HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဦးဝီရသူကို ဖမ်းမိခြင်းမရှိသဖြင့် အမှုကို မျက်ကွယ်တွင် စစ်ဆေးတော့မည်  

ဦးဝီရသူကို ဖမ်းမိခြင်းမရှိသဖြင့် အမှုကို မျက်ကွယ်တွင် စစ်ဆေးတော့မည်   

ရန်ကုန်၊ ဇွန် ၁၁

ဦးဝီရသူကို ဖမ်းမိခြင်းမရှိ၍ အမှုအား ၎င်းင်းမျက်ကွယ်တွင် စစ်ဆေးတော့မည်ဖြစ် ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန့်က ပြောသည်။ ''ဖမ်းမမိတဲ့အကြောင်း ပြန်သွင်းလာပါတယ်။ သူရဲ့မျက်ကွယ် မှာ အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ အမိန့်ချ ပြီးတော့ တရားလိုကိုစစ်ဖို့ ချိန်း ဆိုထားတယ်''ဟု ၎င်းင်းက ဇွန် ၁၁ ရက်တွင် မီဒီယာများ၏ မေးမြန်း မှုကို ဖြေကြားသည်။ မျက်ကွယ်စစ်ဆေးမှုအဖြစ် ဇွန် ၁၈ ရက်တွင် တရားလို ရန်ကုန် အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကိုစတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ၎င်းင်း က ပြောသည်။

သတင်းရဲတပ်ဖွဲ့၊ အမှတ် ၂ တပ်ဖွဲ့ခွဲ (ရန်ကုန်)၊ တပ်ဖွဲ့စုမှူး ဒုရဲ မှူး တင်ထွန်းက ဇွန် ၁၁ ရက်တွင် ဦးဝီရသူကို ဖမ်းဝရမ်း ထပ်မံထုတ် ထားမှုနှင့် ပတ်သက်ပြီး ဖမ်းမမိ ကြောင်း ဝရမ်းပြန်သွင်းခြင်း ဖြစ် ကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။  ယနေ့အချိန်ထိ ဦးဝီရသူကို တရားရုံးမှ တရားခံပြေးအဖြစ် တရားဝင် သတ်မှတ်ထားခြင်းမရှိ ကြောင်း သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန့်က ပြောသည်။ ''တရားခံပြေးအဖြစ် ခုချိန်ထိ သတ်မှတ်တဲ့အဆင့် မရောက်သေးဘူး။ တရားလိုစစ်ဖို့လိုသေးတယ်'' ဟု ၎င်းင်းက ပြောသည်။


မန္တလေး၊ မဟာအောင်မြေ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်ဝေ လင်းက ပြီးခဲ့သည့် ဇွန် ၄ ရက်က ဦးဝီရသူကို ဖမ်းမိခြင်းမရှိသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ ရာဇဝတ်အထွေထွေ အမှု အမှတ် (၃၉/၂ဝ၁၉) ပြောင်းလဲဖွင့် လှစ်ကာ ဝရမ်းထပ်မံထုတ်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို အရေးယူ ပေးရန် ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်း မင်းက တရားလိုပြုလုပ်ပြီး မေ ၂၈ ရက် ညနေ ၃ နာရီခွဲကျော် ခန့်က အနောက်ပိုင်းခရိုင်တရား ရုံးသို့ နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ-၁၂၄(က)ဖြင့် ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။


ပြီးခဲ့သည့် မေ ၅ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲနှင့် ပုဒ်မ-၅၉ (စ) ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲတွင် ဆရာတော် ဦးဝီရ သူ ဟောပြောချက်များမှာ အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍတို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အစိုးရအဖွဲ့အစည်း ၏ လုပ်ဆောင်ချက်များကို မလေး စားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်စေသည့် ပြောကြား ချက်များပါသည်ဟုဆိုကာ တရား စွဲဆိုခြင်းဖြစ်ကြောင်း အနောက် ပိုင်းခရိုင်တရားရုံး၊ သတင်းပြန် ကြားရေးအရာရှိ ဒုတိယခရိုင် တရားသူကြီး ဦးမင်းသန့်က ပြော ကြားထားသည်။


ပြောကြားချက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားသည့်စာသားများ ပါဝင်ကြောင်းသိရသည်။  ဦးဝီရသူကို ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့မှ သြဝါဒ ပေးရန်အစီအစဉ်ကို ဆိုင်းငံ့ထား ပြီး ဆုံးမသြဝါဒပေးမည့်ရက်ကို အကြောင်း ညီညွတ်သည့်အချိန်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ဆုံးမသြဝါဒပေးမှုကို လိုက်နာ ခြင်းမရှိပါက သံဃာအဖွဲ့အစည်း ဆိုင်ရာဥပဒေဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ဇွန် ၃ ရက်တွင် ထုတ် ပြန်ထားသည်။ ရာဇသတ်ကြီးပုဒ်မ-၁၂၄ (က)မှာ အကြည်ညိုပျက်အောင် ပြုလုပ်ခြင်းဖြစ်ပြီး ကျူးလွန်ကြောင်း ထင်ရှားပါက တစ်သက်တစ်ကျွန်း အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထား သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top