HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဦးကိုနီ လုပ်ကြံခံရချိန်တွင် ကြည်လင်းနှင့် အောင်ဝင်းဇော် အတူမရှိ ဟုဆို

ဦးကိုနီ လုပ်ကြံခံရချိန်တွင် ကြည်လင်းနှင့် အောင်ဝင်းဇော် အတူမရှိ ဟုဆို

ရန်ကုန်၊ သြဂုတ် ၉

စီစီတီဗွီမှတ်တမ်းတွင် ဦးကိုနီလုပ်ကြံခံရချိန်၌ အောင်ဝင်းဇော်မှာအတူ ရှိမ နေကြောင်း အောင်ဝင်းဇော်၏ရှေ့ နေ အထက်တန်းရှေ့နေဦးအောင်ခိုင်က ပြောသည်။ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သြဂုတ် ၉ ရက်တွင် အောင်ဝင်းဇော်အား သက်သေအဖြစ် အပြီးသတ်စစ်ဆေးခဲ့သည်။

အောင်ဝင်းဇော်၏ ရှေ့နေ၊ အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ''အောင်ဝင်းဇော်ကို စစ် ဆေးတာ ဒီနေ့အဆုံးသတ်သွားပြီ။ စီစီတီဗီမှတ်တမ်းကို တစ်ကွက် ချင်းပြန်ကြည့်တော့ စီစီတီဗွီမှတ်တမ်းအရ အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့က အဲဒီလေယာဉ်ကွင်းမှာ ရောက်နေတဲ့တစ်ချိန်လုံးမှာ တူတူမရှိဘူး။ တစ်နာရီလောက်ကွာဟပြီးတော့ အောင်ဝင်းဇော်က တစ်နေရာ၊ ကြည်လင်းကတစ်နေရာ။ တစ်ချိန်လုံးရှေ့နောက်သွား နေတာမဟုတ်ဘူး။ အောင်ဝင်း ဇော်နဲ့ ကြည်လင်းနဲ့ နှစ်ယောက်အတူပါတဲ့ ပုံရိပ်တွေမှာလည်း အောင်ဝင်းဇော်နဲ့ ကြည်လင်းက ဟန်အမူ အရာနဲ့ ပြောဆိုဆက်ဆံတာမျိုး၊ ပစ္စည်းတစ်စုံတစ်ရာ ပေးတာမျိုး မတွေ့ဘူး။ ဦးကိုနီကိုပစ်ဖို့ ပုံရိပ် ပေါ်တယ်။ အဲဒီပုံထဲမှာလည်း အောင်ဝင်းဇော်ကို မတွေ့ဘူး'' ဟု ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၉ ရက်က ပြောသည်။


ရုံးချိန်းတွင်စွပ်စွဲခံ ကြည်လင်းဘက်မှ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော် ကျော်ထိုက်၏ မေးခွန်းမေးမြန်းမှုကို အောင်ဝင်းဇော်က ဖြေကြားခဲ့သည်။ ကြည်လင်းကဲ့သို့ ခြိမ်းခြောက် ခိုင်းစေခြင်းခံရပါက ရဲတပ်ဖွဲ့သို့ သွားရောက် သတင်းပေးပို့လျှင် ရဲတပ်ဖွဲ့က အကာအကွယ်ပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း အောင်ဝင်းဇော်က ထွက်ဆိုခဲ့ကြောင်း အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ပြောသည်။ သြဂုတ် ၉ ရက် ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ၆၅ ကြိမ်မြောက် ရုံး ထုတ်ခဲ့ပြီးအာမခံဖြင့် အမှုရင်ဆိုင် နေသူ အောင်ဝင်းထွန်းလည်း လာ ရောက်ခဲ့ကြောင်း သိရသည်။


စွဲချက်များနှင့် ပတ်သက်ပြီး ထုချေဖြေရှင်းရန် ကြည်လင်းအပါ အဝင်လေးဦးအတွက် တရားခံပြ သက်သေ ၅၂ ဦးတင်ထားသည်။' အဆိုပါအမှုနှင့် ပတ်သက်ပြီး ရုံးချိန်းကို သြဂုတ် ၁ဝ ရက်သို့ ထပ်မံချိန်းဆိုထားပြီး ဇေယျာဖြိုးအား စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်းသိရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top