HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရန်ကုန်စည်ပင် ဥပဒေကို ပြင်ဆင်မှုသည် စည်ပင်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ် ဟုဆို

ရန်ကုန်စည်ပင် ဥပဒေကို ပြင်ဆင်မှုသည် စည်ပင်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်မြို့တော် စည်ပင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် စည်ပင်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ် ကြောင်း တွေ့ရှိရသည်ဟု ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုသည်။ အောက်တိုဘာ ၈ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးနေနိုင်ဦးက ဖတ်ကြားတင် ပြခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီရဲ့ လေ့လာစိစစ်တွေ့ရှိချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကို ရည်ရွယ်ပြီး တင်သွင်းခဲ့ခြင်း ဖြစ်တယ်ဆိုတာကို တွေ့ ရှိရပါတယ်''ဟု ဦးနေနိုင်ဦးက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပ ဒေကြမ်းကို အောက်တိုဘာ ၅ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မြို့နယ်မဲ ဆန္ဒနယ်အမှတ်(၁)မှ ဦးနေဘုန်းလတ်က တင်သွင်းခဲ့ရာ မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြင်ဆင်ရန် သဘောတူထားခဲ့ခြင်းဖြစ် သည်။


ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးဥပဒေပုဒ်မ ၁၃ တွင်ပါရှိ သော ''မဲပေးပိုင်ခွင့်ရှိသူ ဦးရေ''ဆိုသည့် စကားရပ်ကို ''လူဦးရေဆိုသည့် စကားရပ်ဖြင့် အစားထိုးရန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၂၄ ၏ အောက်တွင် ၃၂၄(က)အဖြစ် မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အဆင့်ဆင့် ရွေး ကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများပါ ပြစ်မှုတစ်ရပ်ရပ် ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေချမှတ်ရမည်ကို ဖြည့်စွက်ရန်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထား မှတ်ချက်ပြုတင် ပြခဲ့သည်။


ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေမှာ ပြဋ္ဌာန်းပြီး ဖြစ်သော်လည်း နည်းဥပဒေထွက်ရှိလာမှသာ စည်ပင်သာယာ ရွေးကောက်ပွဲကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂ဝ၁၈ ခုနှစ်)ကို ၂ဝ၁၈ ခုနှစ် ဇွန် ၂၈ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး စင်ကာပူနှင့် ဂျပန်နိုင်ငံတို့၏ စည်ပင်သာယာဥပ ဒေများကို လေ့လာရေးဆွဲခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းနှင့် လွှတ်တော် အဆုံးအဖြတ်ရယူ ခြင်းတို့ကို အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top