HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အကြမ်းဖက်မှု သံသယရှိသူ သီရိလင်္ကာနိုင်ငံသား ရဲစခန်းတွင် လာရောက်ရှင်းပြ ၎င်းင်း၏ထွက်ဆိုချက်များအပေါ် စိစစ်နေဆဲဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

အကြမ်းဖက်မှု သံသယရှိသူ သီရိလင်္ကာနိုင်ငံသား ရဲစခန်းတွင် လာရောက်ရှင်းပြ ၎င်းင်း၏ထွက်ဆိုချက်များအပေါ် စိစစ်နေဆဲဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

နေပြည်တော်၊ မေ ၂၄ 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အကြမ်းဖက်မှုတွင် ပါဝင် သူဟု သံသယရှိခံရသူ သီရိလင်္ကာနိုင်ငံသား တစ်ဦး ရဲစခန်းတွင် ကိုယ်တိုင်လာရောက်ရှင်းပြ ခဲ့ပြီး ¤င်း၏ထွက်ဆိုချက်များအပေါ် ရဲတပ် ဖွဲ့တာဝန်ရှိသူများက စိစစ်နေဆဲဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ မေ ၂၄ ရက် မွန်းလွဲပိုင်း နေပြည်တော် Briefing on Peace Process & Rakhine State ရှင်းလင်းပွဲအပြီး တွင် သီရိလင်္ကာနိုင်ငံသားတစ်ဦးကို အကြမ်း ဖက်မှုနှင့် အစိုးရက ထိန်းသိမ်းထားဆိုသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင်က ဧပြီလမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။ ဖြစ်ပွားတဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီး စုံစမ်း ဖော်ထုတ်နှိမ်နင်းတဲ့အချိန်မှာ အကြမ်းဖက်မှု မှာပါဝင်တဲ့ အကြမ်းဖက် သံသယရှိသူ မြန်မာနိုင်ငံကို လာခဲ့တယ်ဆိုတဲ့ အင်ဖော်မေးရှင်းကို သူတို့ဘက်က ပေးတယ်။ ပေးတဲ့အချိန် မှာ မြန်မာနိုင်ငံဘက်ကို ဒီလူက ဝင်သွားတယ်။ ကျွန်တော်တို့ ဆီမှာ ပြန်စစ်လိုက်တော့ တကယ့်အကြမ်းဖက်သံသယပုဂ္ဂိုလ် က ပြန်ထွက်သွားပြီ။ ပြန်ထွက်သွားပြီး သူနဲ့အတူတူ လေယာဉ် တစ်စင်းတည်းစီးလာတဲ့ ဗီဇာအတူတူယူတယ်။ ပြီးရင် အတူ တူရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက် ကျန်ခဲ့ တယ်။ ကျန်ခဲ့တော့ အဲဒါကို လိုက်လံရှာဖွေခဲ့တယ်။ ဟိုတယ် ခရီးက မေးတဲ့စာပေါ့။

 

အဲဒါ အပြင်ကို ရောက်သွားတာပေါ့။ အဲဒီအပေါ်မှာ မနေ့က ကာယကံရှင်ကိုယ်တိုင် ဖေ့စ်ဘွတ်ခ် ပေါ်ကနေ သတင်းတွေ ပျံ့နှံ့နေမှုအပေါ်မှာ ရဲစခန်းကို လာ ရှင်းပြတယ်။ သူဟာ အကြမ်းဖက်သမားမဟုတ်ဘူး။ ဘာမှမလုပ် ပါဘူးလို့ လာရှင်းပြတယ်။ သို့သော်လည်း လက်ရှိအခြေအနေ ပေါ်မှာ သူ့ကို ဒီကနေ့ ရဲတပ်ဖွဲက တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ ထွက်ဆိုချက်ကို စိစစ်နေတာဖြစ်သွားတယ်။။ အသေးစိတ်က တော့ ပြောလို့မရသေးဘူး။ အဲဒီတော့ သူ့ရဲ့ခရီးစဉ်က ဘာလဲ ဆိုတော့ သူက မြန်မာနိုင်ငံကို ကျောက်မျက်ရတနာ အရောင်း အဝယ်ကိစ္စနဲ့လာတယ်။ သူသွားတဲ့နေရာတွေက ရန်ကုန်ရောက် တယ်၊ ပြီးရင် မန္တလေးသွားတယ် စသည်ဖြင့် ကျောက်မျက်ဝယ် ယူရေးဆိုင်ရာလုပ်တယ်လို့တော့ လောလောဆယ် အကြမ်းဖျင်း ထွက်ဆိုထားတာရှိတယ်။ လောလောဆယ်တော့ စိစစ်ဆဲဖြစ် ပါတယ်''ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top