HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

TNLA မှ ဖမ်းဆီး၍ ထောင်သုံးနှစ် ချထားခံရသူ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် သဘောတူညီမှု ရခဲ့ဟု FPNCC ဆို

TNLA မှ ဖမ်းဆီး၍ ထောင်သုံးနှစ် ချထားခံရသူ  နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် သဘောတူညီမှု ရခဲ့ဟု FPNCC ဆို

ရန်ကုန်

TNLA  မှ ဖမ်းဆီး၍ ထောင်ဒဏ်သုံးနှစ်ချခံထားသည့် ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ် အား အမြန်ဆုံးလွှတ်ပေးရန် သဘောတူညီမှုရခဲ့ကြောင်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC  က အောက်တိုဘာ ၁ဝ ရက်က ထုတ်ပြန်သည်။ အောက်တိုဘာ ၉ ရက်တွင် FPNCC  ၏ စီစဉ်ပေးမှုအရ 'ဝ' ပြည်နယ်၊ ပန်ခမ်းမြို့တွင် နန်းမိုဟွမ်၏ အစ်မအရင်းဖြစ်သူနှင့်အတူ ရှမ်းလူမှုအဖွဲ့အစည်း ၁ဝ ဖွဲ့မှ ကိုယ်စားလှယ် လေးဦးနှင့် TNLA မှ တာဝန်ရှိသူတို့ တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

FPNCC ၏ ကြားဝင်စေ့စပ်မှုနှင့်အတူ နန်းမိုဟွမ် ချမှတ်ခံထားရသည့် ထောင်ဒဏ် သုံးနှစ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးပါရန် မိသားစုဝင်နှင့် ကိုယ်စားလှယ်အဖွဲ့က မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။ TNLA ဘက်ကလည်း တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးဆက်ဆံမှုကို ရှေးရှု၍ နန်းမိုဟွမ်အား ခွင့်လွှတ်ပေးခဲ့ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် သဘောတူခဲ့သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ FPNCC အနေဖြင့် စက်တင်ဘာ ၃ ရက်တွင် နန်းမိုဟွမ် လွတ်မြောက်ရေးကိစ္စ နှင့်ပတ်သက်၍ ၎င်း၏အစ်မဖြစ်သူ ရေးသားပေးပို့လာသည့်စာနှင့် နန်းခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းများ ပူးပေါင်းလက်မှတ်ထိုး၍ ရေးသားပေးပို့လာသည့်စာတို့ကို လက်ခံရရှိခဲ့ပြီး FPNCC အား ကြားဝင်စေ့စပ်ဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ထို့ကြောင့် FPNCC အနေဖြင့် တစ်လခန့်အကြာ မေးမြန်းစုံစမ်းမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။ ယခုလ ၃ ရက်က FPNCC မှ ရှမ်းလူမှုအဖွဲ့အစည်း ၁ဝ ဖွဲ့နှင့် နန်းမိုဟွမ်၏အစ်မအရင်း နန်းမိုခမ်းတို့ကို တရားဝင်အကြောင်းပြန်ခဲ့ပြီး FPNCC ဌာနချုပ်ရှိရာ ပန်းခမ်းမြို့သို့ လာရောက်ဆွေးဆွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရားနှောင့် ယှက်သည်ဟုဆိုကာ TNLA  ဘက်မှ နန်းမိုဟွမ်ကို ၂ဝ၁၈ သြဂုတ် ၁၇ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရုံးတင်စစ်ဆေး၍ ထောင်သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

BN

#theyangontimes

Rate this item
(0 votes)
back to top