HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

သူရိယနေဝန်းဂျာနယ်၏ ဖော်ပြချက်မှာ မမှန်ကန်ဟု ဒေါက်တာသက်သက်ခိုင်ငြင်းဆို

သူရိယနေဝန်းဂျာနယ်၏ ဖော်ပြချက်မှာ မမှန်ကန်ဟု ဒေါက်တာသက်သက်ခိုင်ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၂ -၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရပါက တိုင်း ပြည်အတွက်အန္တရာယ်ရှိကြောင်း NLD အမတ် ဒေါက်တာသက်သက်ခိုင်ပြောဆို သည်ဟူ၍ သူရိယနေဝန်းဂျာနယ်၌ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ဒေါက်တာ သက်သက်ခိုင်က ငြင်းဆိုလိုက်သည်။

စက်တင်ဘာ ၈ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် သူရိယနေဝန်းဂျာနယ်၌ ဒဂုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်၏ ဓာတ်ပုံကိုပူးတွဲဖော်ပြလျက် ''၂ဝ၂ဝ ရွေးကောက်ပွဲကာလတွင် NLD ပြန်လည် အနိုင်ရရှိပါက တိုင်းပြည်အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း ဒေါက်တာသက်သက်ခိုင်ပြောဆို''ဟု ထင်ရှားစွာရေးသားထုတ်ဝေခဲ့ကြောင်း ဒေါက်တာသက်သက်ခိုင်က သူရိယနေဝန်းဂျာနယ်တိုက်ကိုသော်လည်းကောင်း၊ အခြားဂျာနယ်တိုက်နှင့် မီဒီယာသမားများကိုသော်လည်းကောင်း ရေးသားခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှပြောဆိုခဲ့ခြင်းမရှိကြောင်း စက် တင်ဘာ ၂၂ ရက် ကြေးမုံသတင်းစာ၌ အသိပေးကြေညာထားသည်။

ဒေါက်တာသက်သက်ခိုင် ပြောဆိုခြင်းမရှိသည့် မမှန်ကန်သောသတင်းများ ကို ဓာတ်ပုံ၊ အမည်နှင့်တိတိပပပူးတွဲရေးသားဖော်ပြခဲ့ခြင်းသည် ပုဂ္ဂိုလ်ရေးဂုဏ် သိက္ခာများနှင့် နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးဂုဏ်သိက္ခာများစွာကျဆင်းခဲ့ရ ကြောင်း ကြေညာချက်အရ သိရသည်။

ထို့ကြောင့် သတင်းစာတွင် ကြော်ငြာစာထည့်သွင်းဖော်ပြတောင်းပန်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်အရ သိရသည်။

ဒဂုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ''မတောင်းပန်ရင်တော့ ဥပဒေအရလုပ်သွားမယ်။ ရှေ့နေကို အပ်ထားပါတယ်။ ရေးသားထားတယ်ဆိုတဲ့အကြောင်း သက်သေရှိပါတယ်။ အဲဒီလိုပြောဆိုခဲ့ခြင်းမရှိ ပါဘူး''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ပြန်လည်တောင်းပန်ဖြေရှင်းခြင်းမရှိပါက သတင်းမီဒီယာနည်းဥပဒေအတိုင်း သတင်းမီဒီယာကောင်စီသို့ တိုင်တန်းသွားမည်ဖြစ်ပြီး အဆင်မပြေပါက တရားစွဲ သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်၏ လွှဲအပ်ညွှန်ကြားချက်အရ ကြေ ညာပေးသည့် အထက်တန်းရှေ့နေ ဦးစွမ်းထက်ပိုင်က ပြောသည်။

သူရိယနေဝန်းဂျာနယ် တာဝန်ခံအယ်ဒီတာဦးညွန့်ကြိုင် (ဆောင်းပါးရှင် အရေး တော်ပုံ တပ်သားမင်းဒင်) က ''ဂျာနယ်မှာ ပါတယ်ဆိုတော့ ဖြေရှင်းပေးရမှာပေါ့။ သူက မပြောခဲ့ဘူးဆိုတာ မှန်နိုင်တယ်လေ။ ကျွန်တော်တို့ဆီကလည်း ဘယ်လို အချက်အလက်နဲ့ထည့်တယ်ဆိုတာကို မေးရမယ်။ ကျွန်တော်မရှိတဲ့အချိန် လစ်လပ် သွားတဲ့အချိန်မှာ ဖောင်က လွတ်ချင်လွတ်သွားမယ်။ ပါတာက နောက်ကျောဖုံးမှာ ၄ ဃ သုံးချပ်မှာ။ ဓာတ်ပုံနဲ့ စာအတိုကောက်နုတ်ချက်လေးနဲ့ပါ။ ရုံးကိုပြန်မေး ပြီးတော့ ဒါက ဘယ်သူထည့်လိုက်တာလဲ။ ဘယ်အကြောင်းအရာနဲ့ ထည့်တာလဲ။ သူများရဲ့နိုင်ငံရေးခံယူချက်ကို ပုတ်ခတ်စရာအကြောင်းမရှိဘူးလေ။ ပါလာပြီဆို တော့ ပြန်လည်ဖြေရှင်းသွားမှာပေါ့။ သူတို့ဖော်ပြထားတဲ့ပုံစံအတိုင်း ပြန်လုပ်ပေး တာတွေရှိချင်ရှိမယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။

WYHW/DemocracyToday

Rate this item
(0 votes)
YMG

back to top