HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မျှော်လင့်ချက်များဖြင့် ရောက်ရှိလာခြင်းဖြစ်ဟု ဗိုလ်ချုပ် ဂွမ်မော် ဆို

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မျှော်လင့်ချက်များဖြင့် ရောက်ရှိလာခြင်းဖြစ်ဟု ဗိုလ်ချုပ် ဂွမ်မော် ဆို

ရန်ကုန်၊ ဇူလိုင် ၁ဝ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မျှော်လင့်ချက်များ ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း KIA  ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ် မော်က ပြောသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ယင်းပွဲကိုတက်ရောက်ရန်အတွက် NCA လက်မှတ်မထိုးထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ဇူလိုင် ၁ဝ ရက်က နေပြည်တော်သို့ရောက်ရှိလာပြီဖြစ်ပြီး KIA  ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ဂွမ်မော်က နေပြည်တော်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မျှော်လင့်ချက်တွေနဲ့လာ တာပါလို့ အားလုံးကို မက်ဆေ့ခ်ျ လေးပေးချင်ပါတယ်''ဟု ၎င်းက ပြောသည်။  တရုတ်မှ ဖိအားပေးခြင်း ကြောင့် တက်ရောက်သည်ဟု ဝေဖန် နေမှုများကိုလည်း ၎င်းကငြင်းဆို ခဲ့ပြီး ဆွေးနွေးမှုများမှတစ်ဆင့် တိုက်ပွဲများ လျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆို သည်။


''တိုက်ပွဲတွေလျော့သွားမယ်လို့ မျှော်လင့်ပါတယ်။ ဆွေးနွေးပွဲ တွေကတော့ ဆွေးနွေးမှပဲသိမှာ ပေါ့နော်''ဟု ၎င်းကပြောသည်။ ညီလာခံတက်ရောက်ရန်အတွက် လုံခြုံရေးနှင့်ပတ်သက်၍မူ တရုတ်က လုံခြုံရေးယူပေးထား ကြောင်း ၎င်းကပြောသည်။ အဆက်ပြတ်နေသည့် ဆက်သွယ်ရေးကို ပြန်လည်ဆက် သွယ်နိုင်ရန်မှာ အဓိကအချက်ဖြစ်ပြီး ညီလာခံမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် ကွင်းဆက်များရရှိလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ၂၁ ရာစုပင်လုံကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ နေပြည်တော်တွင်ကျင်းပမည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ခုနစ်ဖွဲ့ဖြစ်သည့် KIA, TNLA, MNDAA, SSP/ SSA, AA, UWSA  နှင့် မိုင်းလားအဖွဲ့များမှ ကိုယ်စားလှယ်အားလုံးရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောသည်။ 

 

HWA, CNB

#democracytoday

Rate this item
(0 votes)
back to top