HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

  ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နှင့် တွေ့ဆုံခြင်း။

   ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နှင့် တွေ့ဆုံခြင်း။

''ကန်ပက်လက်ဆိုရင် ကျွန်တော်တို့ နိုင်သင့်တဲ့နေရာလို့လည်း
ကျွန်တော်တို့သုံးသပ်ထားပြီးသားပါ။ သို့သော်လည်းပဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားပြီးတော့မှ အဲဒီရွာတစ်ရွာလုံးက
မဲကိုပုံအောပြီးပေးကြတယ်။ အဲဒီအတွက်ကြောင့် အဲဒီရွာရဲ့မဲနဲ့ပဲ
ကျွန်တော်တို့ပါတီရှုံးသွားတယ် ''

 - ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ)

နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာ (၃)နေရာဖြင့် ဒီချုပ်ပါတီနောက် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။ ယင်းရလဒ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြ လိုက်ပါသည် . . ။

မေး - ကြားဖြတ်မတိုင်မီ ဝင်ပြိုင်မယ့် နေရာအားလုံးနိုင်ဖို့ မျှော်လင့်ထားတယ် လို့ ပြောခဲ့တယ်။ အခု ၃ နေရာပဲနိုင်တယ် နော်။

ဖြေ - ကျွန်တော်တို့ (၁ဝ)နေရာ လုံးနိုင် မယ်လို့တော့မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့ မျှော်မှန်းသလောက်တော့ အနိုင် မရရှိခဲ့ဘူး။ သို့သော်လည်းပဲ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေထက်စာရင် တော့ ကျွန်တော်တို့ ပိုကောင်းလာတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ ဒီထက်ပိုပြီး ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ လိုအပ် နေတယ်။ အဲဒီအတွက် ပိုပြီးတော့ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

မေး - ရှုံးခဲ့တဲ့နေရာတွေမှာ ပြည်ခိုင်ဖြိုးအ နေနဲ့ နိုင်သင့်ပြီး၊ မနိုင်ခဲ့တဲ့နေရာများရှိ လား။

ဖြေ - ဥပမာ ကန်ပက်လက်ဆိုပါတော့။ ကန်ပက်လက်ဆိုရင် ကျွန်တော်တို့ နိုင် သင့်တဲ့နေရာလို့လည်း ကျွန်တော်တို့သုံး သပ်ထားပြီးသားပါ။ သို့သော်လည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားပြီးတော့ မှ အဲဒီရွာတစ်ရွာလုံးက မဲကိုပုံအောပြီးပေး ကြတယ်။ အဲဒီအတွက်ကြောင့် အဲဒီရွာရဲ့ မဲနဲ့ပဲ ကျွန်တော်တို့ပါတီရှုံးသွားတယ်။ မဲ လည်း ရာဂဏန်းလောက်ပဲကွာတယ်။ အဲ ဒီတော့ အာဏာရှိတဲ့အချိန်မှာ အာဏာရှိ တဲ့သူတွေက မိမိပါတီအောင်နိုင်ရေးအ တွက် သွယ်ဝိုက်သောနည်းနဲ့၊ ဒါက ဒါပေ မဲ့ သူတို့ရဲ့ right ပဲ။ ဝေဖန်စရာပြောစ ရာတော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့နယ်မြေမှာ ဒီ လိုမျိုးဆောင်ရွက်မှုကြောင့် အဲဒီမဲနဲ့ရှုံး သွားတာကတော့ သုံးသပ်တွေ့ရှိရတယ်။

မေး - ၂ဝ၁၅၊ ၂ဝ၁၇၊ ၂ဝ၁၈ ရွေးကောက် ပွဲအသီးသီးကိုကြည့်ရင် အခြေအနေကောင်း ကိုတော့ မတွေ့ရသေးဘူး။ ဆရာတို့အနေ နဲ့ရော ကိုယ့်ပါတီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ - နိုင်ငံရေးပါတီတွေထဲမှာ ကျွန် တော်တို့ပါတီက အခြားဆန့်ကျင်ဘက်ပါ တီအချို့ရဲ့ ဝေဖန်မှု၊ တိုက်ခိုက်မှု၊ လုပ်ကြံ မှု အများဆုံးခံရတာပေါ့။ အားသာချက် တွေကိုတော့ ဘယ်သူမှမချီးကျူးဘူးပေါ့ ဗျာ။ အားနည်းချက်တွေကို အကြောင်း ပြုပြီးတော့ ကျွန်တော်တို့ပါတီကို ထိုးနှက် တာတွေအများကြီးရှိတယ်။ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး ၂ဝ၁၆ ခုနှစ် မှာ တာဝန်ယူပြီးနောက်ပိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေများစွာ လုပ်ပြီးနောက်ပိုင်း မှာ လူသစ်၊ မူသစ်၊ စိတ်သစ်နဲ့ ပြည်ခိုင်ဖြိုး ပါတီကို ဦးဆောင်ပြီးတော့ သွားတယ်။ ကျွန် တော်တို့ မူဝါဒကောင်းကောင်း မှန်မှန်နဲ့ ပြည်သူပေါ်မှာမေတ္တာတရား၊ စေတနာ မေတ္တာနဲ့ တစိုက်မတ်မတ် ကျွန်တော်တို့ ကြိုးစားအားထုတ် ဆောင်ရွက်လာတာ ဖြစ်တဲ့အတွက် ၂ဝ၁၅ ခုနှစ်ရလဒ်၊ ၂ဝ၁၇ ခုနှစ်ရလဒ်၊ ၂ဝ၁၈ ခုနှစ်ရလဒ်တွေကို ကြည့်မယ်ဆိုရင် ထောက်ခံမှုတွေတိုးတက် လာတာကို တွေ့ရတယ်။ မဲဆန္ဒနယ်တွေ မှာလည်း အနိုင်ရရှိမှုတိုးတက်လာတာ ကိုတွေ့ရတယ်။ တချို့နေရာတွေမှာ အနိုင် မရရှိသော်လည်းပဲ ပြိုင်ဘက်ပါတီထက် မဲရလဒ် ပိုမိုရရှိတာကိုတွေ့ရပါတယ်။ အဲ ဒီလိုမျိုးလေးတွေ တွေ့ရှိရတယ်။ ဒါပေမဲ့ ကျေနပ်မှု၊ အားရမှုတော့ ကျွန်တော်တို့ လိုအပ်နေသေးတယ်။ ဒီ့ထက်ပိုပြီး ပြည် သူကို အလုပ်အကျွေးပြုဖို့၊ ကြိုးစားဖို့လို သေးတယ်လို့ပြောချင်ပါတယ်။

