HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြန်မာလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်မှာ လူကုန်ကူးခံနေရ၊ ခေတ်သစ် ကျွန်ပြုခံနေရသည့် အခြေအနေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆို  

မြန်မာလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်မှာ လူကုန်ကူးခံနေရ၊ ခေတ်သစ် ကျွန်ပြုခံနေရသည့် အခြေအနေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆို   

ရန်ကုန်၊ စက်တင်ဘာ ၁၃-မြန်မာ လူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်မှာ လူ ကုန်ကူးခံနေရပြီး ခေတ်သစ်ကျေး ကျွန်ပြုခံနေရတဲ့ အခြေအနေထဲမှာ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။ စက်တင်ဘာ ၁၃ ရက်က ရန် ကုန်မြို့ မူးယစ်ပြတိုက်တွင် ပြုလုပ် သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

''လူကုန်ကူးမှုဖြစ်နေတဲ့ အ ခြေအနေဟာ ကလေးငယ်တွေ၊ အ မျိုးသမီးတွေကြားမှာ များစွာဖြစ် နေတယ်။ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်ကထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၆၇ နိုင်ငံပေါ်မှာ သုံးသပ် ထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစီ ရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံ ပေါင်း ၁၈ နေရာမှာ ရောက်ရှိနေ ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၂ သန်းကျော်ခန့်မှာ ၁ဝ ရာခိုင် နှုန်းလောက် လူကုန်ကူးမှုနဲ့ပတ်သက် နေပြီး ခေတ်သစ်ကျေးကျွန်ပြုနေ တဲ့အခြေအနေထဲမှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအခြေအနေ ဟာ များပြားတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ သတိပြု ရမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော သည်။


ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ အစီရင်ခံစာအရ လည်း ခေတ်သစ်ကျေးကျွန်စာရင်း တွင် သမားရိုးကျကျွန်ပြုခိုင်းစေခြင်း၊ လူမှောင်ခိုကူးခြင်း၊ အဓမ္မခိုင်းစေ ခြင်း၊ ငွေဝယ်ကျွန်၊ အဓမ္မထိမ်းမြား လက်ထပ်ခိုင်းစေခြင်း၊ အရွယ်မ ရောက်သေးသူများကို ခိုင်းစေခြင်း၊ ရောင်းစားမှုများ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံဟာ တခြားဖွံ့ဖြိုးဆဲ ကမ္ဘာ နိုင်ငံတွေထက် အလုပ်အကိုင်အ ခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါး မှု၊ သဘာဝဘေးအန္တရာယ်ကျရောက် မှု၊ လက်နက်ပဋိပက္ခများရှိနေတဲ့ အတွက် ဘဝရပ်တည်နိုင်မှုအခက် အခဲတွေကို အကြောင်းပြုပြီး လူ ကုန်ကူးမှုများက ဆက်လက်ဖြစ် ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ၏ လူကုန်ကူးမှုပြဿနာများကို ကြည့်ပါက အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသအတွင်းနိုင်ငံ တချို့မှာ ဈေးကွက်လိုအပ်ချက်နှင့် ချိတ်ဆက်ဖြစ်ပွားနေတာကို တွေ့ရှိ ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဆိုထားသည်။


၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းများ အရ တရုတ်နိုင်ငံကို ၇၄ ဒသမ ၃၄ ရာခိုင်နှုန်းခန့်၊ ထိုင်းနိုင်ငံမှာ ၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ မလေးရှား နိုင်ငံသို့ ဝ ဒသမ ၂၉ ရာခိုင်နှုန်းတို့ ဖြင့် မြန်မာနိုင်ငံ၏ ကလေး၊ လူငယ်၊ လူရွယ်များဟာ လူကုန်ကူးခံနေရ ပြီး ပြည်တွင်းလူကုန်ကူးမှုက ၂၁ ဒသမ ၂၈ ရာခိုင်နှုန်းခန့် ဖြစ်ပွား နေကြောင်း လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးအဖွဲ့စာရင်းအရ သိရသည်။ 

#democracytoday

Rate this item
(0 votes)
back to top