HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကြားဖြတ်ရွေးကောက်ပွဲအပေါ် ကော်မရှင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့ ဟုဆို

ကြားဖြတ်ရွေးကောက်ပွဲအပေါ် ကော်မရှင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၅

ရွေးကောက်ပွဲသုံးခုကို ခြုံကြည့်ပါက ကော်မရှင်၏ဆောင်ရွက်မှု ကောင်း မွန်ခဲ့ကြောင်း နိုင်ငံတကာရွေးကောက်ပွဲ စောင့် ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။ ၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် လိုအပ်ချက်အနည်းငယ်ရှိခဲ့သော်လည်း ဖြစ်စဉ်တစ်ခုလုံးကိုခြုံကြည့်မည်ဆိုပါက အပေါင်းလက္ခဏာဆောင် ကြောင်း ANF- REL အဖွဲ့မှ Dr.Damaso G. Magbual က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

၎င်းက ''သူတို့ရဲ့လုပ်ဆောင်ချက်တွေက အားနည်းချက်တွေရှိသော်လည်း ၂ဝ၁၅၊ ၂ဝ၁၇၊ ၂ဝ၁၈ ရွေးကောက်ပွဲတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းပါတယ်'' ဟု ပြောသည်။ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့တစ်ခုဖြစ်သည့် Asian Network for Free Election (ANFREL) အဖွဲ့က နိုဝင်ဘာ ၃ရက်နေ့တွင် ကျင်းပခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေး ကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့ပြီး တွေ့ရှိချက် များနှင့်ပတ်သက်၍ နိုဝင်ဘာ ၅ ရက်နေ့၌ သတင်း စာရှင်းလင်းခဲ့ရာ ယင်းအဖွဲ့မှ Dr.Damaso G. Magbual  က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ရွေး ကောက်ပွဲရက်ကြေညာပြီးသည့် ရက်ပိုင်းအတွင်းမှာပင် ရွေးကောက်ပွဲအချိန်ဇယားတစ်ခုလုံးကို ထုတ် ပြန်ခဲ့ပြီး၊ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေး ကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ အချိန်ဇယားကို တစ်ပြိုင်နက်တည်းထုတ်ပြန်ခြင်းမရှိခဲ့ဘဲ၊ တစ်ခုချင်းစီအလိုက်သာ ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူများနှင့် ပြည်သူလူထုအကြားတွင် အခက်အခဲဖြစ်ပေါ်စေခဲ့ ကြောင်း Dr. Damaso G.Magbual က ပြောသည်။


၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်သက်သေခံကတ်ပြားမလိုဘဲ မဲပေးခွင့်ပြုခဲ့သည်။ ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ နေရာအနည်းငယ်တွင်သာ ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ၌မသိသာသော်လည်း အထွေထွေရွေးကောက်ပွဲများတွင်မူ ကြန့်ကြာမှုများဖြစ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့်လာမည့် ၂ဝ၂ဝ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်သက်သေခံကတ်များကို ကြိုတင်ပေးအပ်ပြီးမှသာ မဲပေးခြင်းကို လုပ်ဆောင် စေချင်ကြောင်း ၎င်းကဆက်လက်ပြောသည်။


HWA

#democracytoday

 

 

Rate this item
(0 votes)
back to top