HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တပ်မတော်ကို ထောက်ခံ၊ ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင် ဆန္ဒထုတ်ဖော်

တပ်မတော်ကို ထောက်ခံ၊ ပြင်ပစွက်ဖက်  လုပ်ဆောင်မှုများကို ဆန့်ကျင် ဆန္ဒထုတ်ဖော်

တပ်မတော်ကို ထောက်ခံသူများ ဆန္ဒထုတ်ဖော်ပွဲကျင်းပစဉ်။(ဓာတ်ပုံ-MPA) 

 

ရန်ကုန်၊ စက်တင်ဘာ ၁၁

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့တွင် လူအင်အား ၂ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ဆိပ်ကမ်းမြို့နယ်များရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှတို့ လုံးဝလက်မခံ၊ APHR ၏ အောက်လုံး အစီရင်ခံစာအလိုမရှိ အလိုမရှိ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာတို့ လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook  ကို လုံးဝဆန့်ကျင်ရှုတ်ချသည်စသည့်ြေ<ွကးကြော်သံ ဗီနိုင်းများကို ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။ 

NH

#democracytoday

Rate this item
(0 votes)
back to top