HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများဖြင့် ပုသိမ်တွင် ရှစ်လေးလုံးအခမ်းအနား ပြုလုပ်

သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများဖြင့် ပုသိမ်တွင် ရှစ်လေးလုံးအခမ်းအနား ပြုလုပ်

ဌေးဌေး - ရန်ကုန်၊ နှစ် ၃၀ ပြည့် ရှစ်လေးလုံးအောက်မေ့ ဖွယ်အခမ်းအနားကို ပုသိမ်မြို့တွင် ရည်ရွယ် ချက်ငါးချက်ဖြင့် ကျင်းပခဲ့ပြီး သြဂုတ် ၈ ရက် အား မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ် ရန်အချက်လည်း ပါဝင်ကြောင်း ပုသိမ်မြို့ ရှစ် လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကျင်းပရေးကော်မတီ ထံမှ သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်မြို့ တွင်ဖြစ်ခဲ့သော ရှစ်လေးလုံး၏ အတိတ်သမိုင်း ပန်းချီကားများအပြင် အတိတ်က အဖြစ်အ ပျက်များအား အများပြည်သူများ ကြည့်ရှုနိုင် ရန် ပရိုဂျက်တာဖြင့်ထိုးကာ ဗီဒီယိုမှတ်တမ်း အနေဖြင့် ပြသခဲ့ကြောင်း သိရသည်။

““ဒီနှစ်မှာမှ ပုသိမ်မြို့တော်ခန်းမမှာ စပြီး လုပ်ရတဲ့အတွက် လာမယ့်နှစ်တွေမှာတော့ ပိုပြီးတော့ ခမ်းခမ်းနားနားဖြစ်အောင် လုပ် သွားမယ်။ ဒီပွဲကိုတော့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။ အခမ်းအနား ကို တက်ရောက်လာတဲ့ ပြည်သူအင်အား ၅၀၀ ၀န်းကျင်လောက်ရှိတယ်””ဟု ပုသိမ်မြို့ ရှစ် လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကျင်းပရေးကော် မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝေဠုက ပြော သည်။

အခမ်းအနား၏ ရည်ရွယ်ချက်များအနေ ဖြင့် (၁)ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ တွင် စွန့်လွှတ်ပေးဆပ်မှုများစွာဖြင့် ပါဝင်ခဲ့သည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူအ ပေါင်းနှင့် ကျဆုံးခဲ့သော ပြည်သူအပေါင်းတို့၏ ဂုဏ်ကျေးဇူးကို လေးနက်စွာ အောက်မေ့တသ ဂုဏ်ယူကြောင်း၊ (၂)အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝသည့် နိုင်ငံတော် ပေါ်ထွန်းရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး ပြည့်စုံရေးစသည့် ရှစ် လေးလုံးပြည်သူတို့ ဖော်ထုတ်ပြသခဲ့မှုများကို အပြည့်အ၀ အကောင်အထည်ပေါ်သည်အထိ ထိုတာဝန်ကို လက်ဆင့် ကမ်းထမ်းဆောင်သွား ကြရန် အလေးအနက် သနိ္နဋ္ဌာန်ပြုကြောင်း ပါရှိသည်။ ထို့အပြင် ရှစ်လေးလုံးအရေးတော်ပုံ၏ သမိုင်းဝင်အရေးပါမှု၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်ရေးအတွက် ရည်ရွယ်ပြီး ပုသိမ်မြို့ ရှစ်လေးလုံးအထိမ်းအမှတ် အမြဲတမ်း ပြခန်း၊ ကျောက်တိုင် စသည့်အထိမ်းအမှတ် တစ်ခုခုကို တည်ထောင်နိုင်ရေးအတွက် ၀ိုင်း ၀န်းကြိုးပမ်းကြရန် အစိုးရအဖွဲ့အား ပြောဆို ထားသည်။

ထို့အပြင် ပြည်သူ့ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်မှုအပေါင်း၏ မူလအစ ဖြစ်သော သြဂုတ် ၈ ရက်ကို မြန်မာ့ဒီမိုကရေစီ နေ့အဖြစ် တရားဝင် သတ်မှတ်ပေးနိုင်ရန် ၀ိုင်း ၀န်းတောင်းဆိုထားသည့်အပြင် ရှစ်လေးလုံး အရေးတော်ပုံ၏ အဝေးအနီးအကြောင်းအရာ များကို မျိုးဆက်သစ်လူငယ်များ အမှန်အတိုင်း သိရှိနားလည်စေရန်နှင့် သမိုင်းဖြစ်စဉ်များ တွင် မျောပါမသွားစေဘဲ သင်ခန်းစာယူ၍ ရှေ့ဆက်ရမည့် နိုင်ငံ့ငြိမ်းချမ်းရေးခရီးစဉ်အား စုစည်းညီညွှတ်စွာ အတူတကွ ပူးပေါင်းဆောင် ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပုသိမ်မြို့နေပြည်သူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

Rate this item
(0 votes)
back to top