HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်သည့် စနစ်တစ်ခုဖြစ်လာရန် ဒုတိယမျိုးဆက် ခေါင်းဆောင်များကြား ကြိုတင်ချိတ်ဆက် ပြင်ဆင်ထားရန် လိုဟုဆို

ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်သည့် စနစ်တစ်ခုဖြစ်လာရန်  ဒုတိယမျိုးဆက် ခေါင်းဆောင်များကြား ကြိုတင်ချိတ်ဆက် ပြင်ဆင်ထားရန် လိုဟုဆို

ရန်ကုန်၊ သြဂုတ် ၇

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော် ဆောင်နိုင်သည့် စနစ်တစ်ခုဖြစ်လာရန် လက်ရှိ ခေါင်းဆောင်များ အလွန် ဒုတိယမျိုးဆက်ခေါင်း ဆောင်အချင်းချင်းကြား ယခုကတည်းက ကြိုတင်ချိတ်ဆက်ပြင်ဆင်ထားကြရန်လိုဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ပြောသည်။

သြဂုတ် ၇ ရက်နေ့ ၈၈၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့် အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယ နေ့တွင် ဝင်ရောက်ဆွေးနွေးရာ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။  တပ်မတော်နှင့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကြား လက်ရှိအချိန်တွင် အဘက်ဘက်မှ ကွာဟ နေကြောင်း ယုံကြည်မှုတည်ဆောက်ရန်၊ အမျိုးသားပြန်လည်သင့်မြတ် ရေးတည်ဆောက်ရန်အတွက် ယင်းအဖွဲ့အသီးသီးမှ နောက်တက်လာမည့် မျိုးဆက်များကြား ယခုကတည်းက ကြိုတင်ချိတ်ဆက်ပြင် ဆင်ထားကြရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။ 

 

''အဲဒါတွေ (ယုံကြည်မှုတည် ဆောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး)ကို တည်ဆောက်နိုင်တဲ့ စနစ်တစ်ခုဖြစ်လာအောင် ကျွန်တော်တို့ ပြင်ဆင်ဖို့လိုတယ်။ ပြင်ဆင်တဲ့နေရာမှာ Timeline ဆိုတာကို၊ အချိန်ဆိုတဲ့်ခေအသမ ကို အခြေခံစဉ်းစားစေချင်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပြောရင် ဒီငါးနှစ်သက်တမ်းမှာ ဘယ်လောက် အတိုင်းအတာပြီး အောင်လုပ်မယ်၊ နောက်ငါးနှစ်သက်တမ်းမှာ ဘယ်လောက်ပြီး အောင်လုပ်မယ်။ ကျွန်တော်တို့က အချိန်နဲ့ ဘာကြောင့်ပြောသလဲဆိုတော့ အလွှာတိုင်းမှာ လူပုဂ္ဂိုလ် တွေပြောင်းသွားမယ်။ ဆိုလိုတာက စစ်ဘက်ကလူတွေ ခေါင်းဆောင် တွေ ပြောင်းသွားရင် လူလတ်ပိုင်း ဘယ်သူတွေတက်မယ်။ ကျွန်တော် တို့ဘက်က ဘယ်သူတွေတက်မယ်။ တိုင်းရင်းသားတွေဘက်က ဘယ်သူတွေတက်မလဲ။ အဲဒီအလွှာတိုင်း၊ အလွှာတိုင်းမှာ အခုကတည်းက ကြိုတင်ချိတ်ဆက်ပြင် ထားတာတွေ လုပ်သင့်တယ်လို့ မြင်တယ်''ဟု ၎င်းက ပြောသည်။


ယင်းအပြင် ရင်ကြားစေ့ရေး လမ်းကြောင်းကိုသွားရာတွင် အဖွဲ့အားလုံးအနေဖြင့် မည်သည့်အချက်ကို လိုချင်သည်ဟု ဆွေးနွေးကြခြင်းထက်၊ မည်သည့်အချက်ကို စိုးရိမ် နေသလဲဟူသည့်အပေါ် ပွင့်လင်း စွာပြောကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောသည်။  စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး စဉ်းစားရာတွင် တစ်ဖက်နှင့်တစ်ဖက် ထိုင်ခုံပြောင်းစဉ်း စားစေလိုကြောင်းလည်း ၎င်းက ပြောသည်။  ၂ဝဝ၈ အခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်မှုအနေ ဖြင့် မဲခွဲဆုံးဖြတ်ခြင်းများ မပြုလုပ်ခင်စစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်များအကြား လွှတ် တော်နောက်ကွယ်တွင် ကနဦး ဆွေးနွေးသင့်ကြောင်း၊ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သင့် ကြောင်း ၎င်းက ဆွေးနွေးပွဲအပြီး မီဒီယာများသို့ ပြောသည်။  ၈၈၈၈ အရေးတော်ပုံ နှစ် ၃ဝ ပြည့်အထိမ်းအမှတ် နိုင်ငံရေး ဆွေးနွေးပွဲကို သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီးရရှိလာသည့် အချက်အလက်များကို သြဂုတ် ၈ ရက် အခမ်းအနားတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top