HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးဆိုင်ရာ တစ်ဆို့နေမှုများကို ဖြေလျှော့နိုင်ရန် လိုအပ်ဟု KNU ထုတ်ပြန်

ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးဆိုင်ရာ တစ်ဆို့နေမှုများကို ဖြေလျှော့နိုင်ရန် လိုအပ်ဟု KNU ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ 

ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် တစ်ဆို့နေသည့်ကိစ္စရပ်များ ဖြေလျှော့နိုင်ရေးမူကို လာမည့်ထိပ်သီး အစည်းအဝေးတွင် ချမှတ်နိုင်ရန်လိုအပ်ကြောင်း KNU က သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။ ကရင်အမျိုးသားအစည်း အရုံး KNU အနေဖြင့် (၅)ကြိမ် မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ကျင်းပခဲ့ပြီး မကြာခင်ကျင်းပမည့် အစိုးရ၊ တပ်မတော်၊ EAO များ၏ ထိပ်သီးအစည်းအဝေးကို ကြိုဆို ကြောင်းနှင့် တစ်ဆို့မှုများကို ဖြေရှင်းမည့် ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ အချက်ငါးချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်ဆို့မှုများသည် တစ်ခုတည်း သော တပ်မတော်ကိုလက်ခံရန် တောင်းဆိုသည့်ကိစ္စ၊ ပြည်ထောင်စုမှခွဲမထွက်ရေးနှင့် စပ်လျဉ်းသည့် Package Deal  ဆိုင်ရာ အချက်နှစ်ခုအပြင် NCA အ ကောင်အထည်ဖော်ရာတွင်လည်း ကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင်သော်လည်းကောင်း၊ NCA အပေါ် မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုနေမှုများနှင့် လက်ရှိသဘောတူညီထားသည့် ယန္တရားများ၏ အားနည်းချက်များကို ဖော်ထုတ်ကာ ပြင်ဆင်နိုင်ရေး ''မူ''များ ချမှတ်ရန်အတွက် တင် ပြ၊ ညှိနှိုင်းရန် ဆုံးဖြတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


ကရင်အမျိုးသားအစည်းအရုံး၏ပြောခွင့်ရပုဂ္ဂိုလ် အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ''ဒီနေ့ တစ်ဆို့နေတယ်လို့ မြင်တဲ့အချက်တွေက ကျွန်တော်တို့ Package Deal လို့ခေါ်တဲ့ ကျွန်တော်တို့ မခွဲထွက်ရတင်မကဘဲနဲ့ တစ်ခုတည်းသောတပ်မ တော်တောင်းဆိုတဲ့ကိစ္စတွေအပါအဝင် အခြား NCA အကောင်အထည်ဖော်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ NCA အပေါ်မှာ မတူညီတဲ့ကွဲလွဲတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေနဲ့ပတ်သက်တဲ့အပိုင်း တွေ၊ နောက် NCA ဆိုင်ရာယန္တရား တွေမှာလည်း အများကြီးအခက်အခဲတွေ တွေ့နေတဲ့ဟာတွေ အကုန်လုံးက တစ်ဆို့မှုတွေပဲဖြစ်နေတဲ့ အတွက်ကြောင့် ဒီတစ်ဆို့မှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် ထိပ်သီး ခေါင်းဆောင်တွေပါဝင်တဲ့ အစည်းအဝေးတွေကနေပြီးတော့ ဒီဖြေ လျှော့နိုင်ရေးဆိုင်ရာမူဝါဒကိုချမှတ်ဖို့လိုအပ်တယ်''ဟု ပြောသည်။


ယင်းအပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ငြိမ်းချမ်း ရေးညီလာခံများပြုလုပ်၍ကြိုးစား နေခြင်းသည် အထက်ပါ တစ်ဆို့မှုများကို ဖြေရှင်းနိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုထူထောင်ရေးအတွက် ဘုံရည်မှန်းချက်၊ ဘုံစံတန်ဖိုးများကို နှစ်ဖက်သဘောတူချ မှတ်နိုင်ရေးအတွက် ညှိနှိုင်းမည့် ''မူ'' ချမှတ်နိုင်ရန်လိုအပ်ကြောင်း၊ ယင်းအပြင် NCA လက်မှတ်မ ရေးထိုးထားသည့် အဖွဲ့များပါ ဝင်လာနိုင်ရေးအတွက် အခင်းအကျင်းများ ဖန်တီးပေးရန်လိုအပ် ကြောင်းတို့လည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။


သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၅ရက်နေ့တွင် ပုပ္ပါး၌ကျင်းပမည်ဟု ကနဦးသတင်းများအရသိရသည်။ သို့သော်လည်း ရလဒ်ကောင်းများရရှိရန် ပြင်ဆင်မှုများ ပိုမိုပြု လုပ်ရန်လိုအပ်နေသေးသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်မည့်ရက်ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်က KNU  ထုတ်ပြန်သည့် အဆိုပါထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top