UNDP နှင့် UNHCR ဝန်ထမ်းများကို ရခိုင်ပြည်နယ်ကို သွားခွင့်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၉
မြန်မာအစိုးရနှင့် UNDP၊ UNHCR တို့အကြား ရေးထိုးထားသည့် MoU ကိုအကောင်အထည်ဖော်ရန် UNDP နှင့် UNHCR ဝန်ထမ်းများကို ရခိုင်ပြည်နယ်ကို သွားခွင့်ပြု ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာလချွန်လွှာအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရေး ပထမအဆင့်အနေ ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ် စုငါးအုပ်စု (ကျေးရွာ ၁၂ ရွာ)နှင့် မောင်တောမြို့နယ်ရှိကျေးရွာအုပ်စုရှစ်အုပ်စု(ကျေးရွာ ၁၁ ရွာ)၊ စု စုပေါင်းကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ၂၃ ရွာ) တို့၌ ကွင်းဆင်း အကဲဖြတ်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၉ ရက်က ထုတ်ပြန်ထားသည်။
ယင်းသို့ကွင်းဆင်းအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် UNDP နှင့် UNHCR တို့ဘက်မှ တာဝန်ချထားသည့် ဝန်ထမ်းများအား လိုအပ်သည့်ခရီးသွားလာခွင့်ပြုထားကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သြဂုတ် ၇ ရက်တွင် အသိပေးခဲ့ပြီး ယခုအခါအဆိုပါနေရာများသို့ ကွင်းဆင်းအကဲဖြတ်မှုများပြုလုပ်ရန်အတွက်လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးရန် သက်ဆိုင်ရာဌာနများသို့ အကြောင်း ကြားထားပြီးဖြစ်ကြောင်း သိရသည်
UNDP နှင့် UNHCR ဝန်ထမ်းများ ရခိုင်ပြည်နယ်သို့ သွား ရောက်လေ့လာခြင်းသည့် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး သြဂုတ် ၆ ရက်တွင်လည်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ် (UNDP) ဌာနေကိုယ်စားလှယ် Mr.Peter Batchelor နှင့် ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဒုတိယဌာနေကိုယ်စားလှယ် Ms. Cecile Fradot တို့က ၎င်းတို့ရခိုင် ပြည်နယ်အတွင်း သွားရောက်ကွင်းဆင်းလေ့လာခဲ့မှုအခြေအနေများ၊ ပြန်လည်ဝင်ရောက်မည့်သူများအတွက် ပြန်လည်နေရာချထား ပေးနိုင်မည့် ကျေးရွာများအခြေအနေ၊ UNDP၊UNHCR တို့နှင့် မြန်မာအစိုးရတို့အကြားချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာပါအချက်များအတိုင်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ စသည့်တို့ကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သိရသည်။
ZCH
#democracytoday