Tuesday, 10 April 2018 13:50

မွန်ပြည်နယ်သစ်ပါတီ လူထုတွေ့ဆုံပွဲ သုံးရက်ကြာ ကျင်းပမည်

Written by CNB
Rate this item
(0 votes)

ရန်ကုန်၊ ဇပြီ ၉

မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲကို မွန်ပြည်နယ်ပါ တီထိန်းချုပ်နယ်မြေအတွင်းက ညီစားစခန်းတွင် ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာကျင်းပ ကြောင်းသိရသည်။ ယင်းလူထုတွေ့ဆုံပွဲသို့ မွန်နိုင်ငံရေးပါတီများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံများလူဦး ရေ ၂၅ဝ ခန့်တက်ရောက်ရန် စီစဉ်ထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးကပြောသည်။


''လူထုတွေ့ဆုံပွဲကရရှိလာတဲ့ လူထုအသံတွေကိုလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ချပြသွားမယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကို မေလပထမအပတ်မှာပြုလုပ်ဖို့လျာထားပေမယ့် အခုလူထုတွေ့ဆုံပွဲပြီးမှသာ ပြုလုပ်မယ့်ရက်တိတိကျကျသတ် မှတ်နိုင်မှာဖြစ်ပါတယ်''ဟုလည်း ပြောသည်။


လူထုတွေ့ဆုံပွဲများကျင်းပ ရေးနှင့်ပတ်သက်ပြီး နှစ်ဖက်နား လည်မှုလွဲနေမှုများကို ဧပြီ ၂ ရက် ကမွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မွန်ပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်း ကြောင့် အခုပွဲကို ကျင်းပနိုင်ခြင်း ဖြစ်ကြောင်းသိရသည်။


CNB

#democracytoday

Read 155 times
Login to post comments