သူပုန်သိမ်းပိုက်ထားသော ဒိုမာမြို့အားအစိုးရက ဧပြီ ၇ ရက်က ဓာတုလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့၍ အရပ်သားဒါဇင် ပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု ဆီးရီးယားဒုက္ခသည်များ ကူညီ ထောက်ပံ့ရေးအရာရှိများက ထုတ် ဖော်ပြောဆိုခဲ့သည်။ ယင်းအတွက် ဆီးရီးယားအစိုးရကို ကူညီမှုများ ပေးနေသော ရုရှားသမ္မတဗလာဒီမာပူတင်သည်လည်း သွယ်ဝိုက်တာဝန်မကင်းဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထည့်သွင်း ပြောဆိုခဲ့သည်။ ဆီးရီးယားအစိုးရက ယင်းသို့ အဆိပ်ဓာတ်ငွေ့များသုံး၍ တိုက်ခိုက်ခံရခြင်းမရှိရဟု ငြင်းဆိုလိုက်သည်။ ဆီးရီးယားအစိုးရရုပ်မြင်သံ ကြားဌာနက အမေရိကန်အစိုးရသည် ဆီးရီးယားလေတပ်စခန်းများအား ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့သည်ဟု ပြောဆိုခဲ့ရာ အမေရိကန် အစိုးရကချက်ချင်းပင် ယင်းသတင်း အားငြင်းပယ် ပြောဆိုလိုက်သည်။
''ဓာတုဗေဒအဆိပ်လက်နက်များကို ဆီးရီးယားမှာအဆင်ခြင်မဲ့ သုံးစွဲတိုက်ခိုက်ခဲ့တာမို့ ကလေးသူ ငယ်များ၊ အမျိုးသမီးများ အပါအဝင်လူများစွာသေဆုံးခဲ့ရပါတယ်။ ယင်းဒေသများကိုလည်း ဆီးရီးယားစစ်တပ်က ဝိုင်းထားကာ ကမ္ဘာက မသိအောင်သတင်းများမှောင်ချ ထားခဲ့ပါတယ်။ ရုရှားသမ္မတပူတင်၊ အီရန်နိုင်ငံတို့ကလည်း ရက်စက်ကြမ်း ကြုတ်သူ ဆီးရီးယားသမ္မတအာဆတ် ကို ဝိုင်းဝန်းပံ့ပိုးနေကြတာမို့ သူတို့မှာလဲ တာဝန်မကင်းပါဘူး''ဟု သမ္မတထရန့်က ၎င်း၏တွစ်တာမှ တစ်ဆင့် ဖော်ပြလိုက်သည်။
Ref: Reuters