HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဘူးလက်ဂျာနယ်တွင် မမှန်မကန် ရေးသားခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ဦးလှဆွေကို ခေါ်ယူ သတိပေး

ဘူးလက်ဂျာနယ်တွင် မမှန်မကန် ရေးသားခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ဦးလှဆွေကို ခေါ်ယူ သတိပေး

ရန်ကုန်၊ ဇွန် ၁၂

ဘူးလက်ဂျာနယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ မမှန်မကန်ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ ဦးလှဆွေကို ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေးခဲ့ ကြောင်းသိရသည်။ ဘူးလက်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ၂ဝ၁၈ ခုနှစ် အကြိုဟောကိန်းဆောင်းပါးတွင် ရွေးကောက်ပွဲအသုံးစရိတ်များ ပိုမိုတောင်းခံထားကြောင်း ရေးသားထားခြင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအား အရည်အချင်းမပြည့်မီဟု ရေးသားထားခြင်းနှင့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမ တိုင်ခင် နိုင်ငံတော်အကြီးအကဲများပြောကြားခဲ့သည့် မိန့်ခွန်းများနှင့်ပတ်သက်၍ ရေးသားထားခြင်းများမှာ မမှန်မကန်ရေးသားထား ခြင်းဖြစ်သည့်အတွက် ယင်းကဲ့သို့ ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်ပြီး ဘူးလက်ဂျာနယ်တွင် ပြန်လည်တောင်း ပန်ရန်လည်း ဦးလှဆွေမှ ခံဝန်ထိုးခဲ့ကြောင်း သိရသည်။

''ဆောင်းပါးမှာ (ကြားဖြတ်ကျင်းပရန် အသုံးစရိတ်အား) ကော်မရှင်က ပိုပြီးတောင်းတယ်ဆိုတဲ့သဘော ရေးထားတယ်။ နောက်ကော်မရှင်အဖွဲ့ဝင်တစ် ယောက်ကို အရည်အချင်းမမီဘူး ဆိုပြီးတော့ လွှတ်တော်မှာကန့် ကွက်တယ်ဆိုတဲ့အကြောင်း၊ နောက် ၁၃ ပါတီက ကန့်ကွက်လွှာတင်တဲ့ အပေါ် အရေးမယူဘူးပေါ့။ အဲဒီသုံးချက်က မမှန်ကန်တဲ့အချက် တွေ ဖြစ်နေတာပေါ့။ အဲဒါကို ဘူးလက်ဂျာနယ်ထဲမှာပဲ ပြန်ပြီးတော့ မှားယွင်းကြောင်း ကော်မရှင်ကို တောင်းပန်ရမှာပေါ့'' ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန် ၁၂ ရက်တွင်ပြောသည်။ ကော်မရှင်မှ ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရန် ငွေကြေး တောင်းခံရာတွင် ခန့်မှန်းတောင်းဆိုခြင်းသာဖြစ်ပြီး ပိုပါကလည်း ပြန် လည်အပ်နှံရကြောင်း၊ ဦးလှဆွေအနေဖြင့် မမှန်မကန်ဆက်လက် မရေးသားရန်ခံဝန်ထိုးခိုင်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းအချက်များနှင့်ပတ်သက်၍ ဂျာနယ်တွင် ပြန်လည်ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး ဦးလှဆွေက မီဒီယာများသို့ပြောသည်။


