ရုပ်ရှင်ဂီတ နဲ့ပတ်သက်တဲ့ စာပေဖန်တီးမှုတွေက အဆင့် အတန်းမရှိဘူးလို့ ပြောနိုင်ပါလိမ့်မယ်။ ဒါဆို စာပေသက်သက်ကရော ပျက်စီးနေတဲ့လူမှု ဝန်းကျင်ကို ပြန်ပြုပြင်နိုင်မလားလို့ မေးလာ နိုင်ပါတယ်။ မကြာခင်က နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သွားခဲ့ပါတယ်။ စာဖတ်တတ်သူတိုင်း စာဖတ် ကြဖို့လိုတဲ့အကြောင်းပါ။ မြန်မာပြည်မှာ လူ အတော်များများ စာဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့ စာဖတ်တတ်သူတွေ စာမဖတ်နိုင်တော့တာ ကလည်း ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။ ပြည်သူအများစုကြီးဟာ နေ့စဉ် စားသောက် နေထိုင်ရေးအတွက် လုံးပန်းနေရပြီး အချိန် တွေကုန်ဆုံးနေရပါတယ်။ စာပေကို မလေ့လာ နိုင်တာထား၊ ဖတ်ရှုမှုလေးတောင် အလေး မထားနိုင်တော့ပါဘူး။ ဒီလိုအခြေအနေကြောင့် ရသစာပေ ပျောက်ကွယ်နေရပါတယ်။ အပျော် ဖတ်စာပေတွေတောင် ပျောက်ကွယ်လုလုဖြစ် နေရပါပြီ။ နောက်တစ်ချက်ကတော့ သိပ္ပံနည်း ပညာအရ အမြန်ဆုံးတိုးတက်လာနေတဲ့ခေတ် ကြီးဖြစ်နေတာလည်း ကြောင်းကျိုးဆက်စပ်မှု တစ်ခုပါပဲ။ ဖေ့စ်ဘွတ်ခ်တွေ၊ ကွန်ပျူတာဂိမ်း တွေနဲ့ လူငယ်တွေ အချိန်ကုန်နေကြပါတယ်။ လူငယ်တွေသာမကဘဲ ကလေးငယ်တွေကို ပါ ဂိမ်းတွေက ဖျက်ဆီးနေတာကို တွေ့ရပါ တယ်။ ဒီလိုအခြေအနေထက် ပိုဆိုးလာခဲ့မယ် ဆိုရင် အနာဂတ်အတွက်ပါ စိုးရိမ်ရပါတယ်။


ဒါကို ဖြေရှင်းနိုင်ဖို့ လူကြီးလူငယ်(ကလေး ငယ်)တွေအားလုံးကို စာတွေ ဖတ်ကြပါလို့ တိုက်တွန်းရင်း စာကြည့်တိုက်တွေကို မြို့ရွာ တွေအထိ တိုးပြီးဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြ တာကိုလည်း တွေ့မြင်နေရပါတယ်။ စာကြည့် တိုက်တစ်ခု ဖွင့်နိုင်ဖို့ ငွေတွေကုန်၊ အချိန်တွေ ကုန်ခံခဲ့ပေမယ့် စာလာဖတ်မယ့်လူတွေ မရှိ တဲ့အခါ အလိုလိုပြန်ပိတ်ထားရပါတော့တယ်။ နောက်ပြီး မကြာခင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်လိုက်တဲ့ စာကြည့်တိုက် ဥပဒေကို အတည်ပြုလိုက်မယ်ဆိုရင် စာကြည့် တိုက်တွေ၊ စာဖတ်ဝိုင်းတွေ အလိုလိုပျောက် ဆုံးသွားနိုင်ပါတယ်။


