HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကျောက်ထုတ် စခန်းသုံးခုသို့ လူ့အခွင့်အရေး ကော်မရှင် ရှောင်တခင် ဝင်စစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မတွေ့ရှိဟုဆို

ကျောက်ထုတ် စခန်းသုံးခုသို့ လူ့အခွင့်အရေး ကော်မရှင် ရှောင်တခင် ဝင်စစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မတွေ့ရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၁ဝ

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျောက်ထုတ် စခန်းသုံးခုကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ရာ လူ့အခွင့်အ ရေးချိုးဖောက်မှုများမတွေ့ရှိဟု လူ့အခွင့်အရေးကော်မရှင်အဖွဲ့ ဝင်ဦးယုလွင် အောင်ကပြောသည်။  ဇူလိုင် ၁ဝ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ထုံး ဘို (၁) ကျောက်ထုတ်စခန်း၊ ထုံးဘို (၂) ကျောက်ထုတ်စခန်းနှင့် ထုံးဘို (အမျိုးသမီး) ကျောက်ထုတ်စခန်း တို့ကို လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင်နှင့်ဒေါက် တာမြင့်ကြည်တို့ ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ သွား ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျောက်ထုတ်စခန်းများသို့ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်ကသွား ရောက်စစ်ဆေးခဲ့ရာ အလုပ်ခွင်အတွင်းနားနေရန် အမိုးအကာထားရှိမှု၊ သောက်သုံးရေရရှိမှု၊ အလုပ်ချိန်ကျော်လွန်ခိုင်းစေမှု စသည်တို့ မရှိစေရန်မှာကြားခဲ့ကြောင်း လက် ရှိအချိန်တွင် အမှန်တကယ်လိုက်နာခြင်းရှိ၊ မရှိသိရှိနိုင်ရန် ရှောင်တခင်သွားရောက်စစ်ဆေးခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု များမရှိကြောင်း ဦးယုလွင်အောင်က ဒီမိုကရေစီတူဒေးသို့ ဇူလိုင် ၁ဝ ရက်တွင်ပြောသည်။


''အရင်ကစစ်ပြီးသားပေါ့ နော်။ အန်ကယ်တို့ အကြံပြုထားတာကို အမှန်တကယ်လိုက်နာမှုရှိ၊ မရှိစစ်ဆေးတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု တွေတော့ ထူးထူးခြားခြားမရှိပါ ဘူး'' ဟု ဦးယုလွင်အောင်ကပြောသည်။ ဇူလိုင် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်အတွင်းရှိ ကျောက်ထုတ်စခန်းနှစ်ခုသို့ သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။


HWA

#democracytoday

Rate this item
(0 votes)
back to top