HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အဆောင်အယောင်အပေါ် သာယာနေပါက ပြုပြင် ပြောင်းလဲရေး လုပ်နိုင်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ ဆို

အဆောင်အယောင်အပေါ် သာယာနေပါက ပြုပြင် ပြောင်းလဲရေး လုပ်နိုင်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ ဆို

ရန်ကုန်၊ မေ ၂၄

အဆောင်အ ယောင်အပေါ် သာယာနေပါက ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မည် မဟုတ်ဟု နိုင်ငံတော်သမ္မတက ဌာနဆိုင်ရာ ဝန်ထမ်းများအား သတိပေးလိုက်သည်။ မေ ၂၄ ရက် နေပြည်တော်တွင် ကျင်းပသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဌာနဆိုင် ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထက်ပါအတိုင်း ထည့်သွင်းပြော ကြားလိုက်ခြင်းဖြစ်သည်။ ''ချီးမြင့်ငွေ၊ လစာ၊ အဆောင် အယောင်ပေါ်မှာ အဲဒါမှာ သာယာ ပြီးတော့ အိပ်လိုက်စားလိုက် ကိုယ့်အလုပ် ကိုယ်မလုပ်၊ ကိုယ် ကြီးကြပ်ရမှာ မကြီးကြပ်၊ ကိုယ် ကွပ်ကဲရမှာ မကွပ်ကဲ။ အဲဒီတော့ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တာ အဲဒီအတိုင်း ဘယ်လိုပြုပြင်ပြောင်းလဲမှု လုပ်လို့ရမှာလဲ''ဟု ၎င်းင်းက ပြောသည်။

ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် ကိစ္စဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု မရှိဘဲနှင့်လည်း ဖွံ့ဖြိုးတိုးတက်မည်မဟုတ်ကြောင်း ၎င်းင်းကဆက်လက် ပြောသည်။ ယင်းအပြင် သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ် စသည်ဖြင့် အခွင့်အရေးများသည် ဥပဒေအထက်တွင် နေရာယူရန် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ကပြောသည်။ ပြည်သူအကြား ဥပဒေတစ် မျိုး၊ လုပ်ပိုင်ခွင့်ရှိသူများအကြား ဥပဒေတစ်မျိုး လုပ်ဆောင်နေခြင်း မျိုးကိုလည်း အလိုမရှိကြောင်း၊ တ ရားစီရင်ရာတွင် မျက်နှာကြီးငယ်၊ ရာထူးဂုဏ်ရှိန်ဝါကို မရွေးသည့် ဥပဒေမျိုးကို လိုလားကြောင်း နိုင်ငံ တော်သမ္မတက ပြောသည်။ ''ဥပဒေရဲ့ရှေ့မှောက်မှာ ရောက်လာရင် အားလုံးအညီအမျှ ဖြစ်ရမယ်။ ဥပဒေအထက်မှာ မည် သူမှမရှိစေရဘူး''ဟု ၎င်းက ဆို သည်။


၎င်းင်းကိုယ်တိုင်အနေဖြင့် ရာထူးဂုဏ်ရှိန်ဝါကို မပျော်မွေ့သလို အရာထမ်းများ အနေဖြင့်လည်း ရာထူးဂုဏ်ရှိန်ဝါအပေါ် မပျော်မွေ့ ကြရန်လည်း ၎င်းင်းက သတိပေး သည်။ ''ဘယ်သူ့ဘယ်သူမှ အခွင့် ထူးခံလို့ မရပါဘူး'' ဟု နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကဆိုသည်။ ယင်းအပြင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက ယခုအချိန်ထိ တစိုက်မတ်မတ်ဆောင် ရွက်နေကြောင်းလည်း ဆိုသည်။ တရားမျှတမှုမရှိဘဲ ဒီမိုကရေ စီ အခြေခံအုတ်မြစ် မခိုင်မြဲနိုင် ကြောင်းလည်း ၎င်းင်းသတိပေးသည်။

HWA, MP

#democracytoday

Rate this item
(0 votes)
back to top