HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

စစ်ရေးနည်းကို ရှောင်ပြီး စားပွဲဝိုင်းထိုင် ဆွေးနွေးကြရန် UCCPF တိုက်တွန်း

စစ်ရေးနည်းကို ရှောင်ပြီး စားပွဲဝိုင်းထိုင် ဆွေးနွေးကြရန် UCCPF တိုက်တွန်း

ရန်ကုန်၊ မေ ၁၄

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်နေစဉ်အတွင်း စစ်ရေးနည်းကို ရှောင်ပြီး စားပွဲဝိုင်းထိုင် ဆွေးနွေးကြရန် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီက တိုက်တွန်းလိုက်သည်။ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မ တီ (UCCPF)၏ ကချင်ပြည်နယ် စစ်ဘေး ရှောင်ပြည်သူများသို့ ကူညီကယ်ဆယ်ရေး ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၁၄ ရက်က ရန်ကုန်မြို့  Orchid Hotel တွင် ပြုလုပ်ခဲ့ပြီး အထက်ပါ တိုက်တွန်းချက်ပါဝင်သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စစ်ပွဲတွေအစား၊ ပြည်သူကို မထိခိုက်အောင် အဖြေရှာဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်''ဟု UCCPF မှ ပြောခွင့်ရ ဦးစိုးဌေးက ပြောသည်။ ယင်းအပြင် ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ ၂ဝ၁၃ ခုနှစ်က နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် စာချုပ်ပါအတိုင်း လိုက်နာကျင့်သုံးကြရန်လည်း တိုက်တွန်းထားသည်။


ယင်းအပြင် UCCPF ၏ ထုတ်ပြန်ချက်တွင် စစ်ပွဲများအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကချင် ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန်၊ စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက် ဖြေရှင်း ခြင်းမပြုရန်နှင့် လက်ရှိ ပုဒ်မတပ် ဖမ်းဆီးအရေးယူမှုများကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန်၊ တနိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် တရားဝင် IDPs  များအဖြစ် အမြန်ဆုံး အသိအမှတ်ပြုကာ စစ် ရှောင်စခန်းများ ဖွင့်လှစ်ပေးရန်ဟူ၍လည်း တိုက်တွန်းထားသည်။


လက်ရှိ စစ်ဘေးရှောင် ပြည်သူများသည် နီးစပ်ရာ ဘုရားကျောင်းများတွင် နေထိုင်နေရပြီး မိုးကျလာသဖြင့် နေရေး ထိုင်ရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဦးစိုးဌေးကဆိုသည်။  လက်ရှိအချိန်တွင် ပိတ်မိပြည်သူ ၁ဝဝဝ ဝန်းကျင်ခန့်ကို ကယ်ထုတ်နိုင်ခဲ့ ပြီဖြစ်ပြီး ကျန်ရှိနေသူများလည်းရှိသေး ကြောင်း ၎င်းကဆက်ပြောသည်။


HWA

#democracytoday

Rate this item
(0 votes)
back to top