HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရန်ကုန် ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲ မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ်၊ အမှတ်တရစကား ပြောကြားခဲ့သည့် ကိုဇေယျာလွင်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး လာရောက် တားမြစ်

ရန်ကုန် ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲ မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ်၊ အမှတ်တရစကား ပြောကြားခဲ့သည့် ကိုဇေယျာလွင်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး လာရောက် တားမြစ်

ရန်ကုန်၊ မေ ၁၄

ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် မေ ၁၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် မေ ၁၄ ရက်က ကဗျာဆရာများစုပေါင်းကာ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲကိုကျင်းပခဲ့ရာ ခွင့် ပြုချက်ရယူထားခြင်းမရှိဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးက ပွဲစတင်ခါစ၌ လာရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

ကဗျာရွတ်ပွဲတွင် ပါဝင်သူများက ကဗျာရွတ်ဆိုခြင်းသာဖြစ် ကြောင်း၊ ဆန္ဒထုတ်ဖော်ခြင်းမ ဟုတ်ကြောင်း ပြန်လည်ပြောကြားပြီး ကဗျာရွတ်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ''အရင်တုန်းကလည်း တနင်္ဂ နွေနေ့တိုင်း ကဗျာရွတ်ပွဲတွေ လုပ်နေကျပဲ။ အဲဒီတုန်းကတော့ လာမတားခဲ့ဘူး။ ဒီနေ့ကျ ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ်လိုက်တဲ့အတွက် လာရောက်တားဆီး ခြင်းရှိခဲ့တာပါ'' ဟု ကဗျာဆရာ ရဲရင့်လင်္ကာကပြောသည်။ အဆိုပါပွဲသည် ကဗျာရွတ်ရန် သီးသန့်ဖြစ်သည့်အတွက် ခွင့်ပြုချက်တင်မထားကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းနောက် ကဗျာရွတ်ပွဲသို့ လာရောက်ခဲ့သည့် ကိုဇေယျာလွင်ကို ကဗျာဆရာများက အမှတ်တရစကားပြောကြားရန် ဖိတ်ခေါ်ရာ ၎င်းက အမှတ်တရစကား ပြောကြားခဲ့သည်။ ကိုဇေယျာလွင်က မေ ၁၂ ရက် တာမွေမြို့နယ်၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်ကို ပြောနေစဉ် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ မှူးက လာရောက်တားမြစ်ခဲ့ပြီး ကဗျာသာရွတ်ဆိုရန် ပြောကြားခဲ့သဖြင့် ကဗျာရွတ်ဖတ်ခြင်းကိုသာ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကဗျာရွတ်ပွဲ အေးချမ်းစွာပြီးဆုံးခဲ့သော်လည်း အမှတ်တရစကား ပြောကြားခဲ့သည့် ကိုဇေယျာလွင်ကို စခန်းသို့လိုက်ခဲ့ရန် ကျောက် တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ် ဆောင်ခဲ့ပြီး အမှုဖွင့်မည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ ''ကျွန်တော့်ကို ကျောက်တံတားရဲစခန်းကို ခဏလိုက်ခဲ့ပါလို့ ပြောတယ်။ ပုဒ်မ ၁၉ (ငြိမ်းစုစီ) နဲ့ အမှုဖွင့်မယ်လို့တော့ ပြောသွားတယ်။ ကျွန်တော့်အနေနဲ့က ဒီပန်း ခြံမှာကျင်းပတဲ့ပွဲကိုလာတယ်။ ဒီပွဲကိုကျင်းပတဲ့ ကဗျာဆရာအစ်ကို တွေက အမှတ်တရစကားပြောကြားပေးဖို့ပြောတယ်။ ပြောတဲ့ အပေါ်မှာမူတည်ပြီးတော့ ပုဒ်မ ၁၉ တပ်ပုံရပါတယ်''ဟု ကိုဇေယျာလွင်က မီဒီယာများသို့ပြောသည်။ ထို့နောက် ကိုဇေယျာလွင်က မလိုက်နိုင်ကြောင်းပြောကာ ကားတစ်စီးဖြင့် ထွက်သွားခဲ့ကြောင်း သိရသည်။


၎င်းကို အမှုဖွင့်၊ မဖွင့်မပြောနိုင်သေးကြောင်း ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမျိုးထက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ''ဖွင့်၊ မဖွင့်တော့ ပြောလို့မရ သေးဘူး'' ဟု ၎င်းကပြောသည်။ ကိုဇေယျာလွင်သည် မေ ၁၂ ရက်က တာမွေမြို့နယ်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆန္ဒထုတ် ဖော်ပွဲနှင့်ပတ်သက်၍ ငြိမ်းစုစီ ပုဒ်မ (၂ဝ) ဖြင့် ဗဟန်းရဲစခန်းမှ အမှုဖွင့်တရားစွဲဆိုခြင်းခံထားရသူဖြစ်ပြီး ယမန်နေ့ညနေပိုင်းကမှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top