တက္ကသိုလ်တွေမှာရှိတဲ့ စာကြည့်တိုက် တွေကလည်း ပိတ်ထားတာ များနေပါတယ်။တစ်ခါက တက္ကသိုလ်ကျောင်းသားတစ်ယောက် ကို မေးကြည့်ဖူးပါတယ်။ ''မင်းတို့တက္ကသိုလ် စာကြည့်တိုက်မှာ ဖတ်ချင်တဲ့စာအုပ်တွေ ဖတ် လို့ရသလား''လို့ မေးလိုက်တော့ ''ကျွန်တော် တို့ ကျောင်းစာကြည့်တိုက်နားက ဖြတ်သွား ရင်တောင် လှည့်မကြည့်ကြပါဘူး''တဲ့၊ ''စာကြည့် တိုက် ဖွင့်လား၊ မဖွင့်ဘူးလားလဲ မသိဘူး''တဲ့။ ကျွန်တော်လဲ ဆက်မမေးတော့ပါဘူး။ ကျွန် တော် ထင်ပါတယ်။ လူငယ်မျိုးဆက်ပြတ်သွား တာက ၁၉၈၈ နောက်ပိုင်းမှလို့ ထင်ပါတယ်။ပြတ်သွားတဲ့မျိုးဆက်တွေဟာ ဖျက်ဆီးခံလိုက် ရတာပါ။ ဒီ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူငယ် မျိုးဆက်သစ်တွေကို ကြည့်လိုက်ရင် စာပေအာ ဟာရချို့တဲ့နေတာကို တွေ့ရပါတယ်။ ရန်ကုန် မြို့ကြီးက အမျိုးသားစာကြည့်တိုက်ကို ကြည့် လိုက်ပြန်တော့လည်း ခြောက်ကပ်နေတာကို တွေ့ရပါတယ်။


ဒါဆို အခုခေတ်မှာ လူငယ်တွေ စာဖတ် ကြမှ မကြာတော့တဲ့အနာဂတ်ကို ဦးဆောင်နိုင်မှာပါ။ အနာဂတ်ကို ဦးဆောင်နိုင်ဖို့ကို ထားလိုက်ပါဦး။ စစ်အာဏာရှင်ခေတ်မှာ ပျက်စီးခဲ့တဲ့စိတ်တွေကို အခုအချိန်မှာဘယ်လိုပြန် ပြုပြင်နိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။အဓိကလုပ်ရမှာကတော့ ပြည်သူတွေ စာဖတ် နိုင်အောင် ဆွဲဆောင်နိုင်ဖို့ပါပဲ။ လူငယ်မျိုး ဆက်သစ်တွေကို ပိုအလေးထားဆောင်ရွက် ရမှာပါ။ စာဖတ်ခြင်းဖြင့် ရရှိလာနိုင်မယ့်အကျိုး ကျေးဇူးတွေကို အမြဲပြောဆိုစည်းရုံးနိုင်ရပါ လိမ့်မယ်။ စာဖတ်ဝိုင်းတွေ ပေါ်လာအောင်လဲ စီမံချက်ဆွဲပြီး လုပ်ဆောင်နိုင်ရပါလိမ့်မယ်။ တချို့စာပေဟောပြောပွဲတွေမှာ ဟောပြောနေ တဲ့ စာရေးဆရာတွေအနေနဲ့ စာဖတ်ကြပါ စာဖတ်ကြပါလို့ ပြောနေရုံနဲ့ လူငယ်တွေ စာဖတ်လာကြမှာမဟုတ်ပါဘူး။ စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဟောပြောနိုင်ရပါလိမ့် မယ်။ စာဖတ်ချင်စိတ်ကို နှိုးဆွပေးသလို နည်းလမ်းတွေကိုလည်း ညွှန်ပြနိုင်ရပါလိမ့်မယ်။ လူငယ်မျိုးဆက်သစ်တွေကို စာဖတ်ခြင်းကပေးမယ့်အကျိုးတွေကို ပို့ချခြင်းဖြစ်သလို လက်တွေ့ ကျင့်သုံးလာနိုင်အောင် လမ်းညွှန်ချက်ဖြစ်ပါတယ်။ ခက်နေတာက စာပေဟောပြောပွဲ စင်ပေါ်တက်ပြီး ဟောပြောနေတဲ့သူတွေက ရော အမှန်တကယ် ပြည်သူတွေ စာဖတ်နိုင် လာအောင် စည်းရုံးနိုင်ပြီလား။ သူတို့ကိုယ်တိုင်ကရော အရည်အချင်းပြည့်ဝနေကြသလား။ ဒီမေးခွန်းကို ဖြေဖို့အတွက်လည်း အလွန်ခက်ခဲ ပါလိမ့်မယ်။


