HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

လွှတ်တော်အတွင်း မြို့တော်ဝန်ပြောခဲ့သည့် ပေါက်လွှတ်ပဲစား အသုံးအနှုန်းကို လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

လွှတ်တော်အတွင်း မြို့တော်ဝန်ပြောခဲ့သည့် ပေါက်လွှတ်ပဲစား အသုံးအနှုန်းကို လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း မြို့တော်ဝန်က ပေါက်လွှတ် ပဲစားဆိုသည့် အသုံးအနှုန်းပြော ကြားခြင်းသည် ပြည်သူအပေါ် မ လေးစားရာကျသည်ဟု ထင်မြင် ခြင်းကြောင့် ကန့်ကွက်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

အောက်တိုဘာ ၉ ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအ ဝေးတွင် ကျောက်တံတားမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ အမည်တပ်လမ်းမကြီးများပေါ်တွင် ကားပါကင်ကြေးကောက်ခံမည့် ကိစ္စနှင့်ပတ်သက်သည့်မေးခွန်းကို ရန်ကုန်မြို့တော်ဝန်က ဖြေကြားစဉ် ပေါက်လွှတ်ပဲစားဆိုသည့် အသုံးအနှုန်းပါဝင်သည့်အတွက် ကန့်ကွက်ကာ မှတ်တမ်းတင်ပေးရန် လွှတ်တော်၌ တောင်းဆိုခဲ့သည်။

 

''ရန်ကုန်မှာ လူဦးရေ ခုနစ်သန်းရှိရင် ခုနစ်သန်းသောလူဦး ရေကိုကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက် နေတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကိုယ်စားပြုထားတဲ့ လွှတ်တော်ဆိုတဲ့နေရာမှာ တကယ့်လမ်းဘေးကစကား ပေါက်လွှတ်ပဲ စားဆိုတဲ့စကားသုံးတာဟာ ပြည်သူတွေကို မလေးစားရာကျတယ်ထင်တဲ့အတွက် ကန့်ကွက်တာပါ'' ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လွှတ်တော်အပြီးတွင် မီဒီယာများကိုပြောသည်။


ရန်ကုန်မြို့တွင်း မြို့နယ်မျာ ရှိ လမ်းမကြီးများနှင့် အမည်တပ်လမ်းမကြီးများတွင် ဇုန်များသတ်မှတ်ကာ တစ်နာရီလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ယာဉ်နားခ ကောက်ခံခြင်းလုပ်ငန်းကို အငှားချထားရန် သြဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများ၌ ဈေးပြိုင်တင်ဒါခေါ်ယူခဲ့ခြင်းနှင့်ပတ်သက်ပြီးရှင်းပြရာတွင် အဆိုပါအသုံးအနှုန်းကို မြို့ တော်ဝန်ကထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။


''၂၂ ရက် ၈ လ ၂ဝ၁၈ နဲ့ ၂၃ ရက် ၈ လ ၂ဝ၁၈ တို့မှာ နိုင် ငံပိုင်သတင်းစာတွေမှာ ဈေးပြိုင်တင်ဒါခေါ်ယူခဲ့ပါတယ်။ ကျွန် တော်တို့ ဒါကို ပေါက်လွှတ်ပဲစား ပြောလို့မရပါဘူးခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒါကို တလေးတစားနဲ့ တင်ပြရခြင်းပါ''ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။


လွှတ်တော်ထဲတွင် ပေါက်လွှတ်ပဲစားဆိုသည့်စကား သုံးနှုန်း ခြင်းကို ကန့်ကွက်ခြင်းဖြစ်သကဲ့သို့ မိမိမေးခွန်းကို ဆက်စပ်ဖြေကြားချိန်တွင် ယင်းအသုံးအနှုန်းကိုပြောသည့်အတွက် လွှတ်တော်အနေဖြင့်လည်း မကောင်းသောကြောင့် မှတ်တမ်းတင်ပေးရန် ဒေါ်ကြည်ပြာက လွှတ်တော်အစည်းအဝေးတွင် ပြောသည်။


ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ''ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ပြောတာပါ။ ကျွန် တော် ပေါက်လွှတ်ပဲစားဖြေလို့ မ ရပါဘူးလို့ပြောတာပါ''ဟု လွှတ် တော်တွင် ချက်ချင်းပြန်လည်ဖြေ ရှင်းခဲ့သည်။ သို့သော်လည်း ဒေါ်ကြည်ပြာ က ယင်းအသုံးအနှုန်းကိုကန့်ကွက်ပြီး မှတ်တမ်းတင်ထားပေးရန် လွှတ်တော်သို့တင်ပြခဲ့သည်။ ယင်းတင်ပြချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌက တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ပေ။

TTMT

#democracytoday

Rate this item
(0 votes)
back to top