HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နည်းပညာနှင့် လူသားအရင်းအမြစ် တိုးတက်ရေးနှင့် ပတ်သက်၍ မဲခေါင်-ဂျပန် အစည်းအဝေးတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့

နည်းပညာနှင့် လူသားအရင်းအမြစ် တိုးတက်ရေးနှင့် ပတ်သက်၍ မဲခေါင်-ဂျပန် အစည်းအဝေးတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့

ရန်ကုန်

မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရေးအပြင် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ် ဒက်ဟွန်ဆန်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယွတ်ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့လည်း တက် ရောက်ခဲ့ကြောင်း သိရသည်။ 

 

အောက်တိုဘာ ၉ ရက်က (၁ဝ)ကြိမ် မြောက်ပြုလုပ်သည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးမှုများတွင် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေး၏ တိုကျိုမဟာဗျူဟာ ၂ဝ၁၅ (၂ဝ၁၅-၂ဝ၁၈)အရ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို သုံးသပ်ဆွေးနွေးပြီး အနာဂတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များ၊ အထူးသဖြင့် မဲခေါင်နိုင်ငံများအကြား သယ်ယူပို့ ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများအပါအဝင် အခြားသောကဏ္ဍများ၏ အခြေခံအဆောက်အအုံများ ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေး၊ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားရေး၊ 'ပြည်သူအခြေ ပြုအသိုက်အဝန်း'တစ်ခု ထူထောင်သွားရေး၊ နည်းပညာနှင့် လူ့စွမ်းအင်အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များနှင့် နိုင်ငံတကာအရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိပ်သီးအစည်းအဝေးအတွင်း မဲခေါင် မြစ်ဝှမ်းနိုင်ငံများအကြား အခြေခံအဆောက် အအုံ မျှတစွာတိုးတက်မှုရှိရန် အဓိကထားသည့် သုံးနှစ်မဟာဗျူဟာသစ်ကို သဘောတူ ချမှတ်နိုင်ခဲ့ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်ကာကွယ်ရေးတို့ကို ပူးပေါင်းဆောင်ရွက် ရေးအတွက် အတည်ပြုခဲ့ကြောင်းသိရသည်။  အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းများတွင် ဂျပန်အစိုးရ၏အကူအညီများ ရရှိခဲ့ မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ငါးရက်ကြာခရီး စဉ်အဖြစ် သွားရောက်ခဲ့ပြီး ဂျပန်အစိုးရက မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးမြှင့်ဆောင်ရွက်ရန် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ကူညီမည်ဟု ပြောဆိုခဲ့သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် (၁ဝ)ကြိမ်မြောက် ပြုလုပ်သည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်း အဝေးသို့ ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာ ဘေး၏ ဖိတ်ကြားချက်အရ ယခုလ ၅ ရက်မှ စတင်ကာ ခြောက်ရက်ကြာသွားရောက်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁ဝ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top