HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တက္ကသိုလ်ကျောင်းများစုစည်းပြီး အသွင်တူ ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည် ဟုဆို

တက္ကသိုလ်ကျောင်းများစုစည်းပြီး အသွင်တူ ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၈ 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့် အသွင်တူ ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကို တက္ကသိုလ်ကျောင်းများ စုစည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား လူငယ်လူရွယ်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နားလည်သိရှိမှုကို မြှင့် တင်ပေးရန်နှင့် လူငယ်များအနေ ဖြင့် ညှိနှိုင်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ မတူကွဲပြားသော ရပ်တည်ချက်များ၊ အကျိုးစီးပွား မျှော်မှန်းချက်များ၊ လိုအပ်ချက်များကို သိမြင်နားလည်မှုရရှိလာ စေရန်ရည်ရွယ်ကာ နိုဝင်ဘာ ၁၉ ရက်မှ ၂၄ ရက်ထိ ယင်းညီလာခံကိုကျင်းပရန် စီစဉ်ထားကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မတီဝင် ကိုရောင်ခြည်စိုးနိုင်က အောက်တိုဘာ ၈ ရက်၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

အသွင်တူ ငြိမ်းချမ်းရေး ညီလာခံသို့ ငြိမ်းချမ်းရေးကို လက်တွေ့ ဖော်ဆောင်လျက်ရှိသည့် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ကြားသွားရန် စီစဉ်ထား ကြောင်း၊ ကျင်းပမည့်နေရာကိုမူ အတိအကျမသတ်မှတ်ရသေးသော်လည်း  NRPC တွင် ကျင်းပနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းကဆက်လက်ပြောသည်။ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် လက်မှတ်ရေးထိုးမထားသည့် အဖွဲ့များအနက် မည်သည့်အဖွဲ့အစည်းများကို ဖိတ်ကြားသွားမည်နှင့်ပတ်သက်၍ တိတိကျကျ မဆုံးဖြတ်ရသေးကြောင်း ကိုရောင်ခြည်စိုးနိုင်က ပြောသည်။ ''ကျွန်တော်တို့ခေါ်မယ့်အဖွဲ့ အစည်းတွေကိုတော့ သတ်သတ်မှတ်မှတ်၊ ယတိပြတ်မသတ်မှတ်ရ သေးပါဘူး'' ဟု ၎င်းကဒီမိုကရေ စီတူဒေးသို့ ပြောသည်။


ယင်းညီလာခံတွင် လက်တွေ့ ငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးလျက်ရှိသည့် ကဏ္ဍကြီးများအနက် နိုင်ငံရေးကဏ္ဍကို ဦးစားပေးဆွေး နွေးသွားမည်ဖြစ်သော်လည်း ထိလွယ်ရှလွယ်ကိစ္စများကိုမူ ရှောင်ရှားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယင်းညီလာခံသို့ တက်ရောက်ရန် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများအနေဖြင့် ကျင်းပရေးဗ ဟိုကော်မတီထံလျှောက်ထားနိုင်ပြီး စုစုပေါင်းဦးရေ ၈ဝ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်များတွင် ပညာသင်ယူ နေသည့် ငြိမ်းချမ်းရေးလိုလားသူ ကျောင်းသား၊ ကျောင်းသူများက စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) နှင့် Plan International တို့က ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top