HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကုလအထူး ကိုယ်စားလှယ်သည် အပြုသဘော ရှုမြင်တတ်သူ ဖြစ်ခြင်းကြောင့် ရခိုင်အရေး ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင် ဟုဆို

ကုလအထူး ကိုယ်စားလှယ်သည် အပြုသဘော ရှုမြင်တတ်သူ ဖြစ်ခြင်းကြောင့် ရခိုင်အရေး ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၁၂

ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရ နာဘာဂျီနာသည် အပြုသဘောရှုမြင်တတ်သူဖြစ်ခြင်းကြောင့် ရခိုင်အရေးနှင့်ပတ်သက်၍ ကောင်းမွန်သောရလဒ်များထွက်ပေါ်လာနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းဒုတိယအတွင်းဝန် ဦးအောင် ကျော်ဇံက ပြောသည်။ ''သူမဟာ အပြုသဘောနဲ့ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လို့ ကျွန်တော်တို့ဘက်ကမြင်တယ်။ အဲဒါကြောင့်လည်း လက်ခံခဲ့တာပါ။ ရခိုင်အရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ရလဒ် ကောင်းတွေထွက်ပေါ်လာမှာပါ'' ဟု ၎င်းက ဇွန် ၁၂ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

ခရစ္စတင်းရှရနာဘာဂျီနာ (Christine Schraner Burgener)ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံကခန့်အပ်ခဲ့ပြီး ဇွန် ၁၂ ရက် ညနေက မြန်မာနိုင်ငံသို့ရောက် ရှိခဲ့သည်။ ၎င်းသည် ဇွန် ၁၅ ရက်တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံကာ ဇွန် ၁၇ ရက်တွင် ရခိုင်ပြည်နယ်သို့သွား ရောက်မည်ဖြစ်ကြောင်း ¤င်းကပြောသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏လုပ်ဆောင်ချက်များအပေါ် အ ထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ၎င်းကိုခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဦးဟောက်ဒိုဆွမ်းက ဇွန် ၁၁ ရက်တွင် ဘီဘီစီသို့ပြောသည်။


¤င်းသည်ယခုရာထူးကို လက်ခံမယူခင် ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး စသည့်တာဝန်များထမ်းဆောင်ခဲ့ဖူး ကြောင်း၊ ဂျပန်နိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ အာရှရေးရာနှင့်ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ အတွေ့အကြုံရှိသူဖြစ်ကြောင်း၊ မစ္စဘာဂျီနာ၏ ခင်ပွန်းဖြစ်သူမှာလည်း မြန်မာနိုင်ငံ၌ သံအမတ်အဖြစ် နှစ်အတန်ကြာတာဝန် ထမ်းခဲ့ဖူးကြောင်း၊ မစ္စဘာဂျီနာဘန်ကောက် တွင်တာဝန်ထမ်းဆောင်စဉ်အချိန်က မြန်မာနိုင်ငံသို့ မကြာခဏလာရောက်ခဲ့ဖူးကြောင်း သိရသည်။

NT

#democracytoday

Rate this item
(0 votes)
back to top