HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဦးဝီရသူကို ထောက်ခံသူများ ထောင်နှင့်ချီပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ ချီတက် ဆုတောင်း  

ဦးဝီရသူကို ထောက်ခံသူများ ထောင်နှင့်ချီပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ ချီတက် ဆုတောင်း   

ရန်ကုန်၊ ဇွန် ၁ဝ 

ဖမ်းဝရမ်းထုတ်ထားသည့် ဦးဝီရသူ ဘေးကင်းရေးအပါအဝင် အချက်ရှစ်ချက်ကို ထောက်ခံသူ များ ထောင်ချီပြီး စီတန်းလှည့်လည်ချီတက်ကာ မေတ္တာပို့သ ဆုတောင်းခဲ့ကြကြောင်းသိရသည်။ ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းတွင် ဦးဝီရသူကို ထောက်ခံသူ သံဃာနှင့် လူပုဂ္ဂိုလ် လူအင်အား ထောင် ချီက ဗဟန်းမြို့နယ် ရွှေတိဂုံ အရှေ့ဘက်မုခ်ကြေးသွန်းဘုရား ကြီးရှေ့၌စုရပ်ပြီး ဆူး လေဘုရားလမ်းအ တိုင်းသပြေပန်းခက် ကိုင်၍လမ်းလျှောက် ချီတက်ကာ မေတ္တာ ပို့ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရန်ကုန် မြို့တော်ခန်းမရှေ့ တွင် ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့ဆု တောင်းခြင်းများပြုလုပ်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သူ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာတော်ဦးတေဇဝန္တက ''ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ သာသနာအဆက် ဆက်မှာ သံဃာတော်တွေက အမှန် တရားဘက်ကပဲ ရပ်တည်ခဲ့တာ။ သံဃာတော်တွေဟာ နိုင်ငံတော် အတွက် အမျိုးဘာသာသာသနာ အတွက် မရပ်တည်ရဲရအောင်ဖြစ် နေတယ်။ အခုပဲ ဆရာတော်ဦးဝီရသူဟာ နိုင်ငံတော်မှာရှိတဲ့ မဏ္ဍိုင် ကြီးလေးရပ် တစ်ခုနဲ့တစ်ခု ကင်းကင်းရှင်းရှင်းနေကြဖို့ ဒီမိုကရေစီ စနစ်နဲ့ အညီကျင့်သုံးဖို့ထောက်ပြ ပြောဆိုတာကို ပုဒ်မ ၁၂၄-က တပ် ပြီး နိုင်ငံတော်ပုန်ကန်မှုဆိုပြီး ဖိနှိပ်တာဖြစ်ပါတယ်'' ဟု ဆန္ဒ ထုတ်ဖော်ပွဲအပြီးမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။


စီတန်းလှည့်လည်မှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိကြောင်း ၎င်းင်းက ပြောသည်။ ''ဦးဝီရသူပြောတဲ့ စကားတွေကို နိုင်ငံတော်အဆင့် လူကြီးတွေက အောက်ကပြောတဲ့ စကားနဲ့မဟုတ်ဘဲ ကိုယ်တိုင်လေ့လာပြီးတော့ ဘယ်အချက်ကတော့ ဟုတ်တယ်။ ဘယ်အချက်ကတော့ မှန်ကန်တဲ့အကြောင်း ပြောချင်တာလဲ။ မှန်ကန်ရင်လိုက်နာကျင့် သုံးစေချင်တယ်။ ဦးဝီရသူဆိုတာ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရ လက်ထက်တုန်းကလည်း အတိုက်အခံလုပ်ပြီးတော့ ထောင်ကျခဲ့တဲ့ ရဟန်းတစ်ပါးပါ'' ဟု ၎င်းင်း က ဆက်လက်ပြောသည်။


စီတန်းလှည့်လည်ရာတွင် ''မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါ စေ၊ ဗုဒ္ဓသာသနာအန္တရာယ်များ ကင်းဝေးပါစေ၊ ဆရာတော် ဦးဝီရသူဘေးရန်ကင်းပါစေ၊ဆရာတော် ဦးဝီရသူ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ဗုဒ္ဓသာ သနာနှင့် သံဃာတော်များဖိနှိပ် ချုပ်ချယ်ခံရခြင်းမှ ကင်းဝေးကြ ပါစေ၊ လုံးစုံများစွာသတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ'' ဟုအချက်ရှစ်ချက်ကိုြေ<ွကးကြော်ခဲ့သည်။ စီတန်းလှည့်လည်မှုနှင့် ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်း တွင်အမှုဖွင့်ရန် စီစဉ်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။


''အရေးယူတာတော့ရှိမယ်။ ဒါပေမဲ့ လုပ်နေတုန်းပဲ'' ဟု ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။  ထို့အပြင် ယနေ့ချီတက်ဆု တောင်းပွဲအတွင်း လွန်ခဲ့သည့် ၂နှစ်က ဗဟန်းမြို့နယ်ကြေးသွန်း ဘုရားရှေ့တွင် အစိုးရနုတ်ထွက်ပေးရေးသပိတ်စခန်းဖွင့်ကာ ဆန္ဒပြ မှုကြောင့် ဖမ်းဝရမ်းထုတ်ခံရသူ ဦးပညာဝံသကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးသောင်းထွဋ်က ပြောသည်။ ''ဝရမ်းထုတ်ထားတဲ့ သံဃာ တစ်ပါးကို ဖမ်းမိခဲ့ပါတယ်'' ဟု ၎င်းင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top