HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ရိုက်တာ သတင်းထောက်နှစ်ဦးကို စွဲချက်တင်

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ရိုက်တာ သတင်းထောက်နှစ်ဦးကို စွဲချက်တင်

ရန်ကုန်၊ ဇူလိုင် ၉ - ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြင့် ရိုက်တာသတင်းထောက် နှစ် ဦးကို ဇူလိုင် ၉ ရက်က စွဲချက် တင်လိုက်ကြောင်းသိရသည်။

မြောက်ပိုင်းခရိုင်တရားရုံး၌ စွဲချက်တင်ခံရသည့် ရိုက်တာသတင်း ထောက်နှစ်ဦးကို ၂၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် စွဲချက်တင်ခဲ့ပြီး အပြစ်ရှိ၊ မရှိ တရားသူကြီး၏မေး မြန်းမှုကို ¤င်းတို့နှစ်ဦးက အပြစ်မ ရှိကြောင်း တရားခွင်၌ ပြောကြား ခဲ့သည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ''အ မိန့်ချတော့ ကိုဝလုံးရော၊ ကိုကျော်စိုးဦးရောနှစ်ယောက်စလုံးကို စွဲ ချက်တင်လိုက်ပါတယ်။ တင်တဲ့အ ကြောင်းပြချက်က ဘယ်နှစ်ရက် နေ့။ အဲဒီနေ့တစ်ဝိုက်တွင် ဘယ်နေ ရာမှာပေါ့။ ကိုဝလုံးတို့ကို ဖမ်းတဲ့ နေရာကိုပြောတာ။ အစိုးရ လျှို့ ဝှက်ချက်စာရွက်စာတမ်းများကို အစိုးရအကျိုးစီးပွားဆန့်ကျင်စေ တဲ့ရည်ရွယ်ချက်ဖြင့် (သို့မဟုတ်) ရန်သူနဲ့ဆက်စပ်ပြီးတော့ ဆောင် ရွက်ရန်သဘောဖြင့် စုဆောင်း ခြင်း၊ ရယူခြင်း၊ ရေးမှတ်ခြင်း၊ ဖြန့် ဝေခြင်းအစရှိသည်ကို ပြုတယ်လို့ ပေါ်ပေါက်တဲ့အတွက်ကြောင့် အ စိုးရလျှို့ဝှက်ချက်အက် ဥပဒေပုဒ် မ-၃(၁)(ဂ)ဖြင့် စွဲချက်တင်လိုက် တယ်။ မည်သည့်အတွက်ကြောင့် အပြစ်မပေးထိုက်ကြောင်း ထုချေ ပါ။ နှစ်ယောက်စလုံး အဲလိုပြော တယ်။ သူတို့ကတော့ စုဆောင်း ခြင်းဆိုတဲ့ စကားလုံးပါတယ်ပေါ့။သူတို့လက်ထဲမှာ အဲ့ဒါရောက်နေ တယ်။ ဒါစုဆောင်းတယ် ဒီလိုပဲ ပေါ့။ အဲ့တာနဲ့တင်တာပေါ့'' ဟု မီ ဒီယာများကို ပြောသည်။

နိုင်ငံတော်နှင့်အစိုးရကို ဆန့်ကျင်ခြင်း (သို့မဟုတ်) အကျိုးစီးပွားပျက်စီးစေသည့် သဘောလုံးဝမရှိကြောင်း၊ စာရွက်များကို စုဆောင်း ခြင်း၊ ဖြန့်ဝေခြင်း၊ ရေးမှတ်ခြင်းမ ပြုခဲ့ကြောင်း၊ ဂျာနယ်လစ်ကျင့်ဝတ်နှင့်အညီ သတင်းထောက်အလုပ်လုပ်ခဲ့သဖြင့် အပြစ်မရှိကြောင်း သတင်းထောက်ကို ဝလုံးနှင့်ကိုကျော် စိုးဦးနှစ်ဦးစလုံးက တရားခွင်အ တွင်းပြောဆိုခဲ့သည်ဟု ၄င်းက ဆက်လက်ပြောသည်။

စွဲချက်တင်ပြီးနောက် ပြန်ခေါ် သက်သေ ခေါ်သွားမည်မဟုတ် ကြောင်း ¤င်းက ပြောသည်။

''တရားလိုပြသက်သေတွေ အပေါ် ကြည့်ပြီးတော့ ရုံးကတော့ စွဲချက်တင်လိုက်တယ်ပေါ့။ နှစ် ယောက်စလုံးက သက်သေတွေ အနေနဲ့ အစစ်ခံပါမယ်'' ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က ပြောသည်။

စွဲချက်များနှင့်ပတ်သက်ပြီး ထုချေဖြေရှင်းရန် တရားခံပြသက် သေများအဖြစ် ကိုဝလုံးက လေး ဦးနှင့် ကိုကျော်စိုးဦးက နှစ်ဦးတင် ထားကြောင်း သိရသည်။

''တယ်လီနောက တာဝန်ခံ တစ်ယောက်ပါမယ်။ သတင်းမီဒီ ယာက ကျောင်းအုပ်ကြီးတစ်ယောက် ပါမယ်။ သတင်းထောက်နဲ့ စာရေး ဆရာတစ်ယောက်ပါမယ်။ ရိုက် တာယာဉ်မောင်းတစ်ယောက်ပါ မယ်'' ဟု တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ဇော်က ပြောသည်။

ရုံးချိန်းကို ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်သို့ နှစ်ရက်ဆက် ချိန်းဆို ကာ သတင်းထောက်နှစ်ဦးအား စစ်ဆေးသွားမည် ဖြစ်သည်။

သတင်းထောက်ကိုဝလုံးက ''ဒီနေ့စွဲချက်တင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်ပြောချင်တာက လက်လျှော့မှာ မဟုတ်ပါဘူး။ ရုံးတော်က ဆုံးဖြတ်တယ်ဆိုတာကလည်း အပြစ်ရှိတယ်လို့ ဆုံး ဖြတ်တာမဟုတ်ပါဘူး။ ခုခံချေပ ခွင့်ရှိပါတယ်။ အပြစ်မရှိဘူးဆိုတာ ကိုလာမယ့်ရုံးချိန်းမှာ ထွက်ဆို သွားပါမယ်''ဟု ရုံးအထွက်တွင် မီဒီယာ များကို ပြောသည်။

ရိုက်တာသတင်းဌာနမှ သတင်း ထောက် ကိုသက်ဦးမောင်(ခ)ဝလုံး နှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ နှစ်ဦးကို အရေးကြီးလုံခြုံရေးစာ ရွက်စာတမ်း အထောက်အထား များတွေ့ရှိသည်ဟုဆိုကာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ည ပိုင်းက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း သိရသည်။

WYHW/DemocracyToday

Rate this item
(0 votes)
MSK

back to top