မေး - လတ်တလော မဲရရှိမှုအရေအ တွက်တွေအရ၊ တိုင်းဒေသကြီးတွေမှာရှိ တဲ့ နေရာအများစုမှာ လက်ရှိအာဏာရ ပါတီရဲ့ရလဒ်နဲ့ မဲကွာဟမှုများနေတာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေ မှာဆိုလည်း တိုင်းရင်းသားပါတီတွေ ပူး ပေါင်းဆောင်ရွက်လာတဲ့အတွက် ပိုမိုအား ကောင်းလာကြတယ်။ ဆိုတော့ ပြည်ခိုင်ဖြိုး အနေနဲ့ ၂ဝ၂ဝ ခုနှစ်မှာရော လွယ်မယ်လို့ ထင်လားခင်ဗျ။

ဖြေ - လွယ်တာတော့ မလွယ် နိုင်ပါဘူး။ ပါတီအနေနဲ့အနိုင်ရရှိခြင်း၊ မရရှိခြင်းက ပြည်သူလူထုရဲ့ မဲပေး ဆုံးဖြတ်မှုအပေါ်မှာ မူတည်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က ပြည်သူကို အလုပ်အကျွေးပြုပြီးတော့မှ ကျွန်တော်တို့ရဲ့ သစ္စာတရားပေါ်အခြေခံ ပြီးတော့ ကျွန်တော်တို့ရဲ့ မေတ္တာတရား၊ မူဝါဒမှန်မှန်နဲ့ လုပ်ဆောင်မှုတွေကို ပြည် သူတွေလက်ခံလာအောင် ကျွန်တော်တို့ က အလုပ်နဲ့သက်သေပြမယ်။ ကျွန်တော် တို့ကို ယုံကြည်ပြီး မဲပေးလာအောင် ကျွန် တော်တို့ အစွမ်းကုန်ကြိုးစားမယ်။ 

မေး - ဒီချုပ်ပါတီပြောခွင့်ရပုဂ္ဂိုလ်တွေ က ပြောတာကတော့ ပြည်ခိုင်ဖြိုးတစ်နေ ရာနိုင်ရင် သူတို့ကသုံးနေရာ နိုင်အောင် ကြိုး စားရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာ တပ်မတော် ၂၅ ရာခိုင်နှုန်း ရှိပြီးသားမို့ဆိုပြီးတော့ပေါ့နော်။ ဆရာ တို့အနေနဲ့ရော အဲဒီ ၂၅ ရာခိုင်နှုန်းနဲ့ပဲ မျှော် လင့်ထားသလားခင်ဗျ။

ဖြေ - ကျွန်တော်တို့က နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ကျွန်တော်တို့ပါတီအစိုးရ ဖွဲ့နိုင်ရေးအတွက် နေရာအများဆုံးအနိုင် ရရေးကို ကျွန်တော်တို့အစွမ်းကုန်ကြိုးစား သွားမှာ။ ကျွန်တော်တို့က တပ်မတော် ၂၅ ရာခိုင်နှုန်းရှိတဲ့အတွက် ၂၆ ရာခိုင်နှုန်းရ ရင် အစိုးရဖွဲ့နိုင်ပါမယ်ဆိုတာမျိုးပြောဆို တာက ကျွန်တော်တို့ပါတီရဲ့ မူဝါဒမဟုတ် ဘူး။ ကျွန်တော်တို့က အဲဒီမျှော်မှန်းချက်နဲ့ သွားနေတာ မဟုတ်ဘူး။ ကျွန်တော်တို့အစိုး ရကို ထိုက်ထိုက်တန်တန်ဖွဲ့နိုင်ရေး ပြည် သူရဲ့မဲ ကျွန်တော်တို့အပေါ် ယုံယုံကြည် ကြည်ပေးလာရေးကို ကျွန်တော်တို့ကြိုး စား သွားမှာ။ အဲဒီ ၂၅ ရာခိုင်နှုန်းကို အ မှီပြုပြီး ကျွန်တော်တို့အစိုးရဖွဲ့နိုင်ရေးကို ကြိုးစားနေတာမဟုတ်ဘူး။ အဲဒါကို ကျွန် တော်တို့ လုံးဝငြင်းဆိုပါတယ်။

