HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မန္တလေးမြို့ လူထုလုံခြုံရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများဆွေးနွေးပွဲ သက်ဆိုင်ရာမှ ခွင့်ပြုချက် ကျမလာ၍ ပွဲပျက်  

မန္တလေးမြို့ လူထုလုံခြုံရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများဆွေးနွေးပွဲ သက်ဆိုင်ရာမှ ခွင့်ပြုချက် ကျမလာ၍ ပွဲပျက်   

မန္တလေး၊ စက်တင်ဘာ ၁၃-မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် ၃ဝ လမ်းနှင့် ၃၁ လမ်း ကြား၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား ရှိ သကျသီဟဘုရားဝင်းအတွင်းရှိ ဝေဇယန္တာဓမ္မာရုံ၌ စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပမည့် မန္တလေးမြို့ခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ တွေ့ဆုံ၍ မန္တလေးမြို့ လူထုလုံခြုံမှုရေးရာ (Mandalay Public Security Affairs)ဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ မှ ခွင့်ပြုချက်ကျမလာသဖြင့် ပွဲပျက် သွားခဲ့ကြောင်း သိရသည်။

''၁၁ ရက်က ဒီပွဲ ပြုလုပ်မယ် ဆိုတဲ့အကြောင်း တာဝန်ခံတွေ နာမည်နဲ့ တရားဝင်စာပို့ပါတယ်။ ဒါပေမဲ့ တရားဝင် အကြောင်း ပြန်ကြားခြင်းမရှိပါဘူး။ ဘာလို တယ်။ ညာလိုတယ်လို့ အကြောင်း ပြန်တာမရှိခဲ့တော့ ဒီပွဲဖြစ်မြောက် ရေးကို ဆက်လုပ်ခဲ့တယ်။ ၁၂ ရက် မှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကတစ်ဆင့် တရားဝင် အောက်ခြေကနေစပြီး စာပြန်တင် ပေးပါဆိုလို့ ပွဲမိန့်တောင်းခံတာကို သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းထိ တရားဝင် စာတင် ခဲ့ပါတယ်။ ဘယ်နေရာမှာ ကြန့် ကြာနေလဲ မသိရပါဘူး။ မနေ့က ဆိုရင် တိုင်းအစိုးရအဖွဲ့ရုံးထဲမှာ ည ၈ နာရီထိ စောင့်ခဲ့တယ်။ ဘယ် ဌာနကမှ ဒီကိစ္စကို Yes or No ဆိုပြီး တာဝန်ယူဖြေကြားမပေးပါ ဘူး။ ဒီပွဲမိန့်နဲ့ပတ်သက်ပြီး ဘယ် သူကို အဖေခေါ်ရမလဲမသိဘူးဖြစ် နေတာပါ။ ဒီနေ့ပွဲကို ဖျက်သိမ်း လိုက်တာက ပေးတာလား မပေး တာလား မသိတဲ့အတွက် အချိန် မီ မရောက်လာတဲ့အတွက် ဖျက် သိမ်းလိုက်ရတာပါ''ဟု ပွဲဖြစ်မြောက် ရေးစီစဉ်သူ ဦးကိုကိုဦးကပြောသည်။

 

ယခုရက်ပိုင်းအတွင်း မန္တလေး မြို့၌ ခိုးဆိုး၊ လုယက်မှု ဒုစရိုက်မှု ဖြစ်ပွားမှု များပြားလာခဲ့ပြီး မြို့နေ လူထု၏ ကိုယ်စိတ်နှစ်ပါးလုံခြုံမှု ကို ထိခိုက်စိုးရွံ့စေသော အမှုအခင်း အချို့ဖြစ်ပေါ်ခဲ့သည့်အတွက် အဆို ပါ ကိစ္စရပ်များသည် မြို့၏ ဂုဏ် သိက္ခာ၊ မြို့၏ အလှတရားကို အမှန် တကယ် ထိခိုက်ပျက်စီးစေခဲ့သလို နစ်နာဆုံးရှုံးမှုတချို့လည်း ဖြစ်ပေါ် ခဲ့သည်။ အဆိုပါ ကိစ္စရပ်များအတွက် တစ်စုံတစ်ဦး၊ တစ်သင်းတစ်ဖွဲ့ကို ဝေဖန်ပြစ်တင်တရားခံရှာနေရုံ နှင့်လည်း ပြီးဆုံးသွားမည်မဟုတ် သဖြင့် ခိုးဆိုး၊ လုယက်မှု၊ ဒုစရိုက် များ လျော့နည်းပပျောက်သွားစေ ရေး၊ ကြိုတင်တားဆီးကာကွယ် နိုင်ရေးပြဿနာဖြစ်ပေါ်လာပါက စနစ်တကျတုံ့ပြန်ဖြေရှင်းနိုင်ရေး၊ မြို့သူမြို့သားတစ်ဦးချင်းစီမှ လက် တွေ့ကျကျ ပူးပေါင်းကူညီဆောင် ရွက်လာနိုင်ရေးအတွက် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်လာ ပြီဖြစ်သောကြောင့် ယခုကဲ့သို့ တွေ့ ဆုံဆွေးနွေးပွဲကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။


''မန္တလေးမြို့မှာ လုယက်မှုတွေ ဒုစရိုက်မှုတွေ တစ်နေ့ထက်တစ် နေ့ များပြားလာတာက မြို့နေလူ ထုရဲ့ လူမှုရေး၊ စီးပွားရေး အများ ကြီး ထိခိုက်စေပါတယ်။ မန္တလေး မြို့ မငြိမ်းချမ်းဘူး၊ မငြိမ်းချမ်းတာ တွေကို ငါတို့ ဘယ်လိုစုပေါင်းပြီး ဖြေရှင်းမလဲဆိုပြီး ဒီနေ့ပွဲလေးလုပ် တာ ဒါပေမဲ့ တင်လိုက်တဲ့ ပွဲ မိန့်က ကျမလာဘူးဆိုတော့ ဘာ ပြောရမလဲတောင် မသိတော့ဘူး'' ဟု စာရေးဆရာ ညီပုလေးက ပြော သည်။ 

AXE

#democracytoday

Rate this item
(0 votes)
back to top