ဦးလှဆွေက ''ဆောင်းပါးထဲ မှာရေးထားတာတွေက ကြံ့ခိုင်ရေးပါတီက ဒေါက်တာနန္ဒာလှမြင့်က ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားမျှတမှုကို နည်းနည်းသံသယရှိ တယ်လို့ ရေးထားတယ်။ အဲဒါ တွေလည်း ကျွန်တော်ကရေးထားတယ်။ ပြောတာကတော့ တရားမျှတမှုမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တရားမျှတမှုမရှိဘူးလို့ ခဏခဏ ပြောရင် သိက္ခာကျတဲ့အတွက် ကြောင့် တရားစွဲမယ်လို့ ကျွန် တော့်ကို ပြောပါတယ်။ နောက်တစ်ခုရှိတာက ကျွန်တော်ကပြောတယ်။ သူတို့သန်းပေါင်း ၁၆ဝဝ တင်တာနဲ့ပတ်သက်ပြီးတော့ ရှစ် ယောက်တုန်းကလည်း သန်းပေါင်း ၁၆ဝဝ ပေါ့နော်။ ၁၃ ယောက်တုန်းကလည်း သန်းပေါင်း ၁၆ဝဝ ပဲ ပေါ့။ အဲဒီလိုဖြစ်နေတယ်လို့ ကျွန် တော်ကရေးထားတယ်။ သူတို့ရှင်း ပြတာက ကျွန်တော်တို့ ဘတ်ဂျက် ကိုပိုတင်ထားပါတယ်တဲ့။ ပိုတင်ထားတဲ့အတွက် ဘတ်ဂျက်ဆိုတာ တစ်ခါတင်ပြီးရင် ပြန်တောင်းရ ခက်တဲ့အတွက်ကြောင့် ပိုလို့ရှိရင် ပြန်အပ်ပါတယ်တဲ့။ ၂ဝ၁၇ ခုနှစ်တုန်းကလည်း ထုတ်ထားတဲ့ဘတ် ဂျက်တွေပိုနေလို့ ပြန်အပ်ပါတယ်တဲ့။ တစ်ပြားတစ်ချပ်မှ အလွဲသုံးစား မလုပ်ပါဘူးတဲ့။

 

 

ဦးလှဆွေ ရေးတဲ့ပုံစံက အလွဲသုံးစားလုပ်တဲ့ ပုံစံဖြစ်နေတယ်။ ပိုတဲ့ပိုက်ဆံတွေ ကော်မရှင်အဖွဲ့ဝင်တွေ ခွဲယူလိုက်တဲ့ပုံစံမျိုး စာဖတ်ပရိသတ်တွေက တွေးလိမ့်မယ်တဲ့။ ဒါကြောင့်မို့ အဲ ဒါမှားပါတယ်တဲ့။ အဲဒါကိုပြန်လည် ပြီးတော့ ဂျာနယ်ထဲမှာ ဖြေရှင်း ပေးပါဆိုတော့ ကျွန်တော်ဖော်ပြ ပေးပါမယ်လို့ ပြောလိုက်ပါတယ်။အဲဒါကအဓိကပါပဲ။ နောက်တစ်ခါ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းထိန်တို့ silent day မှာ ပြီးခဲ့တဲ့ကြားဖြတ်ရွေး ကောက်ပွဲမှာပြောသလို ဒီအပတ်လည်း ပြောဦးမှာလားလို့ ကျွန် တော်ရေးတဲ့အထဲမှာပါတယ်။ အဲဒီလိုရေးတာကို သူတို့ကဘယ်လို ပြောလဲဆိုတော့ အဲဒီတုန်းက ရွေး ကောက်ပွဲမှာ ဒီကိစ္စလည်းဖြေရှင်း ပြီးဖြစ်ပါတယ်တဲ့။ ကန့်ကွက်လွှာတင်လို့ ပယ်ချပြီးဖြစ်ပါတယ်တဲ့။ ဖြေ ရှင်းပြီးသားကြီးကို ထပ်ရေးတဲ့အတွက်ကြောင့် ဒါကတော့ မရေးသင့်ဘူးပေါ့လေ။ အဲဒီလိုမျိုး ကျွန်တော့် ကိုပြောပါတယ်။ ကျွန်တော့်ဂျာနယ်ရဲ့ နဂိုရေးတဲ့စာမျက်နှာမှာပဲ အဲဒါကိုပြန်လည်ပြီးတော့ ဖြေရှင်းချက် လေးရေးပေးပါလို့ သူတို့ကတောင်းဆိုတယ်''ဟုပြောသည်။ 

MP, HWA

#democracytoday

 

Rate this item
(0 votes)
back to top