HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိသောကြောင့် မြဝတီမြို့၌ လုံခြုံရေးအင်အား တိုးမြှင့်

ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိသောကြောင့် မြဝတီမြို့၌ လုံခြုံရေးအင်အား တိုးမြှင့်

မြဝတီမြို့၌ဒုစရိုက်မှုများလျော့နည်းပပျောက်ရေးအတွက် လုံခြုံရေးအဖွဲ့က မော်တော်ယာဉ်များကိုစစ်ဆေးနေစဉ်။(ဓာတ်ပုံ- KKTM(MWD))

မြဝတီ၊စက်တင်ဘာ ၁၂

မြန်မာ -ထိုင်းနယ်စပ်ကရင်ပြည်နယ် မြဝတီမြို့တွင်ဒုစရိုက်မှုများ လျော့နည်းပပျောက်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက် ပြည်သူ့အကျိုးပြုအဖွဲ့မှ လူငယ်များပူးပေါင်း၍မြို့ပေါ်၌ စစ်ဆေးရှာဖွေရေးများ ဆောင်ရွက် နေစဉ်လက်ပစ်ဗုံးနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့ သောကြောင့် လုံခြုံရေးအင်အားတိုးမြှင့်ဆောင်ရွက် နေရကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃ ရက်မှစတင်၍ည စဉ်ညဦးပိုင်းမှ မိုးလင်းသည်အထိ အလှည့်ကျစနစ်ဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူများ ပူးပေါင်း၍နယ်မြေလုံ ခြုံရေးကို ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက် ၂ နာရီကမြဝတိမြို့ အမှတ် (၅) ရပ်ကွက်ချစ်ကြည်ရေးလမ်းမကြီးဘုံ ကျောင်းရှေ့၌ မူးယစ်စိတ်ကြွဆေး ပြားများနှင့် ဗုံးတစ်လုံးဖမ်းဆီးရမိခဲ့သည့်ကွင်းဆက်ကို ဆက်လက်ဖမ်းဆီးရာမှ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများထပ်မံဖမ်းဆီးရမိခဲ့သည့်အတွက်ယခုအခါလုံခြုံရေးကိုအင်အား နှစ်ဆတိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

''ကျွန်တော်တို့ပူးပေါင်းအဖွဲ့ အနေနဲ့နယ်မြေလုံခြုံရေးအရလူ တွေ၊ ဆိုင်ကယ်တွေမော်တော် ယာဉ်တွေကို စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ စက်တင်ဘာ၉ရက် နံနက် ၂နာရီခန့်မှာ မူးယစ်စိတ်ကြွဆေး ပြား၎ဝဝကျော်နဲ့လက်ပစ်ဗုံးတစ်လုံးကိုဖမ်းဆီးရမိခဲ့တယ်။ အဲဒီဖမ်းမိတဲ့သူတွေကိုကွင်းဆက်လိုက်ပြီး ဆက်စပ်ဖော်ထုတ်ရာမှာ လက်လုပ်မိုင်းတွေ၊ ဒီတိုနေတာ၊ တီအင်န်တီယမ်းပျော့ဖြစ်တဲ့ ဖောက်ခွဲ ရေးပစ္စည်းတွေတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီပစ္စည်းတွေဟာ အများပြည်သူစည်ကားတဲ့ နေရာတွေ၊ ဈေးနဲ့ပန်းခြံလိုနေရာမျိုး၊ နောက်ပြီးတံတားတွေကို ဖောက်ခွဲဖျက်ဆီးဖို့ဆိုတာသိရတယ်။ ဒါကြောင့်ကျွန်တော်တို့ပူးပေါင်းအဖွဲ့မှာထပ်မံအင်အားဖြည့်တင်းပြီး အင်အားနှစ်ဆနဲ့လုံခြုံ ရေးဆောင်ရွက်နေတာပါ'' ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအောင်နိုင်ထွန်းက ပြော ကြားသည်။


ယခုအခါ ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် လက်လုပ်မိုင်းများ၊ ဒီတိုနေတာများ၊ တီအင်န်တီယမ်း ပျော့များနှင့်အတူ ဖမ်းဆီးရမိသည့် မြဝတီမြို့နေ ကျော်ခိနှင့် လှိုင်းဘွဲ့ မြို့နေ စောဒိကလူးတို့အား (ပ) ၇၅၄/၂ဝ၁၈၊ ၁၉ဝ၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဥပဒေ ပုဒ်မ ၅/၆ ဖြင့် အရေးယူထား ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top