HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ် အပ်နှံသူ လေးသိန်းကျော်ရှိ၊ NVC ကတ် ကိုင်ဆောင်သူ ခြောက်သောင်းကျော်သာ ရှိသေးဟု ပြည်ထောင်စုဝန်ကြီး ဆို

မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ် အပ်နှံသူ လေးသိန်းကျော်ရှိ၊ NVC ကတ် ကိုင်ဆောင်သူ ခြောက်သောင်းကျော်သာ ရှိသေးဟု ပြည်ထောင်စုဝန်ကြီး ဆို

ရန်ကုန်၊ မေ ၁၄ 

မြန်မာနိုင်ငံတစ်ဝန်း ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်)အပ်နှံသူ လေးသိန်း ကျော်ရှိသည့်အနက် နိုင်ငံသားစိ စစ်ခံရမည့်သူ၏ သက်သေခံကတ် ပြား(NVC)ကိုင်ဆောင်သူ ခြောက် သောင်းကျော်သာရှိသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

မေ ၁၄ ရက် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(National Verifi cation Card) ထုတ်ပေးခြင်းအပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှုအ ခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းပြရာ၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၃၁.၅.၂ဝ၁၅ရက်အထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူပေါင်း ၄၆၉၁၈၃ဦးရှိပြီး ၁.၆.၂ဝ၁၅ ရက် မှ၁ဝ.၅.၂ဝ၁၈ရက်အထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူများနှင့် နိုင်ငံသားစိစစ်မှုခံယူရန်လိုအပ်သူများအား NVC ကတ်ထုတ်ပေးမှုပေါင်းမှာ ၆၂၅၂၈ဦးဖြစ်ပါတယ်။လျှောက်ထားရန်ကျန်ရှိနေသူ အများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး ယာယီသက်သေခံလက်မှတ် အပ်နှံသူပေါင်း ၃၉၇၄၉၇ဦးအနက် NVC ကတ်ကိုင် ဆောင်သူပေါင်းမှာ ၁၅၇၁ဝဦးသာရှိပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။


ရခိုင်ပြည်နယ်တွင် NVC ကတ် လျှောက်ထားရန်ကျန်ရှိခြင်း အဓိကအကြောင်းမှာ လူမျိုးအမည်ဖြည့်သွင်းမှုကိုသဘောမကျခြင်း၊ မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့်သတ်မှတ်လိုသောသဘောထားရှိခြင်း၊ အစွန်းရောက်များ၏ ဆန့်ကျင်ကန့်ကွက်မှုများကိုလည်း နားယောင် ခြင်း၊ ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှုများကိုလည်း ကြောက်ရွံ့နေသောအနေအထားကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ''ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံလက်မှတ်အပ်နှံသူ အများစုတို့မှာ NVC ကတ်ကိုင်ဆောင်ထားခြင်းမရှိကြသဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်သူများအဖြစ် တရားဝင် အသိအမှတ်ပြုထုတ်ပေးခြင်းကို မိမိဘာသာမိမိ ဆန့်ကျင်နေသကဲ့သို့ဖြစ်နေပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင်လည်း ပူးပေါင်းပါဝင် ကြခြင်းမရှိသဖြင့် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားအဆင့် အတန်းတစ်မျိုးမျိုးအဖြစ် အသိအမှတ်ပြုခြင်းခံရမည့် အခွင့်အရေးများအား မိမိသဘောဖြင့်မိမိလက်လွှတ်ဆုံးရှုံးစေလျက်ရှိကြောင်း တွေ့ရှိရ ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောသည်။


ယာယီသက်သေခံကတ်ပြားများကို ၁၉၉၅ခုနှစ်က စတင်ထုတ် ပေးထားခြင်းဖြစ်ပြီး ၂ဝ၁၅ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံးက ယာယီသက် သေခံလက်မှတ် သက်တမ်းကုန်ဆုံးမည့်ရက်ကို ၂ဝ၁၅ မတ်လ၃၁ရက်ဟု သတ်မှတ်ကာ ယင်းနေ့မတိုင်မီလက်မှတ်များ ပြန်အပ်ရန်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယာသီသက်သေခံလက်မှတ်နှင့်စပ်လျဉ်းပြီး သုံးသပ်အကြံပြုရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်က ယာယီသက်သေ ခံလက်မှတ်အပ်နှံပြီးသူများအား NVC ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ကာ နိုင်ငံ တော်သမ္မတရုံးက ၂ဝ၁၅ မေလတွင် ယင်းသို့ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ NVC ကတ်ပြားထုတ်ပေးခြင်း ရည်ရွယ်ချက်မှာ ၁၉၈၂ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား /နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်ဆဲကာလတွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူအ ဖြစ် အသိအမှတ်ပြု နိုင်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီးဦးသိန်းဆွေက ပြောသည်။


NVC ကိုင်ဆောင်သူများရရှိ နိုင်မည့်အခွင့်အရေးမှာ နိုင်ငံတွင်း အချုပ်အခြာအာဏာအောက် နေထိုင်သူများဖြစ်ကြောင်း၊ သက်သေခံနိုင်ခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန်လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ လျှောက်ထားလာသူများကို မြန်မာနိုင်ငံသားဥပ ဒေနှင့်အညီ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးဖြတ်ပေးရမည်၊ NVC ကတ် ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်အရပ်ကိုမဆို သွားလာလိုပါက သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော ဒေသန္တရအမိန့်၊ ညွှန်ကြားချက်များဖြင့်အညီ ခရီးသွားလာခွင့်ရရှိမည် စသည်တို့ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။


YM 

#democracytoday

Rate this item
(0 votes)
back to top