HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြဋ္ဌာန်း ဥပဒေများ လူထုအပေါ် အကျိုး ရှိ၊ မရှိနှင့် ဝန်ကြီးဌာနများ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ်များ စောင့်ကြည့် စိစစ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြော

ပြဋ္ဌာန်း ဥပဒေများ လူထုအပေါ် အကျိုး ရှိ၊ မရှိနှင့် ဝန်ကြီးဌာနများ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ်များ စောင့်ကြည့် စိစစ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြော

ရန်ကုန်၊ မေ ၁၄

ပြဋ္ဌာန်းဥပဒေများ ပြည်သူလူထုအပေါ် အကျိုး ရှိ၊ မရှိနှင့် ဝန်ကြီးဌာနများ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိကို လွှတ်တော်ကိုယ်စားလှယ်များ စောင့်ကြည့်လေ့လာစိစစ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကပြောသည်။ မေ ၁၄ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပြန်လည်စတင်ရာ အမှာစကားပြောရာ၌ ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ခေတ်စနစ်နဲ့မညီတဲ့ ဥပဒေ တွေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်သလို ပြည်သူ့အကျိုး စီးပွားဖြစ်ထွန်းစေတဲ့ ဥပဒေတွေ၊ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့် အရေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို ဆက်လက်ပြီး ပြဋ္ဌာန်းသွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာလွှတ်တော်တွေကို လေ့လာ ကြည့်မယ်ဆိုရင် ပြဋ္ဌာန်းပြီးတဲ့ ဥပဒေများရဲ့ အကျိုးသက်ရောက်မှု ဆက်လက်လေ့လာစိစစ်ခြင်းကို လွှတ်တော်များက ဆောင်ရွက်ပါတယ်။ လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်တဲ့ ဥပဒေများကို လက်တွေ့ ကျင့်သုံးရာတွင် ပြည်သူလူထုအ ပေါ် အကျိုးသက်ရောက်မှုရှိ၊ မရှိနဲ့ အကောင်အထည်ဖော်ရတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိကို လွှတ်တော် ကိုယ်စားလှယ်များက စောင့်ကြည့် လေ့လာစိစစ်သွားရန်လိုအပ်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။


လွှတ်တော်များအနေဖြင့် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို တက်နိုင်သမျှ စိစစ်ထိန်းညှိပြီး ဒီမိုကရေ စီစံနှုန်းများနှင့်ကိုက်ညီသော လွှတ် တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် အားကိုး၊ အားထားပြုရသော လွှတ်တော်ဖြစ်ရေးအတွက် ကြိုး စားဆောင်ရွက်သွားကြရန်လည်း ပြောသည်။ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီး ဖြစ်ပေါ်လာရေး အင်တိုက်အားတိုက်ပါဝင်ကြရန်၊ တိုင်းရင်းသားအချင်းချင်းကြား ယုံကြည်မှုတည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြရန်လည်း ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။


''ကျွန်တော်တို့နိုင်ငံမှာ ဒီမိုက ရေစီယဉ်ကျေးမှုတွေ ပိုမိုတိုးတက် ဖြစ်ထွန်းစေဖို့ ကိုယ်စားလှယ်များ ကိုယ်တိုင်က ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ စံနမူနာပြဆောင်ရွက် သွားကြရမှာဖြစ်သလို နိုင်ငံတော်မှာလွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားမျာ ထွန်းကားဖို့အတွက် ဥပဒေများ အခိုင်အမာ ပြဋ္ဌာန်းနိုင်ကြဖို့ အထူးလိုအပ်ပါတယ်'' ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ယခုအဋ္ဌမပုံမှန်အစည်းအ ဝေးကာလတွင် ကြယ်ပွင့်ပြမေးခွန်း (၁၅၂) ခု၊ အဆို (၁၂)ခု၊ ဥပ ဒေကြမ်း (၂၈) ဆောင်ရွက်ရန်ရှိ ကြောင်းသိရသည်။


YM, MP

#democracytoday

Rate this item
(0 votes)
back to top