HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စေတနာကို လက်တွေ့ဖော်နိုင်သည့် အရည်အချင်းက ပိုအဓိကကျဟု သူရဦးရွှေမန်း ဆို  

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စေတနာကို  လက်တွေ့ဖော်နိုင်သည့် အရည်အချင်းက ပိုအဓိကကျဟု သူရဦးရွှေမန်း ဆို   

ဝေါ၊ ဇွန် ၉

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရာတွင် စေတနာရှိကြသည့်တိုင် စေတနာကို လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းက ပိုအဓိကကျကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။  ဇွန် ၉ ရက် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲ၌ ၎င်းင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်သည်။

''မူဝါဒ၊ လုပ်ငန်းစဉ်များ ပြောဆိုကြရာတွင် ကောင်းမွန်ကြပါ ကြောင်း၊ အရေးကြီးသည်မှာ အ ကောင်အထည်ဖော်ခြင်း ဖြစ် ကြောင်း၊ အပြောထက် အလုပ် ကောင်းရန်၊ လက်တွေ့ကောင်းရန် အဓိကကျပါကြောင်း၊ ပါတီ၊ ပါတီ၏ခေါင်းဆောင်ပါဝင်သည့် ပုဂ္ဂိုလ်များ၏ ဘဝလမ်းကြောင်းကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးသည် ဘာတွေလုပ်ခဲ့သည်၊ အောင်မြင်အောင် ဘယ် လောက်လုပ်နိုင်သည်။ ယခု ဘာ တွေလုပ်နေသည်တို့ကို ကြည့်ရန်လိုကြောင်း၊ တာဝန်ကျေပွန်သည့် ပုဂ္ဂိုလ်၊ အောင်မြင်အောင် အကောင် အထည်ဖော်နိုင်သည့် ပုဂ္ဂိုလ်ဆိုလျှင် နောင်တွင်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ စေတနာကို လက်တွေ့ အကောင် အထည်ဖော်နိုင်သည့် အရည်အချင်းသည် အဓိကကျပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရန် မည်သူက မည်မျှလိုလား ဆန္ဒရှိသည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ အကောင်အထည်ဖော်ရာ၌ အရေးပါသည့် အခန်းကဏ္ဍတွင် မည်သူက မည်မျှပါဝင်ဆောင် ရွက်ခဲ့သည်ဆိုသည့် မှတ်တမ်းများ ရှိပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိခြင်း ထက် ပို၍မွန်မြတ်သည့် သစ္စာတရားမရှိပါကြောင်း'' ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြော ကြားခဲ့ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်သည်။


ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသ၏လိုအပ်ချက်များ၊ ပါတီစည်း ရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက် လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တွေ့ဆုံပွဲသို့ ပါတီ၏ခေါင်း ဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြပြီး၊ ပွဲအပြီး တွင် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို သူရဦးရွှေမန်းက ဖြေကြားခဲ့ ကြောင်းသိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top