HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြုပါတီ တစ်ရပ် အကောင်အထည် ဖော်ရေးကော်မတီတို့ ပူးပေါင်းရန် သဘောတူညီမှု ရရှိ

မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြုပါတီ တစ်ရပ် အကောင်အထည် ဖော်ရေးကော်မတီတို့ ပူးပေါင်းရန် သဘောတူညီမှု ရရှိ

ရန်ကုန်၊ သြဂုတ် ၉

ပူးပေါင်းရန် သဘောတူညီထားသော မွန်ပါတီနှစ်ခုနှင့် မွန်ကိုယ်စားပြုပါတီတစ်ရပ် အကောင်အထည်ဖော်ရေး ကော်မတီတို့ ပူးပေါင်းရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီ (AMDP)နှင့် မွန်အမျိုးသားပါတီ (MNP)တို့ ပေါင်းစည်းရန် ဇူလိုင် ၂၁ ရက်က သဘောတူညီမှုရရှိခဲ့ ပြီးနောက် လက်ကျန်မွန်နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ မွန်ကိုယ်စား ပြုပါတီတစ်ရပ် ပေါ်ထွန်းရေးအတွက် ကြိုးပမ်းလျက်ရှိသည့် မွန်ကိုယ်စား ပြုပါတီတစ်ရပ်အကောင်အထည် ဖော်ရေးကော်မတီတို့ သြဂုတ် ၆ ရက်က ဆွေးနွေးခဲ့ပြီး ပူးပေါင်းရန် သဘောတူညီမှု ထပ်မံရရှိခဲ့ခြင်း ဖြစ်ကြောင်း (AMDP) ပါတီ အထွေ ထွေအတွင်းရေးမှူး (၁) နိုင်စံတင် က ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၉ ရက်တွင် ပြောသည်


''သဘောတူညီမှုရခဲ့ပါပြီ။ သြဂုတ် ၆ ရက် ဆွေးနွေးပွဲမှာရခဲ့တာပါ''ဟု ၎င်းက ပြောသည်။ ယင်းအပြင် ကျန်ရှိနေသည့် မွန်အမျိုးသမီးပါတီတစ်ခုနှင့် အခြား သော ပြန့်ကျဲနေသည့် နိုင်ငံရေး အင်အားစု အားလုံးပူးပေါင်းပါဝင် နိုင်ရေးအတွက်လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ''အားလုံးပါဝင်နိုင်ရေးဆိုတဲ့ မူကရှိပြီးသားဆိုတော့ ကျန်တဲ့ မွန်အမျိုးသမီးပါတီနဲ့ အခြား အရပ်ဘက်အဖွဲ့အစည်းတွေ ပြန့်ကျဲနေတဲ့ အင်အားစုတွေနဲ့ ဆက်လက်ပြီး ဆွေးနွေးသွားမှာပါ။ ဒီရက်ပိုင်းအတွင်း ဆွေးနွေးဖြစ်ပါမယ်''ဟု နိုင်စံတင်က ပြောသည်။


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီ (AMDP)နှင့် မွန်အမျိုး သားပါတီ (MNP)ပါတီနှစ်ရပ် ပေါင်း စည်းရန် ဇူလိုင် ၂၁ ရက်က သဘောတူညီမှုရရှိခဲ့ရာတွင် ထွက် ပေါ်လာမည့် ပါတီသစ်တွင် ပါဝင်မည့် ဗဟိုကော်မတီဝင် ၁ဝဝ ဦးတွင် တစ်ပါတီမှ ၅ဝ စီ ပါဝင်ရန် သဘောတူထားကြောင်း သိရသည်။ ယင်းကဲ့သို့ သဘောတူထား သော်လည်း လက်ကျန်နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်လာပါက ပြန်လည်ဆွေးနွေးကာ အားလုံးသဘောတူညီသည့် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သွားပေးမည်ဖြစ်ကြောင်း နိုင်စံတင်က ပြောသည်။


''အားလုံးကပါဝင်လာပြီဆိုရင်တော့ အကုန်လုံးပြန် ဆွေးနွေးပြီး ပြန်ပြင်ဆင်ရမှာပေါ့''ဟု ၎င်းက ပြောသည်။ အားလုံးပါဝင်လာပါက ပါတီနာမည်၊ အမှတ်တံဆိပ်၊ ဖွဲ့စည်းပုံ စသည်တို့ကို ဆွေးနွေးအတည်ပြု ကာပါတီသစ်တစ်ရပ်ကို ရွေး ကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားမည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် ပါတီသစ်တစ်ရပ် အကောင်အထည်ဖော်မည်ကိုမူ လက်ရှိအချိန်တွင် မပြောနိုင်သေး ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top