HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အကျဉ်းသား ၄ဝ ကျော် ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၏ လုံခြုံရေးကို ကြပ်မတ်သွားမည် ဟုဆို  

အကျဉ်းသား ၄ဝ ကျော် ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၏ လုံခြုံရေးကို ကြပ်မတ်သွားမည် ဟုဆို   

ရန်ကုန်၊ စက်တင်ဘာ ၂၁

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၏ လုံခြုံရေးကို ကြပ်မတ်သွားမည်ဖြစ် ကြောင်းသိရသည်။ ''လုံခြုံရေးနဲ့ပတ်သက်လို့က တော့ အကုန်လုံးသက်ဆိုင်ရာ အုပ်ချုပ်ညွန်ကြားရေးမှူးတွေကို ကြပ် မတ်ဆောင်ရွက်သွားဖို့ လုပ်နေပါတယ်'' ဟု အကျဉ်းဦးစီးဌာန၊ ပြော ရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးက ဒီမိုက ရေစီတူဒေးသို့ စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။

ထောင်များ၏ ဖွဲ့စည်းပုံ၊ လုံခြုံ ရေးအပိုင်း၊ အုပ်ချုပ်ရေးအပိုင်း တို့ရှိ လိုအပ်ချက်များကို တင်ပြ ရန် အကျဉ်းထောင်အသီးသီးသို့ ညွှန်ကြားထားကြောင်း ကဆက် လက်ပြောသည်။ ''ညွှန်ကြားချက်တွေ ထုတ်ထားတယ်။ လုံခြုံရေးတွေ မကျိုး ပေါက်အောင်၊ အုပ်ချုပ်မှုလျော့နည်း တာတွေ မပေါ်ပေါက်အောင် အကျဉ်းထောင် တံခါးတွေ ခိုင်ခံ့မှုရှိ၊ မရှိ Security ဆာဗေးလုပ်ခိုင်းထားတယ်'' ဟု ၎င်းကပြောသည်။ ထောင်ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သင်တန်းတက်ရောက် နေသည့် လူ ၄ဝဝ ရှိပြီး ၎င်းတို့ သင်တန်းဆင်းလာပါက ဝန်ထမ်းလိုအပ်ချက်ရှိနေသည့် ထောင်နှင့် စခန်းများသို့ ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။


အကျဉ်းဦးစီးဌာနတွင် ထောင်မှူးကြီးအဆင့်အထိ တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးခင်မောင်မြင့်က ''အဓိကက တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ အကျဉ်းသားက သတ်မှတ်ထားတဲ့ လက်ခံနိုင်တဲ့ပမာဏထက် အဆမတန်များ နေတာပေါ့။ ဘားအံထောင်လို (က) အဆင့် အကျဉ်းထောင်ဆိုရင် လက်ခံနိုင်တဲ့ အကျဉ်းသားက အကျ/အချုပ် နှစ်မျိုးပေါင်းမှ ဦး ရေ တစ်ထောင်လောက်ပဲ လက်ခံ နိုင်တယ်။ တကယ့်လက်တွေ့မှာ က နှစ်ထောင် နီးပါးလက်ခံထားရတယ်။ အကျဉ်းသားတွေ များနေ ပေမယ့် ဝန်ထမ်းကျတော့ ရှိရမယ့် ဖွဲ့စည်းပုံ အင်အားထက် တစ်ဝက် တောင်မရှိဘူး'' ဟု ပြောသည်။


အရေးကြီးသည့် အကျဉ်းသားများကို လုံခြုံရေးကြပ်မတ်စွာဖြင့်သာ အကျဉ်းထောင်များတွင်ထား ရှိသင့်ကြောင်း ၎င်းကဆက်လက် ပြောသည်။  ''အကျဉ်းဦးစီးဌာနသည် လက်နက်ကိုင်အဖွဲ့အစည်းလို့ အစိုးရက တရားဝင်သတ်မှတ်ထားပေမယ့် အကျဉ်းဦးစီးက ကိုင်ရတဲ့ လက်နက်တွေက ပထမနဲ့ဒုတိယကမ္ဘာ့ စစ်လက်ကျန်ခေတ်နောက်ကျတဲ့ လက်နက်တွေကိုင်ဆောင်ရတာ ပေါ့။ ရိုင်ဖယ်တို့လို အင်္ဂလိပ်စတင်း တို့လိုကမ္ဘာမှာ မသုံးတော့တဲ့ ခေတ် နောက်ကျတဲ့ လက်နက်တွေ ကိုင် ဆောင်ရတော့ တကယ်ခုလိုမျိုး လူ အုပ်စုနဲ့ စီးနင်းတိုက်ခိုက်တာတွေ ဖြစ်လာတဲ့အခါ တန်ပြန်ပြီးတော့ ထိန်းကွပ်နိုင်ဖို့ အင်အားနည်းပါတယ်'' ဟု ၎င်းကပြောသည်။


ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက အကျဉ်းသား ၄၂ ဦးတို့ ထွက်ပြေးလွတ်မြောက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီ အထိအ ရ ၂၄ ဦးကို ပြန်လည်ဖမ်းမိထားသည်။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုးက ''လက်ရှိချိန်ထိ ၂၄ ဦးပဲ။ ဆက်ဖမ်းတုန်း ပဲ။ နယ်စပ်ဘက်လည်း ကျွံသွားမှာစိုးလို့ လိုက်ပိတ်ထားတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ မြန်မာတစ်နိုင်လုံးတွင် အကျဉ်းထောင်ပေါင်း ၄ဝ ကျော် ရှိ ကြောင်း သိရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top