မေး - အခုလတ်တလောအတွင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံ ရေးပါတီအဖြစ်မှတ်ပုံတင်ရရှိရေး ကြိုးစား နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးပါတီက ဆရာတို့တွေ နဲ့ မဟာမိတ်ပါတီအနေနဲ့ ဖြစ်လာမယ်လို့ ပြောဆိုနေတာတွေရှိတယ်။ အဲဒီအပေါ် ဘာပြောချင်လဲ။

ဖြေ - ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ဘူး။ အဲဒီပါတီနဲ့။

မေး - ခုကြားဖြတ်မှာ တိုင်းရင်းသား လွှတ်တော်နေရာတွေအတွက် ဝင်မပြိုင်ခဲ့ ဘူး။ ၂ဝ၂ဝ ခုနှစ်မှာလည်း အဲဒီလိုမျိုး တိုင်းရင်းသား လွှတ်တော်နေရာတွေကို ရှောင် ဖို့ နီးစပ်မှုရှိတယ်လို့ ဦးသိန်းထွန်းဦးကပြော ထားတာရှိတယ်။ အဲဒီအပေါ်မှာ တကယ် ပဲ ဆုံးဖြတ်ပြီးပြီလား။

ဖြေ - မဆုံးဖြတ်ထားပါဘူး။ ကျွန် တော်တို့ အဲဒီလိုမျိုးဝင်ပြိုင်မယ်၊ မပြိုင် ဘူးမဆုံးဖြတ်ထားဘူး။ သို့သော် ကျွန် တော်တို့လူကြီးတွေ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်း သားပါတီတွေ အားကောင်းပြီးတော့ ကိုယ့် ပြည်နယ်ရဲ့အရေးအရာကို စီမံခန့်ခွဲနိုင်ဖို့ တိုင်းရင်းသားပါတီတွေ အားကောင်းလာ ဖို့လိုတယ်လို့ မြင်တယ်။ မြင်တဲ့အတွက် လည်း တိုင်းရင်းသားဒေသတွေမှာ ဝင်မ ပြိုင်ခဲ့တာဖြစ်တယ်။ အဲဒီမူဝါဒလေးတော့ ရှိတယ်။ သို့သော်လည်းပဲ ၂ဝ၂ဝ ခုနှစ်မှာ တော့ တိုင်းရင်းသားဒေသတွေမှာ ဝင်မ ပြိုင်ဘူးလို့တော့ အခုလတ်တလောမှာ တော့ ဆုံးဖြတ်ထားတာမရှိပါဘူး။

မေး - ပြည်ခိုင်ဖြိုးအနေနဲ့ တစညပါတီ လိုမျိုး တဖြည်းဖြည်းနဲ့ အားနည်းသွား နိုင်တယ်လို့ ပြောဆိုမှုတွေ အပေါ်ရော ဘယ်လိုတုံ့ပြန်ချင်လဲ ခင်ဗျ။

ဖြေ - လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါက တော့ နိုင်ငံရေးသိက္ခာချချင်လို့ အောက် တန်းကျကျပြောဆိုတဲ့ စကားလုံးတွေပါ။ ပြည်ခိုင်ဖြိုးမှာ နိုင်ငံရေးမျိုးဆက်ပါတီဝင် တွေအများကြီးရှိတယ်။ လုံးဝမဖြစ်နိုင် ဘူး။

 

မေး - ကြားဖြတ်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေက တရား မျှတမှုရှိခဲ့လား။ 

ဖြေ - အဲဒါကတော့ ကျွန်တော်တို့တစ် မြို့နယ်ချင်းစီရဲ့ ဖြစ်စဉ်တွေ သုံးသပ်တာ မပြီးသေးဘူး။ ပြီးမှပဲ ပြောလို့ရမယ်။

မေး - ကြားဖြတ်ရလဒ်နဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတင်ဖို့တွေရော ရှိလား။

ဖြေ - ဥပဒေနဲ့ မညီရင်တော့ ကန့်ကွက် မှာပေါ့။ ဥပဒေနဲ့ညီ၊ မညီ အခုမှသုံးသပ်တုန်းရှိပါ သေးတယ်။

မေး - ဖြည့်စွက်ပြောချင်တာရှိရင် ပြော ပေးပါဦး။

ဖြေ - မရှိပါဘူး။ စိတ်ရှည်လက်ရှည် မေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

 

ထက်ဝေအောင်

#democracytoday

Rate this item
(0 votes)
back to top