စာကြည့်တိုက်တွေကို အမြဲဖွင့်ထားပြီး စာဖတ်ချင်စိတ်ရှိတဲ့လူငယ်(ကလေးတွေအပါ အဝင်)တွေကို စည်းရုံးဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ ဆရာကြီးဦးသုခ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ သုခအလင်းစာကြည့်တိုက်အကြောင်း ရေးထားတဲ့ဆောင်းပါးကို အနည်းငယ်ပြန်ပြော ချင်ပါတယ်။ 'မွေးဖွားခြင်းနှင့် သေဆုံးခြင်း'စကားအရ' ဖြစ်မည်ပျက်မည်ဖြစ်သော်ငြားလည်း ဖြစ်ခြင်းပျက်ခြင်းတို့သည် ရုပ်ဝတ္ထုတို့ နှင့်သာသက်ဆိုင်သည်။ စိတ်သတ္တိနှင့် မသက်ဆိုင်ချေ။ ခိုင်မာသောစိတ်ဓာတ်နှင့် ရဲရင့်သောခံယူချက်တို့ကို မည်သည့်အရာကမျှ မဖျက်ဆီးနိုင်ခြေ'လို့ ရေးသားချက်ကို မှတ်သားမိ အောင် ပြောဆိုစည်းရုံးနိုင်ရပါလိမ့်မယ်။ နောက် ပြောချင်တာတစ်ခုက အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းရဲ့ ရဲရင့်ပြတ်သားတဲ့ခံယူ ချက်စကားတွေမှာ 'ငါ့အား ဖုံးလွှမ်းထားသော လကွယ်ညသန်းခေါင်ယံ၏ မှောင်မိုက်မှုအတွင်းမှနေ၍ အရှုံးမပေးသော ငါ့စိတ်ကို ဖန် ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူး စကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိြုေ<ွကး။ လောကဓံတရား၏ ရိုက်နှက်ခြင်းဒဏ်ချက်ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။သို့သော် ညွှတ်ကားမညွှတ်'ဖြစ်ပါတယ်။ ဒီလိုမှတ်သားဖွယ်စကားတွေကို လူငယ်တွေနားထဲ ရောက်အောင်၊ နားထဲကတစ်ဆင့် နှလုံးသားထဲထိ စိမ့်ဝင်သွားပြောဆိုစည်းရုံးနိုင်ဖို့ လိုအပ်ပါတယ်။ လူငယ်တွေအတွက် စံထားလေးစား သူတွေကို အမြဲဥပမာပေးပြီး ပြောဆိုစည်းရုံး ရပါလိမ့်မယ်။


စာဖတ်ဝိုင်းတွေ၊ စာကြည့်တိုက်တွေကိုလည်း လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ ရှေ့ ဆောင်အနေနဲ့ ဖော်ဆောင်သင့်ပါတယ်။ စာပေ ဟောပြောပွဲတွေ ကျင်းပရုံသာမကဘဲ စာဖတ် ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စာရေးစာဖတ်သူ ဆွေးနွေးပွဲတွေပါ လုပ်ဆောင်သင့်ပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့လည်း လူငယ်မျိုးဆက်တွေ၊ ကလေးသူငယ်တွေဖတ်ဖို့ ရည်ရွယ်ပြီး စာအုပ်တွေကို ထုတ်ဝေသင့်ပါတယ်။ စာအုပ်ထုတ်ဝေရေးတွေကလည်း ပါဝင်လာသင့်ပါတယ်။ ဒီထုတ်ဝေတဲ့စာအုပ်တွေကို ဖတ်ခြင်းရဲ့အကျိုးကို ပြောပြနိုင်ရပါမယ်။ ဖျက်ဆီးခံရပြီး ပျက်စီးခဲ့တဲ့စိတ်တွေ ကို အရင်ဆုံးပြန်ပြုပြင်မယ်ဆိုရင် စာပေအနုပညာဟာ အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီပြုပြင်မှုကို လူမှုရေးအဖွဲ့အစည်း တွေသာမကဘဲ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကလည်း တာဝန်တစ်ခုအနေနဲ့ လုပ် ဆောင်ရမှာပါ။ နယ်ပေါင်းစုံမှာ ဖွင့်လှစ်ထား တဲ့စာကြည့်တိုက်တွေကို လူငယ်၊ ကလေးတွေ ကို ပြောဆိုစည်းရုံးနိုင်တဲ့သူတွေက တာဝန် ယူရပါလိမ့်မယ်။ တိုင်းပြည်အကျိုးကို တက်ကြွစွာလုပ်နိုင်တဲ့လူတွေ စုပေါင်းပြီးတာဝန်ယူနိုင်ရပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ပြောမယ်ဆိုရင် ဖျက် ဆီးခြင်းခံရပြီး ပျက်နေတဲ့ခေတ်ကို ပြန်ပြုပြင် တည်ဆောက်နိုင်ဖို့ အလိုအပ်ဆုံးကစိတ်က အရေးကြီးပါတယ်။ ဒီစိတ်တွေကို ပြန်ပြုပြင် တည်ဆောက်ဖို့ အကောင်းဆုံးက စာပေပဲ ဖြစ်ပါလိမ့်မယ်။ 

မြတ်လှိုင်း

#theyangontimes

Rate this item
(0 votes)
back to top