HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာ့အကျပ်အတည်း၏ ထွက်ပေါက်သည် ပြုပြင်ပြောင်းလဲမှု လုပ်ခြင်းသာဖြစ်

မြန်မာ့အကျပ်အတည်း၏ ထွက်ပေါက်သည် ပြုပြင်ပြောင်းလဲမှု လုပ်ခြင်းသာဖြစ်

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာ့အကျပ်အတည်း၏ထွက်ပေါက်သည် ပြု ပြင်ပြောင်းလဲမှုလုပ်ခြင်းသာဖြစ် ကြောင်း ISP-Myanmar ၏အမှု ဆောင်ဒါရိုက်တာ ဦးမင်းဇင်က ပြောသည်။ ဇူလိုင် ၈ ရက်က ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ISP Myanmar ကကျင်းပသည့်''အနာဂတ် မြန်မာနိုင်ငံ ၂ဝ၅ဝ'' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ `၎င်းက အထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အကျပ်အတည်းတွေ့လေ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုလေ ဟူသည့် တရုတ်ကွန်မြူနစ်ခေါင်း ဆောင်တိန့်ရှောင်ဖိန်၏ စကားကို ကိုးကားကာ ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင်လက်ရှိအချိန်တွင် ကမ္ဘာနှင့်ပေါင်းစပ်ရမည့်အချိန် ဖြစ်ပြီး ''စီးပွားရေးပိတ်ဆို့မှုတို့မမှု''ဟူသည့် ယခင်လမ်းစဉ်များကို မလိုက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''ကျွန်တော်တို့လည်း ရခိုင်အရေးအပါအဝင် အခြားပြဿနာ ပေါင်းစုံကြောင့် ကျွန်တော်တို့နိုင်ငံမှာဖိအားတွေများပါတယ်။ လူ့ သဘာအရ ဖြစ်လေ့ဖြစ်တာက ဘာလဲဆိုတော့ ဖိအားတွေများရင် အတွင်းကို ပြန်လျှိုသွားတယ်။ ဝင်သွားချင်တယ်။ တိန့်ရှောင်ဖိန်ကို နမူနာယူဖို့ကောင်းပါတယ်။ ဖိအား တွေများလေ Reform ပြန်လုပ်ဖို့လိုလေဆိုတာ သိပ်ကိုတန်ဖိုးရှိပါတယ်။ ကျွန်တော်တို့အခုလိုနေတာက တပ်မတော်ခေါင်းဆောင်များ ရော၊ နိုင်ငံရေးခေါင်းဆောင်များ ရော၊ အရပ်ဘက်အဖွဲ့အစည်းများ ရော ဖိအားတွေပိုများလေ Reform လုပ်တာသာလျှင်ထွက်ပေါက်ဖြစ် တယ်ဆိုတဲ့ Vision ကျွန်တော်တို့ လိုပါတယ်''ဟု ဦးမင်းဇင်က ပြောသည်။


ဆက်လက်ပြီး ဦးမင်းဇင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးပြောကြားရာ၌ ပေါ်လစီများချမှတ်မည်ဆိုပါက အခြေခံအချက်များကို နားလည်ရန်လိုကြောင်းလည်း ပြောသည်။ ''ကျွန်တော်တို့ ပရိုဂရမ် တကယ်လုပ်တော့မယ်။ ပေါ်လစီ တွေ တကယ်လုပ်တော့မယ်ဆိုရင် အခြေခံအချက်တွေနားလည်ဖို့လိုပါတယ်။ သွားချင်တာက ဖက်ဒရယ်လို့ပြောပြီးတော့ ၂ဝဝ၈ အ ခြေခံဥပဒေဟာအခြေခံဖြစ်တယ်ဆိုပြီး အတင်းထိုးရောင်းနေရင်ခက်ပါတယ်။ နှစ်ဖက်စလုံးပါပဲ။ ကျွန်တော်တစ်ဖက်တည်းကို မ ပြောပါဘူး။ အခြားတစ်ဖက်မှာ လည်း ဖက်ဒရယ်ပြောပြီးတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ် တော်တွေကို ထိန်းချုပ်ရမယ်လို့ ယူဆထားတယ်ဆိုရင် ဒါကလည်း ပြဿနာရှိပါတယ်။ ဆိုတော့ အခြေခံတွေကို နားမလည်ရင် ပေါ်လစီ တွေကို ချမှတ်ဖို့ခက်ခဲပါတယ်'' ဟု ၎င်းကဆိုသည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top