HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အောင်မြင်ရန် နိုင်ငံ့ဝန်ထမ်း အားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် အလေ့အထများကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်ဟု နိုင်ငံတော် သမ္မတပြော

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အောင်မြင်ရန် နိုင်ငံ့ဝန်ထမ်း အားလုံး၏ ပုံစံကျနေသည့်  အတွေးအခေါ်နှင့် အလေ့အထများကို ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်ဟု နိုင်ငံတော် သမ္မတပြော

မကွေး၊ အောက်တိုဘာ ၆

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်ရန် နိုင်ငံ့ဝန်ထမ်းအားလုံး ၏ ပုံစံကျနေသည့် အတွေးအခေါ်၊ အလေ့အထများကို ပြုပြင်ပြောင်း လဲရန် အထူးလိုအပ်ကြောင်း နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကပြောကြား ခဲ့သည်။ အောက်တိုဘာ ၆ ရက်က မကွေးမြို့တော်ခန်းမ၌ ကျင်းပသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပ ဒေပြုရေးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲတွင် လမ်းညွှန်အမှာစကားပြော ကြားရာ၌ ပြောခဲ့ခြင်းဖြစ်သည်။

''အဂတိကင်းစင်ရေး အလေး ပေးဆောင်ရွက်နေပါတယ်။ အဂတိ ကင်းစင်ရေး ဆောင်ရွက်တဲ့နေရာ မှာလည်း ကျောသားရင်သား မခွဲ ခြားပါဘူး။ ဆူကြုံအနိမ့်အမြင့်လည်း မရွေးချယ်ပါဘူး။ ဥပဒေ အင်္ဂါထဲ ဝင်ရင် ငြိရင်ငြိတဲ့အတိုင်း မငြိရင် မငြိတဲ့အတိုင်း အရေးယူဆောင်ရွက် လျက်ရှိပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။ အဂတိတိုက်ဖျက်ရေး ကော် မတီကို ဗဟိုအဖွဲ့တွင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း ဆက်လက်၍ပြည်နယ် နှင့်တိုင်းများတွင်လည်း ဖွဲ့စည်း ရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။ ''အဂတိတိုက်ဖျက်ရေးကော် မတီကို ပြည်နယ်နဲ့တိုင်းတွေကို ဖွင့်မှ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းကို အနီးစပ်ဆုံးသိနိုင်မှာပါ။ ဗဟိုက အလှမ်းဝေးတယ်။ မမြင်ရတာတွေ မတွေ့ရတာတွေ၊ မကြားမသိရတာ တွေရှိပါတယ်။ တိုင်းအတွင်းမှာ ဆိုရင် ခရေစေ့တွင်းကျပိုက်စိပ်တိုက် ပြီးသိနိုင်မှာပါ'' ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။


ထိုသို့ဆောင်ရွက်ရခြင်းမှာ အဂတိကင်းစင်သည့်လူ့အဖွဲ့အ စည်း ဖြစ်ချင်ကြောင်း အဂတိကင်း စင်မှနိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်း ချမ်းပြီး တရားဥပဒေစိုးမိုးမှာဖြစ် ကြောင်း၊ အဂတိကင်းစင်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိတ်ဆက်မှုများရှိနေကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအ သွင်ကူးပြောင်းရေးအစ ရှိသေး ကြောင်း၊ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဖြစ်စဉ်ကြီး အောင်မြင် ရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူပြည်သားများ၊ ပြည်သူ့ဝန် ထမ်း၊ နိုင်ငံ့ဝန်ထမ်းအားလုံး၏ပုံစံ ကျနေသည့် အတွေးအခေါ်နှင့်ပုံသေ ကားချပ်ကျနေသည့် အလေ့အထ များကို ပြုပြင်ပြောင်းလဲပေးရန် အထူးလိုအပ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


''ပြုပြင်ပြောင်းလဲမှုနှောင့် နှေးနေတဲ့ ဌာနဆိုင်ရာများကိုကြပ် မတ်ရပါမယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါ လိမ့်မယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့် အရေးချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူး ယစ်ဆေးဝါးကိုနှိမ်နင်းရပါလိမ့် မယ်။ ပြည်သူ့ဘဏ္ဍာငွေများအ လေအလွင့်ဆုံးရှုံးမှု မရှိစေရန်စီမံ ခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့သိမ်း ဆည်းခံခဲ့ရတဲ့လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေးရရှိရေး တို့ကိုဥပဒေနဲ့အညီ ဆောင်ရွက်ရ ပါလိမ့်မယ်''ဟု ၎င်းကပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးမှ လမ်းညွှန်အမှာစ ကားပြောကြားခြင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မှ တိုင်းအတွင်းဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေ များကို တင်ပြခြင်း၊ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ လွှတ် တော်ရေးရာလုပ်ငန်းများကို ရှင်း လင်းတင်ပြခြင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်မှ တရားလွှတ် တော်ဆိုင်ရာများကို ရှင်းလင်းပြော ကြားခြင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတမှ နိဂုံး ချုပ် အမှာစကားပြောကြားခဲ့ သည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top