၂ဝ၁၈ ခုနှစ်တွင် ထူးခြားသည့် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှု ပုံစံအသစ်များကို ဖော်ထုတ် အရေးယူနိုင်ခဲ့၊ ပြည်တွင်း လူကုန်ကူးမှုများတွင် ပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အား ခေါင်းပုံဖြတ်မှုတွေ အဓိကဖြစ်ပွားလျက် ရှိဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၁၃ - ၂ဝ၁၈ ခုနှစ်တွင် ထူးခြားမှုအနေနှင့် အငှားကိုယ် ဝန်ဆောင်သည့် လူကုန်ကူးမှုပုံစံအသစ် များကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ပြည်တွင်း လူကုန်ကူးမှုများတွင် ပြည့်တန် ဆာပြုမှုနှင့် အဓမ္မလုပ်အားခေါင်းပုံဖြတ် မှုတွေ အဓိကဖြစ်ပွားလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။
ယနေ့ နံနက်ပိုင်း နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက် ရောက်၍ အဖွင့်အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာ များကိုကြည့်မည်ဆိုပါက အိမ်နီးချင်း နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံ အချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားလျက်ရှိကြောင်း၊ လေ့ လာတွေ့ရှိရပါကြောင်း၊ ၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသို့ ၇၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၄ ဒသမ ၃၇ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ ဝ ဒသမ ၂၉ ရာခိုင်နှုန်း ဦးတည်ဖြစ်ပွား သည်ကိုတွေ့ရှိရပြီး၊ ပြည်တွင်းလူကုန်ကူး မှု ၂၁ ဒသမ ၂၈ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အိမ် နီးချင်းနိုင်ငံများဆီကို တရားမဝင်သွား ရောက်အလုပ်လုပ်ကိုင်ရာမှတစ်ဆင့် လူကုန် ကူးခံနေရသည်ကိုတွေ့ရပြီး အိမ်နီးချင်း နိုင်ငံများဆီကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရာမှတစ်ဆင့် လူကုန်ကူး ခံရပြီး အမျိုးသမီးအများစုမှာ အဓမ္မထိမ်း မြားလက်ထပ်ဖို့ လူကုန်ကူးခံနေရကြောင်း တွေ့ရှိရပါကြောင်း၊ ထူးခြားမှုအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင် သည့် လူကုန်ကူးမှုပုံစံအသစ်များကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း''ဒုတိ ယသမ္မတက ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏လူကုန်ကူး မှုများ ဖော်ထုတ်အရေးယူမှုအနေနှင့် ပဉ္စမ အကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့ပြီးဆုံးချိန်မှစ၍ ယနေ့အထိ လူကုန်ကူး မှုဖော်ထုတ်မှုပေါင်း ၂၁ဝ မှု၊ လူကုန်ကူးခံ ရသူ ကျား ၃၂ ဦး၊ မ ၂၁၈ ဦး၊ စုစုပေါင်း ၂၅ဝ ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး တရားစွဲ တင်နိုင်ခဲ့သည့်အမှုအရေအတွက် ၁၄၂ မှု၊ လူကုန်ကူးသူတရားခံ ကျား ၁ဝ၆ ဦး၊ မ ၂၆ဝ တို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ ကြောင်း သိရသည်။
MP
#democracytoday