HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရိုက်တာ သတင်းထောက်များ အမှု ဦးမိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းရန် အမိန့်ပေးခဲ့ခြင်း မရှိဟု ရဲချုပ် ဆို

ရိုက်တာ သတင်းထောက်များ အမှု ဦးမိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းရန် အမိန့်ပေးခဲ့ခြင်း မရှိဟု ရဲချုပ် ဆို

နေပြည်တော်၊ မေ ၁၅

ရိုက်တာသတင်းထောက်များအမှုတွင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းရန် အမိန့်ပေးခဲ့ခြင်းမရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်အောင်ဝင်းဦးက ပြောသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို မေ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန် ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက ရဲချုပ်ကရှင်းလင်းပြောကြားခဲ့သည်။

 

''ဦးမိုးရန်နိုင်က ထောင်ချောက်ဆင်ဖမ်းဆီးတယ်လို့ ထွက်ဆိုတာရှိပါတယ်။ အဲဒီတော့ ထောင် ချောက်ဆင်ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ ဦးမိုးရန်နိုင်ရဲ့ အပြောတစ်ခုပဲ အခုသတင်းထောက်ကြီးတို့သိထားတာပဲရှိပါသေးတယ်။ တရားလိုပြသက်သေတွေကျန်ပါသေးတယ်။ တရားလိုပြသက်သေတွေရဲ့ တရား ရုံးရှေ့ထွက်ဆိုချက်ကိုလည်း နားထောင်ကြည့်ပါဦးလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ အဲ ဒါကြောင့် လတ်တလောအခြေအနေမှာတော့ ရဲမှူးချုပ်တင်ကိုကို ကို အရေးယူမှုဆောင်ရွက်ထားတာမရှိပါဘူး။ သူကလည်း ဦးမိုးရန်နိုင်ပြောသလို ဒီ ထောင်ချောက်ဆင်တဲ့ ဇာတ်လမ်းအခြေအနေကို သူဖန်တီးခဲ့တာမဟုတ်ပါဘူး။

 

ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဒီရိုက်တာသတင်းထောက်ပုဂ္ဂိုလ်နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက တွေ့ဖူးခြင်းလည်းမရှိပါဘူး။ သိထားခြင်းလည်းမရှိတဲ့အခြေအနေဖြစ်ပါတယ်။ သူတို့ကို ဥပဒေနဲ့အညီ အမှုရင်ဆိုင်တော့မှပဲ သူသိတဲ့အခြေအနေဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန့်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြားလိုပါတယ်''ဟု ရဲချုပ်အောင်ဝင်းဦးက ဖြေကြားခဲ့သည်။

MO

#democracytoday

Rate this item
(1 Vote)
back to top